Sunday, January 22, 2012

နုရင်ဘတ်သို့ သွားရောက် အစမ်းသပ်ခံရန် အသင့် ရှိနေကြောင်း ကျော်ကိုကို ဖွင့်ဟလာ

0 ဝေဖန်ချက်များ
ဇေယျာရွှေမြေနှင့် မြန်မာ့ လက်ရွေးစင် တိုက်စစ်မှူး ကျော်ကိုကိုက ၎င်းအနေဖြင့် ဂျာမန်ကလပ် အသင်း နုရင်ဘတ်၏ စိတ်ဝင်စားခြင်း ခံရသဖြင့် ၀မ်းမြောက် ဂုဏ်ယူကြောင်းနှင့် နုရင်ဘတ်သို့ သွားရောက် အစမ်းသပ်ခံရန် အသင့် ရှိကြောင်း ဖွင့်ဟ လာခဲ့သည်။
 

"အခုလို စိတ်ဝင်စား ခံရတဲ့အတွက် ၀မ်းသာမိသလို၊ ဂုဏ်လည်း ယူမိပါတယ်။ သူတို့က ကျွန်တော့်ကို စမ်းသပ်ပြီး ကြိုက်မှ ခေါ်ယူမှာပါ။ ဒါပေမဲ့ သူတို့ဆီမှာ ကစားရမည် ဖြစ်စေ၊ မကစားရသည် ဖြစ်စေ သွားပြီး အစမ်းသပ် ခံရပြီး ဆိုကတည်းက ကျွန်တော့် အတွက်တော့ အကောင်းတွေချည်း ပါပဲ။ သူတို့ရဲ့ လေ့ကျင့်ပုံတွေ၊ တိုးတက်မှုတွေကို သိနိုင်သလို သူတို့နဲ့ ကိုယ်နဲ့ ဘာကွာသလဲ၊ ကိုယ်က ဘယ်လောက်အထိ လိုနေသေးလဲ ဆိုတာတွေ သိလာမယ်လို့ ထင်ပါတယ်" ဟု ကျော်ကိုကိုက Soccer Myanmar သို့ ပြောကြားခဲ့သည်။

"အခုလို စိတ်ဝင်စား ခံရတဲ့အတွက် ၀မ်းသာမိသလို၊ ဂုဏ်လည်း ယူမိပါတယ်။ သူတို့က ကျွန်တော့်ကို စမ်းသပ်ပြီး ကြိုက်မှ ခေါ်ယူမှာပါ။ ဒါပေမဲ့ သူတို့ဆီမှာ ကစားရမည် ဖြစ်စေ၊ မကစားရသည် ဖြစ်စေ သွားပြီး အစမ်းသပ် ခံရပြီး ဆိုကတည်းက ကျွန်တော့် အတွက်တော့ အကောင်းတွေချည်း ပါပဲ။ သူတို့ရဲ့ လေ့ကျင့်ပုံတွေ၊ တိုးတက်မှုတွေကို သိနိုင်သလို သူတို့နဲ့ ကိုယ်နဲ့ ဘာကွာသလဲ၊ ကိုယ်က ဘယ်လောက်အထိ လိုနေသေးလဲ ဆိုတာတွေ သိလာမယ်လို့ ထင်ပါတယ်..."ထို့အတူ ကျော်ကိုကိုက ၎င်းနှင့် ပတ်သက်၍ အပြောင်းအရွှေ့ သတင်းများ မကြာခဏ ထွက်ပေါ် ခဲ့ဖူးသော်လည်း မည်သည့် ကလပ်သို့မှ ပြောင်းရွှေ့ ခဲ့ဖူးခြင်း မရှိ၍ ယခုတစ်ကြိမ်တွင် အမှန်တကယ် သွားရောက် ကစားခွင့် ရရန် လိုလားကြောင်း ဖွင့်ဟခဲ့သည်။
 
လာမည့် ဖေဖော်ဝါရီ (၂)ရက်နေ့တွင် ဂျာမန် ဘွန်ဒက်လီဂါလိဂ် ဥက္ကဋ္ဌ ဖြစ်သူ မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ရာ ရည်မှန်းချက်မှာ ဘွန်ဒက်လီဂါ ပြိုင်ပွဲအား Sky Net ရုပ်သံလိုင်းတွင် ထုတ်လွှင့် ပြသရေးနှင့် ဈေးကွက် ချဲ့ထွင်နိုင်ရန် ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ယခု ကျော်ကိုကိုအား ခေါ်ယူမှုမှာလည်း ၎င်းတို့၏ လိဂ်ပြိုင်ပွဲအား မြန်မာ ပရိသတ်များ စိတ်ဝင်စားမှု မြင့်တက်လာစေရန် တစ်ဖက်တစ်လမ်းမှ ကြိုးပမ်း ဆောင်ရွက်ခြင်း ဖြစ်နိုင်ကြောင်းလည်း သုံးသပ်မှုများ ထွက်ပေါ်လျှက် ရှိနေသည်။

“After you”

2 ဝေဖန်ချက်များ
ရန်ကုန်လေဆိပ်
ရှက်ရှက်နဲ့ ၀န်ခံပါရစေ။
ရန်ကုန်နိုင်ငံတကာလေဆိပ်မှာ တွေ့ကြုံခဲ့တဲ့ အဖြစ်အပျက်လေးပါ။ လေဆိပ်ရဲ့ ဧည့်ခန်းမထဲမှာ မန္တလေးကိုသွားမယ့် လေယာဉ်ကို ကျွန်တော် စောင့်နေ ခဲ့တယ်။ ဧည့်ခန်းထဲမှာ နိုင်ငံပေါင်းစုံက နိုင်ငံခြားသားတွေ အများကြီးပဲ။ ဧည့်ခန်းထဲမှာ ရန်ကုန်မြို့တွင်းကို ဆက်တဲ့ အများသုံးတယ်လီဖုန်း တစ်ခု ရှိတယ်။ အဲဒီ့တယ်လီဖုန်းက တယ်လီဖုန်းဆက်ခ မပေးရပါဘူး။ အဲ့ဒီ တယ်လီဖုန်းကို ကောင်မလေးတစ်ယောက် ဆက်နေတယ်။ သူ့နောက်မှာလည်း တယ်လီဖုန်း ဆက်ဖို့ စောင့်နေတဲ့သူ လေး ငါးယောက်လောက်ရှိတယ်။ ကောင်မလေးကလည်း တယ်လီဖုန်းဆက်နေတာ ပြီးကိုမပြီးနိုင်ဘူး။ မိနစ် ၂၀လောက်ကြာမှ နောက်တစ်ယောက်အလှည့် ရောက်တော့တယ်။ အဲ့ဒီ တစ်ယောက်ကလည်း ဖုန်းပြောလိုက်တာအကြာကြီးပဲ။

ကျွန်တော့်ဘေးနားမှာ ထိုင်နေတဲ့ နိုင်ငံခြားသားတစ်ယောက်က အဲ့ဒီအဖြစ်အပျက်ကို နားမလည်နိုင်အောင် ဖြစ်နေပုံရတယ်။ ကျွန်တော့်စိတ်ထဲမှာ ဖုန်းပြော နေတဲ့လူတွေကိုကြည့်ပြီး

“အားနာမှုမရှိလိုက်ကြတာ”လို့ ခံစားရတယ်။

ဒီလိုနဲ့ မန္တလေးကိုသွားမယ့်လေယာဉ် ရောက်လာပါတယ်။ လေယာဉ်ပေါ်ကိုတက်ဖို့ “စပီကာ”က  ကြေညာပါတယ်။ မန္တလေးကို သွားမယ့်ခရီးသည်တွေ အားလုံး လှုပ်လှုပ်ရွရွဖြစ်သွားကြတယ်။ လေယာဉ်ပေါ်ကို သွားဖို့ ဘတ်(စ်)ကားတစ်စီး ထိုးဆိုက်လာတယ်။ အဲ့ဒီကားနဲ့ လေယာဉ်ဆီကို လေယာဉ်စီး ခရီးသည် တွေသယ်ဆောင်မှာဖြစ်တယ်။ လူတွေဟာ ဘတ်(စ်)ကားပေါ်ကို အလုအယက်ပဲ တိုးဝှေ့တက်ကြတယ်။ နိုင်ငံခြားသားတွေက အေးအေးဆေးဆေးပါပဲ။ တိုးဝှေ့တက်တဲ့အထဲမှာ ကျွန်တော်လည်းပါတယ်။ ဒီလိုနဲ့လေယာဉ်ဆီကို ကျွန်တော် ရောက်သွားတယ်။ လေယာဉ်ပျံရဲ့ နောက်အနားအပေါက်က ကျွန်တော် တို့တက်ရတယ်။ ဒီလိုပါပဲ... လေယာဉ်ပေါ်ကို တိုးဝှေ့ပြီးတက်လိုက်တယ်။ ကိုယ့်ထိုင်ခုံနဲ့ ကိုယ်ဆိုပေမယ့် ဘာကြောင့်များ တိုးဝှေ့တက်ခဲ့မှန်း ကိုယ့်ကိုယ် ကိုယ် မစဉ်းစားမိဘူး။ တိုးတာ၊ ဝှေ့တာ၊ တွန်းတာ၊ တိုက်တာ အကျင့်ပါနေလို့ပဲဖြစ်မယ်။


ဖြစ်ချင်တော့ ကျွန်တော့်ဘေးကထိုင်ခုံမှာ နိုင်ငံခြားသားတစ်ယောက် လာထိုင်တယ်။ ဧည့်ခန်းထဲမှာ တွေ့ခဲ့တဲ့သူပါ။ သူဟာ အေးဆေးတည်ငြိမ်စွာပဲ စာအုပ်တစ်အုပ်ကိုဖတ်နေတယ်။ လေယာဉ်တက်ပြီးလို့ (၁၀)မိနစ်လောက်အကြာမှာ လေယာဉ်မယ်လေးတွေက လက်တွန်းလှည်းလေးတွေကိုတွန်းပြီး အစား အသောက်လာကျွေးပါတယ်။ အပူလား။ အအေးလား။ ကြိုက်ရာသုံးဆောင်လို့ရတယ်။ဖော့ဘူးလေးနဲ့ အသားညှပ် ပေါင်မုန့်တစ်လုံးစီ လိုက်ပြီးဝေတယ်။

ကျွန်တော့်ရဲ့ထိုင်ခုံက အတွင်းဘက်မှာပါ။ အစားအသောက်လာပြီးပေးတဲ့ လေယာဉ်မယ်လေးတွေက တစ်တန်းပြီးတစ်တန်း၊ တစ်ခုံပြီးတစ်ခုံ စနစ်တကျ ပေးဝေပါတယ်။ ကျွန်တော့်ရဲ့ ခုံအနားလည်းရောက်ရော ကျွန်တော်က ကော်ဖီတစ်ခွက်ကို လှမ်းယူလိုက်တယ်။ အသားညှပ်ဖော့ဘူးတစ်ဘူးကို လှမ်းယူလိုက် တယ်။ တကယ်တော့ အဲ့ဒီနိုင်ငံခြားသားက လူသွားလမ်းရဲ့ဘေးမှာ နေရာယူထားသူ။ သူက အရင်ယူရမှာ။ ကျွန်တော်က အတွင်းဖက်ကခုံမှာ ထိုင်တဲ့သူ။ ကျွန်တော်က နောက်မှယူရမှာ။ ဒါပေမယ် ကျွန်တော်က အရင် လက်ကိုလှမ်းလိုက်တယ်။ အဲ့ဒီအချိန်မှာ နိုင်ငံခြားသားက စကားတစ်ခွန်းပြောတယ်။
@ THITHOOLWIN

တိုးတက်ပြောင်းလဲမှုနှင့် နိုင်ငံတော်သမ္မတ၏ ဆောင်ရွက်ချက်များကို ဆက်လက်စောင့်ကြည့် သွားမည် ဟု ဂျွန်မက်ကိန်းပြောဆို

0 ဝေဖန်ချက်များ
 
နိုင်ငံတော်သမ္မတ၏ စောင့်ကြည့်သွားမည်ဖြစ်ကြောင်း “တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်ပြောင်းလဲမှုတွေပေါ် စစ်ဆေးမှုတွေ ပြုလုပ်ပါမယ် လွတ်လပ်ပြီးတရားမျှတတဲ့ ကြားဖြတ်ရွေးကောက်ပွဲဖြစ်ဖို့ကလဲ အရေးကြီးပါတယ် အမေရိကန်ကနေပြီးတော့ စီးပွားရေးပိတ်ဆို့မှုတွေကို ဖယ်ရှားဖို့က တိုးတက်ပြောင်းလဲမှုတွေ သမ္မတရဲ့ လုပ်ဆောင်ချက်တွေ ကြည့်မှာပါ အဓိက အကြောင်းအရင်းကတော့ ရွေးကောက်ပွဲပေါ့ “ ဟု အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မတ်ကိန်းက ပြောသည်။
အမေရိကန်ပြည်ထောင်စု အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မတ်ကိန်းနှင့်အခြားသောအမတ်များသည်၂၀၁၂ခုနှစ်ဇန်န၀ါရီလ၂၂ရက်နေ့ နံနက်ပိုင်းတွင်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
၂၀၁၂ခုနှစ် ဇန်န၀ါရီ ၂၃ရက်နေ့တွင် အမေရိကန် အထက်လွှတ်တော်အမတ်ဂျွန်မတ်ကိန်းသည် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံရန် အစီအစဉ်ရှိကြောင်း သိရှိရသည်။
ဝင့်သင်ဇာကျော်(ရွှေမြစ်မခ)

AGD ဘဏ်က မော်တော်ကားနဲ့ တိုက်ခန်းတွေကို အရစ်ကျစနစ်နဲ့ ရောင်းချပေး မယ်လို့ ကြေညာလိုက်ပါတယ်

0 ဝေဖန်ချက်များ
၁။ အငှားဝယ်ယူ စနစ်ဖြင့် ရောင်းချမည့်ပစ္စည်းများ။

      ၁။ လျှပ်စစ်နှင့် အီလက်ထရောနစ်ပစ္စည်းများ၊
      ၂။ Computer နှင့် ဆက်စပ်ပစ္စည်းများ။
      ၃။ တယ်လီဖုန်းကဒ်နှင့် ဆက်စပ်ပစ္စည်းများ။
      ၄။ ဆေးရုံနှင့် ဆေးခန်းသုံးပစ္စည်းများ။
      ၅။ စိုက်ပျိုးရေးလုပ်ငန်းသုံးစက်ကရိယာများ။
      ၆။ စက်ဘီး၊ ဆိုင်ကယ်များ။
      ၇။ မော်တော်ယာဉ်နှင့် ယန္တယားများ။
      ၈။ လုပ်ငန်းသုံး စက်ပစ္စည်းနှင့် Generator များ။
      ၉။ တိုက်ခန်းနှင့် လုံးချင်းအိမ်ယာများ။

၂။ ကုန်စည် / ပစ္စည်းတန်ဘိုးအလိုက် ခွင့်ပြုသက်တမ်းနှင့် နှုန်းထား။
    (၁) ကျပ် ၅၀သန်းအထိ။
        - သက်တမ်း                     ၁နှစ်သက်တမ်း။
        - လက်ငင်းပေးချေရန်         တန်ဘိုး၏   ၂၀%။
        - ငှားရမ်းခနှုန်း                  တန်ဘိုး၏    ၇%။
        - ၀န်ဆောင်ခ                   တန်ဘိုး၏    ၁%။
        -အရစ်ကျ ပေးသွင်းရန်ငွေ    တန်ဘိုး၏ ၈၀%ကို (၁၂)ရစ် အညီအမျှခွဲ၍ (၁၂)လ လစဉ်ပေးသွင်းရန်။

    (၂) ကျပ်၅၀သန်းအထက်မှ ကျပ်၁၅၀သန်းအထိ။
        - သက်တမ်း                     ၂နှစ်သက်တမ်း။
        - လက်ငင်းပေးချေရန်         တန်ဘိုး၏၂၀%။
        - ငှားရမ်းခနှုန်း                  တန်ဘိုး၏ ၁၄%။
        - ၀န်ဆောင်ခ                   တန်ဘိုး၏ ၁%။
        - အရစ်ကျ ပေးသွင်းရန်ငွေ   တန်ဘိုး၏ ၈၀%ကို (၂၄)ရစ် အညီအမျှခွဲ၍ (၂၄)လ လစဉ် ပေးသွင်းရန်။

    (၃) ကျပ် ၁၅၀ သန်းအထက်မှ ကျပ်၃၀၀သန်းအထိ။
        - သက်တမ်း                     ၃နှစ်သက်တမ်း။
        - လက်ငင်းပေးချေရန်         တန်ဘိုး၏၂၀%။
        - ငှားရမ်းခနှုန်း                  တန်ဘိုး၏ ၂၁%။
        - ၀န်ဆောင်ခ                   တန်ဘိုး၏ ၁%။
        - အရစ်ကျ ပေးသွင်းရန်ငွေ   တန်ဘိုး၏ ၈၀%ကို (၁၂)ရစ် အညီအမျှခွဲ၍ (၃)လ တစ်ကြိမ် ပေးသွင်းရန်။

၃။ သတ်မှတ်သက်တမ်း မစေ့ရောက်မီ အပြေအကြေပေးသွင်းပါက မူလက ပေးသွင်းခဲ့သည့် ငှားရမ်းခငွေမှ အောက်ပါအတိုင်း ပြန်လည်ထုတ်ပေးပါမည်။
     (၁) ၁နှစ်ချေးငွေကို (၆)လတွင်းပေးသွင်းလျှင် မူလပေးသွင်းထားသည့် ငှားရမ်းခငွေ၏ ၂၅%။
     (၂) ၂နှစ်ချေးငွေကို (၆)လတွင်းပေးသွင်းလျှင် မူလပေးသွင်းထားသည့် ငှားရမ်းခငွေ၏ ၅၀%။
     (၃) ၂နှစ်ချေးငွေကို (၁၂)လတွင်းပေးသွင်းလျှင် မူလပေးသွင်းထားသည့် ငှားရမ်းခငွေ၏ ၂၅%။
     (၄) ၃နှစ်ချေးငွေကို (၁၂)လတွင်းပေးသွင်းလျှင် မူလပေးသွင်းထားသည့် ငှားရမ်းခငွေ၏ ၄၀%။
     (၅) ၃နှစ်ချေးငွေကို (၂၄)လတွင်းပေးသွင်းလျှင် မူလပေးသွင်းထားသည့် ငှားရမ်းခငွေ၏ ၂၀%။

၎။ အရစ်ကျငွေ ပေးသွင်းရန် သတ်မှတ်ရက်။
     စတင်ခွင့်ပြုသည့်နေ့သည် (၂၂)ရက်နေ့အတွင်းဖြစ်ပါက ကပ်လျှက်လ၏ လဆန်း(၅)ရက်အတွင်း။
     စတင်ခွင့်ပြုသည့်နေ့သည် (၂၃)ရက်နေ့မှ နောက်ပိုင်းဖြစ်ပါက နောက်တစ်လ၏ လဆန်း(၅)ရက်အတွင်း။

၅။ ပျက်ကွက်ကြေး။
     လစဉ်   လဆန်း(၅)ရက်အတွင်း ပေးသွင်းရန် ပျက်ကွက်ပါက ပျက်ကွက်သည့်ရက်များအတွက်   အရစ်ကျပေးသွင်းရမည့် ငွေပမာဏပေါ်တွင် ကျပ်၁၀၀လျှင် တစ်ရက် (၄)ပြားနှုန်းဖြင့်   ပျက်ကွက်ကြေးပေးဆောင်ရပါမည်။

၆။ ကုန်စည်/ ပစ္စည်းပြန်လည်သိမ်းဆည်းခြင်း။
     လစဉ်   အရစ်ကျ ပေးသွင်းရမည့်ငွေကို (၃)ကြိမ် ဆက်တိုက်ပျက်ကွက်ပါက   အငှားဝယ်ထားသူသည် အငှားဝယ်ယူထားသည့်ပစ္စည်းကို ပြန်လည်သိမ်းဆည်းခံရမည်   ဖြစ်ပြီး၊ ပေးသွင်းထားသည့် ငွေများအားလုံးကို အဆုံးရှုံးခံရမည် ဖြစ်သည်။

၇။ အငှားရောင်းချသူ (Authorized Dealer) ၏ အရောင်းကော်မရှင်မှာ ပစ္စည်းတန်ဘိုး၏ ၁% ဖြစ်ပါသည်။


ချေးငွေဌာန
အေဂျီဒီဘဏ်။

မြန်မာတိုက်စစ်မှူးကို ဂျာမန်ကလပ် ကမ်းလှမ်း

0 ဝေဖန်ချက်များ

ဆီးဂိမ်းစ် ပြိုင်ပွဲဝင် ကျော်ကိုကို

ဂျာမန် ဘွန်ဒက်လီဂါ ကလပ်အသင်း နုရင်ဘတ်သည် မြန်မာ့ လက်ရွေးစင် တိုက်စစ်မှူး ကျော်ကိုကိုအား ပြောင်းရွှေ့ကြေး ဒေါ်လာ ၅သိန်း ၀န်းကျင်ဖြင့် ကမ်းလှမ်းမှု တစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဇေယျာရွှေမြေ အသင်း တာဝန်ရှိသူ တစ်ဦး၏ အဆိုအရ ဂျာမန် ကလပ် အသင်းသည် မြန်မာ နေရှင်နယ်လိဂ် ကလပ်များ အတွက် ကစားသမားများ ခေါ်ယူ ပေးခဲ့ဖူးသူ အေးဂျင့် ဒရာဂန်မှ တစ်ဆင့် ဆက်သွယ် ကမ်းလှမ်း လာခဲ့ခြင်း ဖြစ်ပြီး ကျော်ကိုကို၏ ခြေစွမ်းအား စမ်းသပ်လို နေကြောင်း သိရသည်။ ခြေစွမ်း အစမ်းသပ်ခံစဉ် ကာလအတွင်း လေယာဉ်ခ၊ နေထိုင် စားသောက်စရိတ် အစရှိသည် တို့အား ၎င်းတို့ အသင်းဘက်မှ ကျခံပေးမည် ဖြစ်ပြီး အကယ်၍သာ ခေါ်ယူဖြစ်ခဲ့မည် ဆိုပါက လစာ အနေဖြင့် ဒေါ်လာ ၄၀၀၀မှ ၅၀၀၀ကြား ရရှိနိုင်မည် ဖြစ်သည်။ ထို့အတူ ဇေယျာရွှေမြေ အသင်းကိုလည်း ဒေါ်လာ ၄သိန်းမှ ၅သိန်းအထိ ပြောင်းရွှေ့ကြေး အဖြစ် ပေးချေမည် ဖြစ်ကြောင်း သိရသည်။ ထိုပမာဏသည် မြန်မာ့ ဘောလုံး သမိုင်းတွင် မြန်မာ ကစားသမား တစ်ဦးအတွက် အမြင့်မားဆုံး ပြောင်းရွှေ့ကြေး တစ်ရပ်လည်း ဖြစ်လာဖွယ် ရှိနေကာ ကျော်ကိုကို အနေဖြင့် အာရှတိုက် ပြင်ပသို့ သွားရောက် ကစားသည့် ပထမဆုံး လက်ရွေးစင် ကစားသမားလည်း ဖြစ်လာမည် ဖြစ်သည်။
၂၀၁၁ တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဆုအား လက်ခံ ရယူစဉ်က ကျော်ကိုကို (ဗဟို)
ထိုပမာဏသည် မြန်မာ့ ဘောလုံး သမိုင်းတွင် မြန်မာ ကစားသမား တစ်ဦးအတွက် အမြင့်မားဆုံး ပြောင်းရွှေ့ကြေး တစ်ရပ်လည်း ဖြစ်လာဖွယ် ရှိနေကာ ကျော်ကိုကို အနေဖြင့် အာရှတိုက် ပြင်ပသို့ သွားရောက် ကစားခဲ့သည့် ပထမဆုံး မြန်မာ့ လက်ရွေးစင် ကစားသမားလည်း ဖြစ်လာမည် ဖြစ်ထိုကိစ္စနှင့် ပတ်သက်၍ ဇေယျာရွှေမြေ အသင်းက ကျော်ကိုကိုအား ဂျာမနီသို့ စေလွှတ်နိုင်ရန် အတွက် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်သို့ တရားဝင် စာတင်ထားကြောင်း သိရသည်။ ဇေယျာရွှေမြေ အသင်းသည် ဂျာမန် ကလပ်အသင်း ထံသို့ ဇန်န၀ါရီ ၃၁ရက် မတိုင်မီ စေလွှတ်နိုင်မည် မစေလွှတ် နိုင်မည် ဆိုသည်အား အကြောင်း ပြန်ရမည် ဖြစ်သည်။

ကျော်ကိုကိုသည် ပြီးခဲ့သည့် ဆီးဂိမ်းစ် ပြိုင်ပွဲတွင် ခြေစွမ်း ထင်ပေါ်ခဲ့သည့် ကစားသမား တစ်ဦးဖြစ်ကာ Goal.com ၏ အရှေ့တောင် အာရှ၏ အကောင်းဆုံး ကစားသမား ၅ဦး စာရင်းတွင် ရွေးချယ်ခြင်း ခံခဲ့ရသည်။ ၎င်းအား အရှေ့ အလယ်ပိုင်းမှ ကလပ်အသင်း များကလည်း စိတ်ဝင်စား ခဲ့ဖူးပြီး မြန်မာနိုင်ငံ၏ ၂၀၁၁ ခုနှစ် အတွက် တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဆုအားလည်း ရရှိထားသူ ဖြစ်သည်။