Showing posts with label အနုပညာ. Show all posts
Showing posts with label အနုပညာ. Show all posts

Friday, February 17, 2012

အငိုမျက်လုံး အပြုံးမျက်နှာ .... ဆိုတာ ..

0 ဝေဖန်ချက်များ

CREDIT TO THITHTOOLWIN AND FACEBOOK

ရုပ်ရှင်နှင့် Video သရုပ်ဆောင်၊ ဒါရိုက်တာ မင်းအုပ်စိုး အရက်သေစာ မူးယစ်သောက်စားမှုကြောင့် တာမွေ မြို့နယ် .. ဖိုးစိန်လမ်း Holly Day စားသောက်ဆိုက်ရှေ့လမ်းမတွင် ၁၅ မိနစ်ခန့် ယာဉ်ကြောပိတ်ဆို့ မှုဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ် ... မင်းအုပ်စိုးမှ အရက်သေစာ မူးယစ်ပြီး သစ်ပင်များအား မီးရှို့ခဲ့သော ကြောင့် လာရောက်မီးငြိမ်းသတ်သော မီးသတ်တပ်ဖွဲ့ဝင်များအား အော်ဟစ် ဆဲဆိုခြင်း၊ လုံခြုံ ရေးလုပ်ငန်းများလာရောက်လုပ်ဆောင်သော တာမွေမြို့နယ် .. ရဲတပ်ဖွဲ့စခန်းမှ ရဲကား ၇ခ/၁၇၂၄ ယာဉ်အား လက်သီးဖြင့်ထိုးသောကြောင့် ရဲတပ်ဖွဲ့ပိုင်ယာဉ် ပျက်စီးဆုံးရှုံးခဲ့သဖြင့် ပ-၇၆/၂၀၁၂ ပုဒ်မ ပပက ၆၁ ဖြင့် လည်းကောင်း ရရ/၂၀၁၂ ပုဒ်မ ၂၉၄/၃၅၃ ဖြင့် ဒုရဲအုပ် အောင်ကျော်ထွန်း တရားလိုပြုလုပ်ပြီး အမှုဖွင့်ထားကြောင်း သိရှိရ/လည်းကောင်းအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိ ရဲစခန်းများတွင် အမှုပေါင်း ၁၁မှုကျူးလွန်ထားကြောင်း သိရသည်။

Sunday, January 22, 2012

"ပရမ်းပတာနဲ့ စည်းဓားလွတ် ရိုက်ချင်လို့ဆင်ဆာလွတ်လပ်ခွင့် တောင်းတာမဟုတ်ကြောင်း ဒါ...ရိုက်တာ ကျော်ဇောလင်းပြော"

0 ဝေဖန်ချက်များ
ဒါရိုက်တာ ကျော်ဇော်လင်း(အတွေးပုံ ရိပ်)က 'မှတ်တောင်ထားရဦးမယ်' ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးနေပါတယ်။ လူငယ် သဘာဝပေါ့ပေါ့ပါးပါးနေပေမယ့် အပျော် လွန်ပြီး ပျက်သွားတာတွေရှိတတ်တာကို သတိပေးတဲ့သဘောမျိုးအနေနဲ့ ရိုက်ထားတာ လို့ ပြောပါ တယ်။ လူငယ်တွေအနေနဲ့ ကိစ္စ တစ်ခုကို အလေးအနက်ထား မဖြေရှင်းဘဲ ပေါ့ ပေါ့ တန်တန် လုပ်ရင် ဆိုးကျိုးတွေရလာနိုင် တယ်ဆိုတဲ့ Message ပေးချင် တဲ့ အ တွက် ဟာသနဲ့ တွဲပြီး ရိုက်ကူးထားတာလို့ ပြောပါ တယ်။ ဒါရိုက်တာ ကျော်ဇော်လင်းက အရင် ကရိုက်ခွင့် မရတဲ့ တင်ပြပုံ၊ပလော့တွေကို ရှာ ပြီး ရိုက်ကြည့်ရတော့မယ်လို့ ဆိုတာကြောင့်
''ကျွန်တော်တို့ အားလုံးလိုလားနေတာ က ကိုယ်ဖန်တီးတဲ့အနုပညာအလုပ်တွေကို လွတ်လွတ်လပ်လပ်ပေါ့၊ လွတ်လွတ်လပ်လပ် ဆိုတာ ပရမ်းပတာမဟုတ်ဘဲ စည်းကမ်းတ ကျနဲ့ လွတ်လပ်မှုမျိုးပေါ့။ တောင်းဆိုထား တာကို တာဝန်ရှိတဲ့သူတွေကလည်း လိုက် လျောသင့်သလောက် လိုက်လျောပေးထား တယ်လို့ သိရတယ်။ အဲဒီအတွက် ရှေ့မှာ မရိုက်ဖြစ်ခဲ့တဲ့ တင်ပြပုံလေးတွေကို ရိုက်ကြည့် ရတော့မှာပေါ့။ အဲဒီလိုရိုက်ဖို့လည်း ပြင်ဆင် နေပါပြီ။ ဆင်ဆာနဲ့ပတ်သက်ပြီး ကျွန်တော့် တို့ဘက် က တောင်းဆိုတယ်ဆိုတာ နိုင်ငံရေး နဲ့ပတ်သက်ပြီး အနှောင့်အသွားမလွတ်တဲ့ ဇာတ်လမ်း၊ဇာတ်ကွက်မျိုးရိုက်ချင်လို့လည်း မဟုတ်ဘူး။ ပရမ်းပတာနဲ့စည်းလွတ်ဝါးလွတ် လုပ်ချင်လို့လည်း မဟုတ်ဘူး။ ဒီအတိုင်းခွင့် ပြုထားတဲ့အထဲကပဲ ရိုက်လာတာများလာ တော့ တဖြည်းဖြည်းနဲ့အနုပညာတန်ဖိုး နည်း နည်းလျော့လာတယ်။ ပရိသတ်ကို စွဲဆောင် နိုင် အားတွေလျော့လာတယ်။ မြန်မာကားတွေ အထင်သေးခံရတာ၊ ပြောဆို ခံရတာတွေ ဖြစ် လာတယ်။ ခွင့်ပြုထားတဲ့ အထဲမှာ ဝိုင်းပြုံ ပြီး လုပ်နေတော့ အကုန်လုံးထပ်လာတာပေါ့။ အခု နိုင်ငံအပြောင်းအလဲနဲ့ လွတ်လပ်ခွင့်တွေ ရသင့်သလောက် ရနေတဲ့အချိန်မှာ ကျွန် တော်တို့ဖန်တီးတဲ့ အနုပညာဇာတ်ကားတွေ ကို တစ်စိုက်မတ်မတ်အားပေးနေတဲ့ ပရိသတ် တွေအတွက် အမြင်အပြောင်းအလဲလေးတွေ ဖြစ်လာအောင် ဇာတ်ကားတွေကို အရင်က ထက်ပိုပြီး အာရုံစိုက်လာအောင်လုပ်ခွင့်ရချင် လို့ တောင်းတာပါ''လို့ ပြောပြ ခဲ့ပါတယ်။
 
@Popular News

"ရင်ထဲဗလာနဲ့ရှုတင်လာတဲ့ လူတွေနဲ့ အလုပ်မလုပ်ချင် ဘူးလို့ပြောလာတဲ့ ဒါရိုက်တာဝိုင်...း"

0 ဝေဖန်ချက်များ

'နင်စေရင်'ရုပ်ရှင်ဇာတ်ကားကြီးကို အပြီးသတ်ရိုက်ကူးပြီးစီးသွားပြီဖြစ်တဲ့ ဒါရိုက် တာဝိုင်းကို ဒီရုပ်ရှင်ကားကြီးကို တည်းဖြတ် နေချိန်မှာ ဒီဇာတ်ကားကြီးနဲ့ပတ်သက် ပြီး မေးမြန်းဖြစ်ခဲ့ပါတယ်။
''ဒီကားကြီးကို ဟိုးအရင်'နင်စေရင်'သီ ချင်းဗီစီဒီရိုက်ကတည်းက ရုပ်ရှင်ကားကြီး အဖြစ် ဖန်တီးမယ်ဆိုပြီး 'နှလုံးသားစီရင်ခန်း' လိုပဲရင်ထဲမှာ စိတ်ကူးထားတဲ့ဇာတ်လမ်းပေါ့' 'နှလုံးသားစီရင်ခန်း'ကိုရုပ်ရှင်ပြန်ရိုက်ဦးမယ်။ ဒီဇာတ်ကားကြီးကိုလည်း ရင်ထဲမှာရှိနေတာ ကြာပြီ။ ကောင်းအောင်လုပ်ရင်းနဲ့ ၇နှစ် လောက်ပျိုးပျိုးပြီး ရင်ထဲမှာခံစားထားတာ။ ရင်ဘတ်ထဲကလုပ်ထားတဲ့ ဇာတ်လမ်းလေးလို့ လည်း ပြောလို့ရတယ်''လို့ ဝိုင်းက ပြော ပါတယ်။
''နင်စေရင်'ဇာတ်ကားကြီးရိုက်ကူးပြီး ချိန်မှာ ဒီဇာတ်ကားကြီးနဲ့ဝတ်မှုံရွှေရည် အတွက် ဘယ်လောက်မျှော်လင့်ထားတယ် ဆိုတာကိုလည်း ဒါရိုက်တာဝိုင်းက...'' 'နင်စေရင်' ဇာတ်ကားနဲ့ ဝတ်မှုံရွှေရည် ဟာ လူတွေအမြင်မှာ လုံးဝပြောင်းသွားတဲ့ မင်းသမီး တစ်လက်ဖြစ်နိုင်တယ်။ ဘာဖြစ်လို့ လဲဆိုတော့ သူကစရိုက်သုံးမျိုးလုံးကို အကောင်း ဆုံးဖြစ်အောင် သရုပ်ဆောင်သွား နိုင်တယ်။ နာယူလိုစိတ်ရှိတယ်။ ပြီးတော့ အလုပ်အပေါ်မှာ ထားတဲ့စိတ်ဓာတ်ပေါ့။ ဒီကားရိုက်နေတဲ့အချိန်တခြားကြော်ငြာတွေ၊ တခြားဇာတ်ကားတွေ ဘာတစ်ခုမှမရိုက်ဘူး။ အဲဒီလိုဆိုတော့ ဒီဇာတ်ကောင်က သူ့ရင်ထဲ မှာရှိနေတယ်။ ရှုတင်ပေါ်တက်လာကတည်း က ဂါဂါဆိုတဲ့ဇာတ်ကောင်ရင်ထဲမှာပါလာ ပြီးသားဆိုတော့ အစ်ကိုသင်ပေးရတာ တအားကောင်းတယ်။ ရင်ထဲဗလာနဲ့ရှုတင် ပေါ်လာတဲ့ လူတွေနဲ့ အလုပ်မလုပ်ချင်ဘူး။ အချုပ်ဆိုရရင် ဝတ်မှုံရွှေရည်က ဒီကားနဲ့ ဖွေးဖွေးကိုဟောခဲ့ သလိုပေါ့။ ဖွေးဖွေး'လက်ပံ'နဲ့ အောင်မြင်သလို'နင်စေရင်'မှာ ဝတ်မှုံရွှေရည် က ပရိသတ်ရဲ့ မေတ္တာကိုအပြည့်အဝရမယ် လို့ အစ်ကိုကြိုပြောရဲတယ်။ ဝတ်မှုံရွှေရည်က သူ့ရဲ့ကြိုးစားတဲ့ ရလဒ်ကို သူပြန်ခံစားရမှာပဲ'' လို့ပြောပါတယ်။