မြန်မာနိုင်ငံအတွင်း အင်တာနက်ဝန်ဆောင်မှုကို ပိုမိုအဆင်ပြေစွာပေးနိုင်မည့် အင်တာနက်ဆက် ကြောင်းသစ် ဖြစ်သည့် SE-ME-WE 5 နှင့် ၂၀၁၃ ခုနှစ်တွင် ချိတ်ဆက်နိုင်မည်ဖြစ်ကြောင်း၊ မြန်မာ့ ဆက် သွယ်ရေးလုပ်ငန်း သတင်းအချက်အလက်ဆိုင်ရာ အင်ဂျင်နီယာချုပ်က the voice weekly သို့ပြောကြားသည်။
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ China Unicon ကုမ္ပဏီက SE-ME-WE 5 ချိတ်ရန် ကူညီမည်ဖြစ်ပြီး မြန်မာ့ရင်းနှီးမြှပ်နှံမှုကောမရှင်၏ ခွင့်ပြုချက်ရ ရှိပြီးဖြစ်ကြောင်း အင်ဂျင်နီယာချုပ်ဦးဇော်မင်းဦးကဆိုသည်။
နောင်တွင် နိုင်ငံတကာနှင့်ချိတ်ဆက်ထားသည့် အင်တာနက်ဆက်ကြောင်းတစ်ခုပြတ်တောက်လျှင် အခြားတစ်ခု အလွယ်တကူပြောင်းချိတ်ပေးနိုင်ရန် ယင်းကဲ့သို့စီစဉ်ခြင်းဖြစ်ကြောင်း ၄င်းကဆိုသည်။
“အင်တာနက်လိုင်းကတော့ ၀န်ဆောင်မှုပေးနေတဲ့ ကျွန်တော်တို့တောင်အားမရပါဘူး ”ဟု ယခုလက်ရှိ ၀န်ဆောင်မှုနှင့်ပတ်သက်၍ ဦးဇော်မင်းဦး က ပြောဆိုသည်။ မြန်မာနိုင်ငံအတွင်း အင်တာနက် နှေးရသည့်အဖြေကိုလည်း ထိုင်းနှင့်စင်ကာပူနိုင်ငံတို့က လာရောက်စစ်ဆေးသွားသည်။ အင်တာနက် နှေးရသည့်အကြောင်းအရင်းများတွင် ခေတ်မမှီတော့သည့် ကွန်ပြူတာများအသုံးပြုခြင်း၊ နိုင်ငံတကာ နှင့်ချိတ်ဆက်ထားသည့် အင်တာနက်ဆက်ကြောင်း မကြာခဏပြတ်တောက်ခြင်း၊ ပေးနိုင်သည့် စွမ်းအားထပ်မံ ချဲ့ရန်လိုအပ်ခြင်း စသည့်အကြောင်းအရင်းများရှိကြောင်း ၄င်းကဆိုသည် ။
၂၀၁၁ ခုနှစ်ဒီဇင်ဘာလအတွင်း ကျင်းပခဲ့သည့် အာဆီယံ ဆက်သွယ်ရေးနှင့် သတင်းအချက်လက်၊ နည်းပညာဆိုင်ရာဝန်ကြီးများအစည်း အဝေး ASEAN Telecommunications and IT Ministers Meeting (TELMIN)တွင် မြန်မာနိုင်ငံက ဥက္ကဌ နှင့်အိမ်ရှင်နိုင်ငံအဖြစ် ဆောင်ရွက်ခဲ့ရပြီး
ယင်း အစည်အဝေးပြီး နောက်ပိုင်းတွ င် ယင်းနိုင်ငံများမှ အခမဲ့လာရောက်စစ်ဆေးပေးခြင်းဖြစ် သည်။
ယင်း အစည်အဝေးပြီး နောက်ပိုင်းတွ
“နောင်မှာ SE-ME-WE 3 ပဲ ၊ အားကိုးလို့မရဘူး ။ 4ရော 5ရော ချိတ်မယ်၊ မြန်မာနိုင်ငံတွင် လတ်တလောအသုံးပြုနေသည့် နိုင်ငံတကာ အင်တာနက် ဆက်ကြောင်းမှာ ဖျာပုံမြို့နယ်မှတဆင့် ဆက်သွယ်သည့် SE-ME-WE 3 ရေအောက် ဖိုင်ဘာ ဆက်ကြောင်းဖြစ်ပြီး ၊ ယင်းဆက်ကြောင်းအသုံးပြုခွင့် ၁၃ နှစ် ရရှိထားရာတွင် ယခုနှစ်အထိ ၆နှစ်သာရှိသေးကြောင်း ၊ သို့သော်မကြာခဏ ရေအောက်ဆက်ကြောင်းပြတ်တောက်သြ ဖင့် အဆင် မပြေကြောင်း၊ (TELMIN)အစည်းအဝေးဆိုင်ရာ သတင်း စာရှင်းလင်းပွဲတွင် မြန်မာဆက်သွယ်ရေးမှ တာဝန်ရှိသူက ပြောကြားခဲ့သည်။
@The Voice Weekly Journal