Thursday, March 15, 2012

ကမ္ဘာနှင့်နေ တစ်တန်းတည်း ကျရောက်ခြင်းကြောင့် ဂြိုဟ်တုမှဖမ်းယူ ထုတ်လွှင့်သော ရုပ်သံလိုင်းများ ၆ ရက်တာ ကမောက်ကမ ဖြစ်မည်

0 ဝေဖန်ချက်များ

ကမ္ဘာဂြိုဟ်နှင့် နေတို့ တစ်တန်းတည်း ရှိနေခြင်းကြောင့် ဂြိုဟ်တုမှ တစ်ဆင့် ဖမ်းယူ ထုတ်လွှင့် နေသည့် ရုပ် သံလိုင်းများ လိုင်းပြတ်တောက်ခြင်းနှင့် ထစ်ခြင်း များ ဖြစ်ပေါ်နေကြောင်း ရွှေသံလွင် ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သိရသည်။

 ယင်းသို့ ရုပ်သံလိုင်း များ ပြတ်တောက်ခြင်းနှင့် ထစ်ခြင်းများမှာ မတ်လ ...၁ဝ ရက်နေ့မှ ၁၅ ရက်နေ့အထိသာ ဖြစ်ပွားမည်ဖြစ် ပြီး၊ ၄င်းရက်များ ကုန်လွန်ပါက မူလ အတိုင်း ကောင်းမွန် စွာ ပြန်လည် ကြည့်ရှု နိုင်မည်ဖြစ်ကြောင်း Sky Net ရုပ်သံလိုင်း၏ ကြေညာချက် အရ သိရသည်။

 ''ဂြိုဟ်တုကနေ တစ်ဆင့် ထုတ်လွှင့်တဲ့ ရုပ်သံလိုင်း အားလုံး ဖြစ်မှာပါ။ ကျွန်တော်တို့ Sky Net ရုပ် သံလိုင်းကတော့ ထိုင်းဂြိုဟ်တုကနေ တစ်ဆင့် ပြန်လည် ထုတ်လွှင့်နေ တဲ့အတွက် ထိုင်းနိုင်ငံမှာ ဖြစ်တဲ့အတိုင်း နေ့ဘက်တွေမှာ ရုပ်သံထစ်တာတွေ၊ လိုင်းပြတ်တောက် တာတွေ ဖြစ်မှာပါ။ ဒါကလည်း ကမ္ဘာဂြိုဟ်နဲ့နေတို့ တစ်တန်းတည်း ရှိနေ တဲ့အတွက် ကမ္ဘာနဲ့နေ ကြားမှာ ရှိတဲ့ လွှင့်တင်ထားတဲ့ ဂြိုဟ်တုတွေ နေရဲ့အပူရှိန်ကြောင့် အခုလိုမျိုး ဖြစ်နေတာပါ''ဟု Sky Net မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 ထိုသို့ ကမ္ဘာဂြိုဟ်နှင့် နေတို့ တစ်တန်းတည်း ကျရောက်မှုများမှာ တစ်နှစ် လျှင် နှစ်ကြိမ်ခန့် ဖြစ်ပေါ် လျက်ရှိပြီး အများ ဖြစ်ပွားသည့်လမှာ မတ်လ ဖြစ်ကြောင်း ၄င်း အပြင် နောင်နှစ်များတွင် ဖြစ်ပွားမည့် ကမ္ဘာဂြိုဟ်နှင့်နေတို့ တစ်တန်းတည်း ကျရောက်မည့် လများနှင့်ရက်များကို တွက်ချက်နိုင်မည်ဖြစ် ကြောင်း www. satellite circulation.com တွင် ဖော်ပြထားသည်။

 ''နေနဲ့ အရမ်းနီးကပ်တဲ့ ဂြိုဟ်တုဆိုရင်တော့ နေ့ဘက်တောင် မကဘူး။ ညဘက်တွေပါ လိုင်းပြတ်တောက်နိုင်တယ်။ တချို့ နိုင်ငံတွေမှာဆိုရင် ထုတ်လွှင့်မှုရက် ပိုင်း တော်တော် ကြာကြာ ပိတ်ထားရတဲ့ ထိ ဖြစ်တာရှိပါတယ်''ဟု ၄င်းက ဆက်လက်ပြောသည်။

 ပြည်တွင်း၌ ဂြိုဟ်တုမှ တစ်ဆင့် ဖမ်းယူကြည့်ရှုနေသည့် ရုပ်သံလိုင်း များမှာ နှစ်ပေစလောင်း၊ သုံးပေစလောင်းနှင့် Sky Net တို့ဖြစ်ပြီး ယင်းတို့မှာ ထိုင်းနိုင်ငံ မှတစ်ဆင့် ပြန်လည် ထုတ်လွှင့်ပေးသည့် ရုပ် သံလိုင်းများ ဖြစ်သည်။

ကရင်ပြည်နယ် မြဝတီမြို့ တွင် အဖိုးတန်စိန်အမြောက်အမြား ထွက်ရှိနေ

0 ဝေဖန်ချက်များ
@ Myanmar Times

ကရင်ပြည်နယ် မြဝတီမြို့ တောင်ဘက်  မိုင် ၂ဝအကွာတွင် အဖိုးတန် စိန်အမြောက်အမြား ထွက်ရှိသော စိန်တွင်းတစ်တွင်းကို အမေရိကန်နိုင်ငံ နာဆာမှလွှတ်တင်ထားသော Land Sat7 ဂြိုလ်တုဖြင့် မကြာသေးခင်က တွေ့ရှိခဲ့သည်ဟု ဒဂုံတက္ကသိုလ် ဘူမိဗေဒဌာနမှ အငြိမ်းစား ပါမောက္ခဦးစိုးသိန်းကပြောသည်။
အဆိုပါစိန်တွင်းရှိရာနေရာသို့  မြဝတီမြို့ ကားလမ်းဖြင့် တိုက်ရိုက် ရောက်ရှိနိုင်ပြီး ထိုင်းနိုင်ငံမှ အဆိုပါစိန်တွင်းကို တူးဖော်ခွင့်ရရှိရန် ဆောင်ရွက်နေ ကြောင်း သိရသည်။''ဩစတြေးလျနဲ့တရုတ်လဲ မကြာခင်က တူးကြသေးတယ်။ အောင်မြင်မှု ရှိမရှိတော့ မသိဘူး။ ဂြိုလ်တုက နေကြည့်တော့ စိန်အမြောက် အမြားထွက်နေတယ် ဆိုတာ သေချာတယ်'' ဟု ဦးစိုးသိန်းက ထပ်မံပြောသည်။

'သတ္တုတွင်း ဝန်ကြီးဌာနအနေနဲ့ကတော့ စိန် တူးခွင့် လျှောက်ထား လာတဲ့ ကုမ္ပဏီတွေ ကိုသတ်မှတ်ချက် စည်းမျဉ်းစည်းကမ်း နဲ့ညီမညီ အရင်ကြည့်တယ်။ သတ်မှတ်ချက် စည်းမျဉ်းတွေနဲ့ ညီရင်တော့ လုပ်ပိုင်ခွင့် ပြုမိန့်တွေ ချထားပေးမှာပါ'' ဟု အမှတ်(၂) သတ္တုတွင်း ဝန်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦး ကပြောသည်။''ဩစတြေးလျနဲ့တရုတ်လဲ မကြာခင်က တူးကြသေးတယ်။ အောင်မြင်မှု ရှိမရှိတော့ မသိဘူး။ ဂြိုလ်တုက နေကြည့်တော့ စိန်အမြောက် အမြားထွက်နေတယ် ဆိုတာ သေချာတယ်''

မြန်မာနိုင်ငံတွင် ကျောက်မျက်ရတနာ တန်းဝင်စိန်များကို ၁၉၆ဝပြည့်နှစ်တွင် မိုးမိတ်မြို့နယ်၊ မကျည်း ပင်ကျေးရွာနှင့် မိုးဟောက် ကျေးရွာပတ်ဝန်းကျင်တွင် စတင်တွေ့ရှိရပြီး ၁၉၇၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ဘူမိဗေဒဌာနတို့ပူးပေါင်းရှာ ဖွေရာတွင် စိန်တွေ့ရှိရာ နယ်မြေ အသစ်များ နှစ်စဉ်နှင့်အမျှ တိုးပြီးတွေ့နေရ ကြောင်း သိရသည်။

မြန်မာနိုင်ငံ တနင်္သာရီတိုင်း သိန္ဓောဒေသရှိ စိန်တွင်းသည် တန်ဖိုးကြီး စိန် များနှင့် စိန်အမြောက် အမြားထွက်ရှိသော ဒေသတစ်ခုအဖြစ် ထင်ရှားသည်။ တောင်ငူဒေသ တွင်လည်း မကြာသေးမီက စိန်တွင်း တစ်တွင်း တွေ့ရှိခဲ့ရာ ၁၄ရတီခန့် အထိ ရှိသော တန်ဖိုးကြီးစိန် တစ်ခုလည်း ပါဝင်လာခဲ့ကြောင်း သိရသည်။

Wednesday, March 14, 2012

ဝန်ထမ်းများ ထောက်ပံ့ကြေး တိုးကြမည် ...

0 ဝေဖန်ချက်များ
Copyright © Voice Weekly

အစိုးရ လခစားဝန်ထမ်းများနှင့် တပ်မတော် (ကြည်း၊ ရေ၊လေ) ၀န်ထမ်းများကို ဧပြီလ၁ ရက်နေ့မှ စတင်၍ ထောက်ပံ့ကြေး တစ်ဦးလျှင် သုံးသောင်းကျပ် ပေးအပ်သွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဋ္ဌာ န ၏ ၁၀၀/၂၀၁၂ အရ မတ်လ ၁၄ ရက်နေ့ တွင် ထုတ်ပြန် ကြေညာလိုက်သည်။

နေ့စားဝန်ထမ်းများကို တစ်ရက် အလုပ်ချိန် ရှစ်နာရီအတွက် လုပ်ခလစာ တစ်ရက်လျှင် ၁၁၀၀ ကျပ် ရရှိ နေရာမှ ကျပ်တစ်ထောင်တိုးမြှင့်ကာ ၂၁၀၀ ကျပ်သို့လည်းကောင်းတို့မြှင့်ပေးလိုက်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

သမ္မတကြီး ဦးသိန်းစိန်၏ မတ်လ ၁ ရက်နေ့ မိန့်ခွန်းတွင် ၀န်ထမ်းများအား လစာတိုးခြင်း အစား ထောက်ပံ့မှုများ တိုးမြှင့်ပေးမည် ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး နှစ်ပတ်အကြာ ထိုသို့ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

The Voice ကို တရားစွဲမည် ..

0 ဝေဖန်ချက်များ

မြန်မာ့ဆက်သွယ်ရေး

0 ဝေဖန်ချက်များ