Saturday, January 28, 2012

Barcamp Yangon

0 ဝေဖန်ချက်များ


ရန်ကုန်မြို့တော်၏ တတိယအကြိမ်မြောက် ဘားကမ့် Barcamp Yangon 2012 (Feb 11 & 12) အတွက် http://barcampyangon.org/ တွင် စာရင်းပေးသွင်းနိုင်ပြီ ဖြစ်သည်။

@ The Voice Weekly Journal

Live Together with Wetland

0 ဝေဖန်ချက်များ






၂၇ ရက်နေ့နံနက်က တော်ဝင်နှင်းဆီတွင်ကျင်းပသော ကမ္ဘာ့ရေတိမ်ဒေသများနေ့အထိမ်းအမှတ် Live Together with Wetland ဓာတ်ပုံပြပွဲသို့ တက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်။

@7Day News Journal's Facebook 

Thursday, January 26, 2012

ပူညံ ပူညံဖြစ်တယ်ဆိုတာ ဒီလိုဗျ

0 ဝေဖန်ချက်များ
ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေရာပြည့် ဝင်ရောက် ယှဉ်ပြိုင်ရန် အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရာတွင် ယှဉ်ပြိုင်တင်ပြမှုများ ရှိခဲ့၍ ဘဝင်မကျ ဖြစ်ရသည်များ ရှိခဲ့ကြောင်း နာယက ဦးတင်ဦး က ပြောသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် ပါတီဆိုင်းဘုတ်တင်ပွဲတွင် မိန့်ခွန်းပြောစဉ်က အဆိုပါကိစ္စများနှင့်ပတ်သက်၍ တခွန်းတစ ထည့်သွင်းပြောဆိုခဲ့ဖူးပြီး ထိုကိစ္စများကို ရွံမုန်းကြောင်း ပါတီဝင် စိစစ်ရွေးချယ်ရေးအဖွဲ့ခေါင်းဆောင်လည်းဖြစ်သည့် ဦးတင်ဦး က မဇ္ဈိမကို ပြောသည်။

“ပူညံပူညံ ဖြစ်တယ်ဆိုတာ ဒီလိုဗျ။ ကျနော်တို့ ဒုက္ခသုခ ရောက်စဉ်အခါတုန်းကတော့ တခါတည်း ငြိမ်ပြီးတော့ ဘာမှ မပါကြ၊ ကင်းကွာနေကြတယ်။ အခု နေရာလေး ပေါ်လာရော သူကလည်း ငါလုပ်တာ ဘယ်လောက်၊ ဘယ်တုန်းက ဘယ်သူနဲ့တွေ့ပြီး နှုတ်ဆက်ခဲ့တယ်၊ ကျနော် အရင်တုန်းက လူမှုရေးနဲ့ ပတ်သက်ပြီး ဘယ်လောက် လုပ်ခဲ့ဖူးတယ်၊ ကျနော်သာလျှင် အသင့်တော်ဆုံး ဖြစ်တယ်။ အဲဒီနေရာ အရွေးခံပါရစေ။ ဒီလိုဟာတွေက သိပ်လာတယ်ဗျ။ အဲဒါတွေ ကျနော်က ရွံတယ်” ဟု ပြောသည်။

NLD ၏ လွတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်မှုတွင် အမျိုးသမီး၊ ဒေသခံ၊ ပညာတတ်နှင့် လုပ်ငန်း အတွေ့အကြုံ ရှိမှုပေါ်တွင် မူတည်၍ ရွေးချယ်သွားမည်ဟု ကြေညာထားရာ အချို့နယ်မြေများတွင် ယခုကဲ့သို့ အင်အားစု၍ ယှဉ်ပြိုင် တင်သွင်းမှုများ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

“အသိုင်းအဝိုင်းတွေနဲ့ လော်ဘီလုပ်ပြီး လက်မှတ်တွေဝိုင်းထိုးပြီး ရွေးပါခင်ဗျဆိုပြီး လာနေလို့ ပြောလိုက်တာပါ။ အချင်းချင်း မညီညွတ်လို့ မဟုတ်ပါဘူး။ သိပ်ပြီး ကိုယ်ရည်သွေးလာကြတာတွေ များလွန်းလို့ဗျာ။ ဘဝင်မကျလို့ နည်းနည်း ပြောလိုက်တဲ့သဘောပါ” ဟု ဦးတင်ဦး က ပြောသည်။

ပြည်နယ်/တိုင်းတို့မှ ရွေးချယ်တင်ပြသည့် ကိုယ်စားလှယ်လောင်းများကို ဗဟိုမှ စိစစ်ချမှတ်ပေးခြင်းဖြစ်ပြီး မကျေလည်မှု အတော်များများကို ဖြေရှင်းပေးနိုင်ပြီ ဖြစ်ကာ ဘဝင်မကျမှုရှိနေသေးသည့် အချို့နေရာများကို ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ကွင်းဆင်း စည်းရုံးပေးသွားမည်ဟုလည်း ဦးတင်ဦးက ပြောသည်။
@Thithtoolwin

လပိုင်းအတွင်း စာပေစိစစ် ဖျက်တော့မယ်တဲ့

0 ဝေဖန်ချက်များ
မြန်မာနိုင်ငံမှာ လာမယ့် လပိုင်း အတွင်း စာပေစိစစ်ရေး လုံးဝ ရှိမှာ မဟုတ်တော့ဘူးလို့ စာပေစိစစ်ရေးအဖွဲ့ အကြီးအကဲ ဗိုလ်မှူးဟောင်း ဦးတင့်ဆွေက ဒီကနေ့ ပြောကြား လိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ပုံကို ဖော်ပြထားသည့် ပြည်တွင်းထုတ် ဂျာနယ်ကို ရန်ကုန်မြို့လယ်ရှိ ဈေးတစ်ခုတွင် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလအတွင်း အရောင်းဈေးသည်တစ်ဦးက ရောင်းချနေစဉ်။
ပြန်ကြားရေး ၀န်ကြီးဌာနက ရေးဆွဲထားတဲ့ စာနယ်ဇင်း ဥပဒေမူကြမ်းကို ဇန်န၀ါရီ ၂၇ ရက် ခေါ်ယူမယ့် လွှတ်တော် အစည်းအဝေးမှာ တင်သွင်း ပြဋ္ဌာန်းပြီးခဲ့ အခါ စာနယ်ဇင်းတွေ အနေနဲ့ ဆင်ဆာအဖွဲ့ကို တင်ပြစရာ မလိုဘဲ ထုတ်ဝေခွင့် ရရှိမှာ ဖြစ်ကြောင်း စာပေစိစစ်ရေးဌာန အကြီးအကဲ ဦးတင့်ဆွေက အာအက်ဖ်အေနဲ့ သီးသန့် ဆက်သွယ် မေးမြန်းခန်းမှာ ပြောဆိုခဲ့ပါတယ်။ စာနယ်ဇင်း ဥပဒေကို ပြဋ္ဌာန်းပြီးတဲ့ အခါ မြန်မာနိုင်ငံမှာ ပုဂ္ဂလိက သတင်းစာ ထုတ်ဝေခွင့် အပါအ၀င် တခြား ဒီမိုကရေစီ နိုင်ငံတွေမှာလို စာနယ်ဇင်း လွတ်လပ်ခွင့် အပြည့်အ၀ ရရှိလာမှာ ဖြစ်တယ်လို့လည်း ဦးတင့်ဆွေက ပြောပါတယ်။
@RFA

ကျပ် ၅၀၀၀ တန် ဆင်း​မ်ကတ်အတွက် တရား​ဝင် ပူး​ပေါင်​ဆောင်ရွက်မည်

0 ဝေဖန်ချက်များ
တယ်လီဖုန်း​ ဆင်း​မ်ကတ်တခုကို ကျပ် ၅,၀၀၀ နဲ့​ အများ​ပြည်သူ အသုံး​ပြုနိုင်ဖို့​ ​ရွှေပြည်တံခွန် ကုမ္ပဏီက မြန်မာ့​ဆက်သွယ်​ရေး​ စာတိုက်၊​ ​ကြေး​နန်း​ ဝန်ကြီး​ဌာနနဲ့​ ပူး​ပေါင်း​ဖို့​ တရား​ဝင် ​လျှောက်လွှာတင်လိုက်ပြီလို့​ မန်း​နေဂျင်း​ ဒါရိုက်တာ ဦး​လွင်နိုင်ဦး​က ​ပြောပါတယ်။
 
 
“ဒီ ​နေ့​ပဲ ကျ​နော် ဆက်သွယ်​ရေး​ကို တင်လိုက်တယ်။ အခုထိ ဘာမှ မသိရ​သေး​ဘူး​။ တင်တယ်ဆိုတာ ကျ​နော်တို့​ ဒီလုပ်ငန်း​အတွက် ပူး​ပေါင်း​ဆောင်ရွက်ဖို့​ ကိစ္စ​တွေ၊​ စီး​ပွား​ရေး​ အစီအစဉ်​တွေ​ပေါ့​။ နည်း​ပညာပိုင်း​ ဆိုင်ရာ​တွေပါ နှစ်ခုလုံး​ပါတယ်။ ပြည်သူ​တွေ စရိတ် သက်သက်သာသာနဲ့​ တယ်လီဖုန်း​တွေ ကိုင်နိုင်​အောင် ကျ​နော် ကြိုး​စား​နေပါတယ်။ ဆက်သွယ်​ရေး​ ဝန်ကြီး​ဌာနလည်း​ ပူး​ပေါင်း​ ​ဆောင်ရွက်ပြီး​ ဘယ်လိုလုပ်လို့​ ရနိုင်မလဲ ဆိုတဲ့​ နည်း​လမ်း​တွေ​ပေါ့​။ ကျ​နော်တို့​က ဥပ​ဒေအရ၊​ မူ​ဘောင်အရ သွား​နေတာပါ။”
မြန်မာပြည်မှာ ဆက်သွယ်​ရေး​ နည်း​ပညာအတွက် ပြဋ္ဌာန်း​ထား​တဲ့​ ဥပ​ဒေ မရှိ​သေး​တဲ့​အတွက် အစိုး​ရမဟုတ်တဲ့​ ကုမ္ပဏီ အဖွဲ့​အစည်း​တွေ အတား​အဆီး​လည်း​ ဖြစ်​နေတယ်လို့​ ဦး​လွင်နိုင်ဦး​က ​ပြောပါတယ်။
“ကျ​နော်တို့​ ဆီမှာ ဆက်သွယ်​ရေး​နဲ့​ ပတ်သက်လို့​ ပြင်သင့်​တာ​တွေ ပြင်ဖို့​ နိုင်ငံ​တော်အကြီး​အကဲ​တွေ၊​ သက်ဆိုင်ရာ ဝန်ကြီး​ဌာန​တွေက ကျ​နော်တို့​ကို ​ပြောထား​တယ်။ ပြည်သူ​တွေအတွက် လိုအပ်လို့​ရှိရင် မြစ်ဆုံ ကိစ္စပဲကြည့်​၊​ ထား​ဝယ်​ကျောက်မီး​သွေး​ကိစ္စပဲ ကြည့်​ကြည့်​၊​ နိုင်ငံ​တော် သမ္မတကြီး​က မှန်ကန်တဲ့​ ဆုံး​ဖြတ်ချက်​တွေ ချခဲ့​တယ်။ အခု​လော​လောဆယ် အစိုး​ရရဲ့​ ဆက်သွယ်​ရေး​ ကွန်ရက်ကလည်း​ လုပ်နိုင်စွမ်း​ မရှိတာတို့​၊​ အင်တာနက်​တွေက ​နှေး​နေတာ၊​ ဆက်သွယ်​ရေး​ကို မြှင့်​တင်​အောင် လုပ်မှာဆို​တော့​ အဲဒီအပိုင်း​တွေကိုလည်း​ စဉ်း​စား​ထား​ပါတယ်။”
အစိုး​ရက ခွင့်​ပြုချက်ရရင် ၂၀၁၃ ခုမှာ အများ​ပြည်သူလက်ထဲ ထုတ်​ရောင်း​ နိုင်မယ်လို့​လည်း​ ​ပြောပါတယ်။
ဆင်း​မ်ကတ်တခုရဲ့​ မူလတန်ဖိုး​ဟာ မြန်မာကျပ်​ငွေ ၃၀၀ ပတ်ဝန်း​ကျင်သာ ရှိတယ်လို့​လည်း​ သိရပါတယ်။
မြန်မာဆက်သွယ် ​ရေး​၊​ စာတိုက်နဲ့​ ​ကြေး​နန်း​ဝန်ကြီး​ဌာနနဲ့​ နီး​စပ်တဲ့​ ကုမ္ပဏီ​တွေက​တော့​ ဂျီအက်စ်အမ် ဟန်းဖုန်း​ ဆင်း​မ်ကတ် တကတ်ကို ကျပ် ​ငွေ ၃သိန်း​ နဲ့​ ၂၀၁၂ မှာ ​ရောင်း​ချမယ်လို့​လည်း​ သိရပါတယ်။

@DVB