Saturday, January 14, 2012

ဗိုလ်ချုပ်ရဲ့ မိန့်ခွန်း

0 ဝေဖန်ချက်များ
ယခုခေတ် ခေါင်းဆောင်မှုဟာ အရင်တုန်းက ခေါင်းဆောင်မှုနဲ့ နဲနဲမျှ မတူတော့ဘူးဆိုတာ ကောင်းကောင်းသတိထားကြပါ။ ရှေးတုန်းက ခေါင်းဆောင်မှုဟာ အစည်းအဝေးတက်တာမှာ စပြီး ဆုံးဖြတ်ချက်တွေချတာမှာ အဆုံးသတ်တာပဲ။ ယခုခေတ် ခေါင်းဆောင်မှုဟာ ဒါလောက်နဲ့ မဖြစ်တော့ဘူး။ ယခုခေတ် ခေါင်းဆောင်မှုဟာ ပြာပုံနဲ့ လောင်စာသာ ကျန်တော့တဲ့ ဘ၀ဆိုးကြီးမှ ဗမာပြည်ကြီးကို အသစ်ပြန်လည်ထူထောင်နိုင်တဲ့ ခေါင်းဆောင်မှုဖြစ်ရမယ်။ 

(ဗိုလ်ချုပ်အောင်ဆန်း၏ ‘လမ်းနှစ်ခွ’ မိန့်ခွန်းမှ)

No U Turn !

0 ဝေဖန်ချက်များ
ထိုင်းနိုင်ငံရောက် ကာကွယ်ရေးဦးစီးချုပ်က
မြန်မာ့နိုင်ငံရေး နောက်ပြန်မလှည့်ဘူးလို့ ပြောလိုက်ပါတယ်

အပြောင်းအလဲ သိပ်များရင် စစ်တပ်က အာဏာသိမ်းတော့မှာပဲလို့ တချို့က ယူဆနေချိန်မှာ ကာချုပ်က အခုလို ပြောလိုက်တာပါ...


@Irrawaddy Blog

CHANGE !

0 ဝေဖန်ချက်များ

၄၀၁ ဆိုတာဘာလဲ ?

0 ဝေဖန်ချက်များ
ပြစ်ဒဏ်များကို ဆိုင်းငံ့ထားခြင်း၊ လွတ်ငြိမ်းသက်သာခွင့်ပေးခြင်း နှင့် လျှော့ပေါ့ပြောင်းလဲခြင်း

၎ဝ၁။ (၁) ပြစ်မှုတစ်စုံတစ်ရာအတွက် တစ်ဦးတစ်ယောက်အား ပြစ်ဒဏ် ချမှတ်ပြီးသည့်အခါ နိုင်ငံတော်သမ္မတသည် မည်သည့်အခါမဆို စည်းကမ်းချက်မထားဘဲဖြစ်စေ၊ ပြစ်ဒဏ်စီရင်ခြင်းခံရသူ သဘောတူသည့် စည်းကမ်းချက် တစ်ခုထား၍ဖြစ်စေ ၄င်းအပေါ်ချမှတ်သည့် ပြစ်ဒဏ်အတည်ပြုလုပ်ခြင်းကို ဆိုင်းငံ့ထားနိုင်သည်၊ သို့မဟုတ် ၄င်းကိုစီရင်သည့် ပြစ်ဒဏ်အားလုံး၊ သို့မဟုတ် အစိတ်အပိုင်းတစ်စုံတစ်ရာကို လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်သည်။

(၂) မည်သည့်အခါမဆို ပြစ်ဒဏ်တစ်ခုကို ဆိုင်းငံ့ထားရန်၊ သို့မဟုတ် လွတ်ငြိမ်း သက်သာခွင့်ပေးရန်အတွက် နိုင်ငံတော် သမ္မတထံ လျှောက်ထားသည့်အခါ ယင်းလျှောက်ထားချက်ကို ခွင့်ပြုသင့်သည်၊ သို့မဟုတ် ငြင်းပယ်သင့်သည်ကို မည်သို့ ထင်မြင်သဘောရကြောင်း၊ မည်သည့်အတွက် ထိုသို့သဘောရကြောင်းကို အကြောင်းပြချက်များ ဖော်ပြရန်အပြင် အဆိုပါထင်မြင်ချက်စာတမ်းနှင့်အတူ အမှုတွဲမှတ်တမ်း၏ တာဝန်ခံမိတ္တူ၊ သို့မဟုတ် အဆိုပါ အမှုတွဲကို ပေးပို့စေရန် ၄င်းပြစ်မှု ထင်ရှားစီရင်သည့်၊ သို့မဟုတ် အတည်ပြုသည့် တရားရုံး၏ ရုံးထိုင်တရားသူကြီးအား နိုင်ငံတော် သမ္မတက ညွှန်ကြားနိုင်သည်။

(၃) ပြစ်ဒဏ်တစ်ရပ်ကို ဆိုင်းငံ့ထားရန်၊ သို့မဟုတ် လွတ်ငြိမ်းသက်သာခွင့်ပေးရန် ထားရှိသည့် စည်းကမ်းချက် တစ်စုံတစ်ရာနှင့် ပြည့်စုံခြင်းမရှိဟု နိုင်ငံတော်သမ္မတက သဘောရရှိလျှင် နိုင်ငံတော်သမ္မတသည် ဆိုင်းငံ့ထားသည့်အမိန့်၊ သို့မဟုတ် လွတ်ငြိမ်းသက်သာခွင့်ပေးသည့်အမိန့်ကို ဖျက်သိမ်းနိုင်သည်။ ယင်းကဲ့သို့ ဖျက်သိမ်းလိုက်သည့်အခါ ပြစ်ဒဏ်ကို ဆိုင်းငံ့ထားခြင်း၊ သို့ဟုတ် လွတ်ငြိမ်းသက်သာခွင့်ပေးခြင်းခံရသူသည် လွတ်နေပါက မည်သည့်ရဲ့အရာရှိကမဆို ဝရမ်းမပါဘဲ ဖမ်းဆီးပြီး၊ ပြစ်ဒဏ်မစေ့မကုန်သေးသည့် ကျန်ရှိသေးသော ပြစ်ဒဏ်အပိုင်းကို ကျခံစေရန်အတွက် အကျဉ်းချထားခွင့်ရှိသည်။

(၄) ဤပုဒ်မအရ၊ ပြစ်ဒဏ်တစ်ရပ်ကို ဆိုင်းငံ့ထားခြင်း၊ သို့မဟုတ် လွတ်ငြိမ်းသက်သာခွင့် ပြုရာတွင် ထားရှိသည့်စည်းကမ်းချက်သည် ထိုသို့ဆိုင်းငံ့ထားခြင်း၊ သို့မဟုတ် လွတ်ငြိမ်း သက်သာခွင့်ပြုခြင်းခံရသူက ပြည့်စုံစွာ ဆောင်ရွက်ရမည့် စည်းကမ်းချက်ဖြစ်နိုင်သည်၊ သို့မဟုတ် ၄င်း၏သဘောဆန္ဒနှင့် လွတ်ကင်းသည့် စည်းကမ်းချက် ဖြစ်နိုင်သည်။

(၄ က) အထက်ပါ ပုဒ်မခွဲများတွင်ပါရှိသော ပြဌာန်းချက်များမှာ တစ်ဦးတစ်ယောက်အား လွတ်လပ်မှုကို ကန့်သတ် စေသည့်၊ သို့မဟုတ် ၄င်း၏ပစ္စည်းအပေါ် တာဝန်တစ်စုံတစ်ရာ သက်ရောက်စေသည့် ဤကျင့်ထုံးဥပဒေ၊ သို့မဟုတ် အခြားဥပဒေတစ်ရပ်ရပ်အရ ရာဇဝတ်တရားရုံး တစ်ရုံးရုံးက ချမှတ်သည့် အမိန့်တစ်စုံတစ်ရာနှင့်လည်း သက်ဆိုင်စေရမည်။

(၅) နိုင်ငံတော်သမ္မတက ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့်၊ ပြစ်ဒဏ်ရွှေ့ဆိုင်းခွင့်၊ ဆိုင်းငံ့ခွင့် လွတ်ငြိမ်းသက်သာခွင့် ပေးနိုင်သည့်အခွင့်ကို ဤပုဒ်မပါ မည်သည့်အချက်အရမျှ စွက်ဖက်သည်ဟု မမှတ်ယူရ။

(၅ က) နိုင်ငံတော်သမ္မတက စည်းကမ်းချက်တစ်ရပ်ထား၍ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် ပြုရာတွင် သတ်မှတ်ထားသည့် မည်သည့်စည်းကမ်းချက်မျိုးမဆို ဤကျင့်ထုံးဥပဒေအရ အခွင့်အာဏာရ တရားရုံးတစ်ရုံး၏ ပြစ်ဒဏ်တစ်ရပ်အရ သတ်မှတ်ကြောင်းမှတ်ယူရမည့်အပြင် ယင်းသို့ မှတ်ယူသည့် အတိုင်းလည်း အတည်ပြုလုပ်စေရမည်။

(၆) နိုင်ငံတော်သမ္မတသည် ယေဘုယျ နည်းဥပဒေများ၊ သို့မဟုတ် အထူးအမိန့်များအရ ပြစ်ဒဏ် ဆိုင်းငံ့ထားရန်နှင့် လျှောက်လွှာများ တင်သွင်းခြင်းဆိုင်ရာ စည်းကမ်းချက်များနှင့်စပ်လျဉ်း၍ ညွှန်ကြားချက်များ ပေးနိုင်သည်။

Interview With U Khin Nyunt

0 ဝေဖန်ချက်များ

 12:13 PM

" နေကောင်းပါတယ်။ ကျန်းမာရေးလည်းကောင်းပါတယ်။ ပျော်တော့ပျော်တာပေါ့။ မိသားစုလည်းပျော်တယ်၊ လွတ်ပေမယ့်လည်း ကျန်တဲ့ တပည့်တွေရှိနေသေးတယ်။ ဟိုမှာ မလွတ်သေးတာပေါ့ကွယ်။ ကျန်တဲ့ တချို့လွတ်သင့်လွတ်ထိုက်တဲ့လူတွေလည်း ရှိနေသေးတယ်။ အားလုံးလွတ်ရင်တော့ ပိုကောင်းတာပေါ့။ အားလုံးမိသားစုတွေနဲ့ဆုံကြတဲ့အချိန်မှာ ပိုကောင်းတာပေါ့။ သူတို့ကြီးပဲ ဒီလို လွတ်မြောက်လာတာ တစ်ကိုယ်ကောင်းဆန်တယ်လို့တော့ စိတ်ထဲမှာ ဖြစ်မိတယ်။ အားလုံးလွတ်ရင်ကောင်းမယ်။ လွတ်ပါစေလို့ပဲ ဆုတောင်းတယ်။ အချိန်ကာလတစ်ခုမှာ လွတ်လိမ့်မယ်လို့ ထင်ပါတယ်။ လက်ရှိအစိုးရကလည်း တစ်ဆင့်ပြီး တစ်ဆင့် ဆောင်ရွက်နေမှာဆိုတော့ လွတ်လိမ့်မယ်လို့ထင်ပါတယ်" ဟု  ဦးခင်ညွန့်(ဗိုလ်ချုပ်ကြီးဟောင်း) က မီဒီယာများသို့ ပြောကြားခဲ့သည်။


12:14 PM

"လက်ရှိအစိုးရကကောင်းတယ်လေ။ ကောင်းတယ်ဆိုတာက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပြီးပြီ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေ၊ လက်ရှိသမ္မကြီးရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေ ၊ နှစ်ဦးစလုံးရဲ့ဆောင်ရွက်မှုတွေဟာ တိုင်းပြည်အနာဂတ်အတွက် ကောင်းမယ်လို့ မြင်ပါတယ်" ဟု ဦးခင်ညွန့်(ဗိုလ်ချုပ်ကြီးဟောင်း) က မီဒီယာများသို့ ဆက်လက်ပြောကြားခဲ့သည်။


@ Eleven Media Group

Wednesday, January 11, 2012

10 January 2012's NIGHT !

0 ဝေဖန်ချက်များ
နေပြည်တော်၊ ပျဉ်းမနားမြို့ အောင်မင်္ဂလာ ကားဝင်းမှာ ၁၀ ရက်နေ့ည ကဖျော်ဖြေပွဲ တစ်ခု ပြုလုပ်သွား ခဲ့ပါတယ် ... ပျဉ်းမနားသားတွေ ကြိတ်ကြိတ်တိုး မရအောင် စည်ကားခဲ့ပါတယ် ....

@ 10 January 2012
Thet Mon Myint
Thet Mon Myint
Sandi Myint Lwin
Sandi Myint Lwin

ချီးမွမ်းခြင်းဆိုတဲ့ ပဲ့တင်သံ

0 ဝေဖန်ချက်များ
ချီးမွမ်းခြင်းက တော်သင့်ရုံလူတစ်ယောက်ကို သူရဲကောင်းဖြစ်စေနိုင်သလို၊ မျက်နှာကြောတင်းသူကို အပြုံးတွေ ပွင့်လန်းစေနိုင်တယ်။ တခြားသူကို ဟန်မဆောင်ဘဲ ချီးမွမ်း၊ ချီးကျူးတတ်တာဟာ ဘဝကို ပိုလှပကောင်းမွန်စေပါတယ်။

လူတိုင်းလူတိုင်းမှာ မိမိကိုယ်ကိုတန်ဖိုးထားခြင်း၊ ဂုဏ်ယူခြင်းတွေရှိတယ်။ လူတစ်ယောက်ကို ရိုးရိုးသားသား ချီးမွမ်းတာ၊ ထောက်ခံတာဟာ သူ့တန်ဖိုးကို အကောင်းဆုံးအသိအမှတ်ပြုတာ၊ တန်ဖိုးထားတာပဲဖြစ်တယ်။ ဟန်မဆောင်တဲ့ကျေးဇူး၊ ဟန်မဆောင်တဲ့စိတ်ကောင်းစေတနာနဲ့ ချီးကျုးခြင်းတွေက လူလူချင်းကြားအကွာအဝေးကို ပိုနီးကပ်စေနိုင်သလို သူစိမ်းဆန်ခြင်း၊ ကွာဟချက်တွေကိုလည်း ပပျောက်စေနိုင်ပါတယ်။

နိုင်ငံခြားရင်းနှီးမြုပ်နှံကုမ္ပဏီတစ်ခုမှာ သန့်ရှင်းရေးသမားတစ်ဦးရှိတယ်။ သူဟာ လူတွေအလျစ်လျူရှုခံရဆုံး၊ အထင်သေးခံရဆုံးသူဖြစ်တယ်။ ဒါပေမယ့် ဒီလိုလူတစ်ဦးဟာ ညတစ်ညမှာ ကုမ္ပဏီမီးခံသေတ္တာ အလုယှက်ခံရချိန်မှာ သူခိုးဓမြနဲ့ သတ်ပုတ်ခဲ့သူဖြစ်တယ်။ အဖြစ်အပျက်ပြီးနောက် ဂုဏ်ပြုပွဲမှာ လူတွေက သူ့ကိုအကြောင်းရင်းမေးတော့ သူ့အဖြေက လူတွေထင်မှတ်မထားတဲ့အဖြေ ဖြစ်နေခဲ့တယ်။ ကုမ္ပဏီ အထွေထွေမန်နေဂျာက သူ့အနားကဖြတ်သွားတိုင်း "မင်းလှဲကျင်းတာ အရမ်းသန့်ရှင်းတယ်" လို့ သူ့ကိုအမြဲ ချီးမွမ်းခဲ့လို့ပါတဲ့။ ဒီလို သာမန်တဲ့စကားတစ်ခွန်းက သန့်ရှင်းရေးအလုပ်သမားကို ခံစားစေခဲ့ပြီး ကိုယ့်အသက်ကိုတောင်မမူဘဲ ကုမ္ပဏီကိုပေးဆပ်ချင်ခဲ့တယ်။

အမေရိကန် စီးပွားရေးလုပ်ငန်းရှင် Mary. Kayက
"လောကမှာ ငွေကြေးထက်၊ ဘဝထက် လူတွေပိုလိုအပ်တဲ့အရာနှစ်ခုရှိတယ်။ အဲဒီနှစ်ခုက အသိအမှတ်ပြုခံရခြင်းနဲ့ ချီးမွမ်းခြင်းပါပဲ" လို့ ပြောခဲ့တယ်။

ချီးမွမ်းရုံနဲ့ဖြစ်ပါ့မလား! ချီးမွမ်းမယ့်အစား ငွေကြေးဆုလာဘ်တွေပေးတာကမှ ပိုကောင်းဦးမယ်လို့ လူတွေ ထင်ကောင်းထင်လိမ့်မယ်။ တကယ်တော့ သူတို့မသိတာက ချီးမွမ်းခြင်းဟာ လူတစ်ယောက်ရဲ့အတွင်းစိတ်နဲ့ စိတ်ဓာတ်အတွက် အကောင်းဆုံးဆုဆိုတာပါပဲ။ အသိအမှတ်ပြုခံရခြင်း၊ ချီးမွမ်းခြင်းကြောင့် ရလာတဲ့ပြည့်ဝခြင်းက ငွေကြေးကြောင့်ရလာတဲ့ ပျော်ရွှင်ခြင်းထက် ပိုသာလွန်နေပါတယ်။

အားပေးချီးကျူးလုပ်တာကို မနှစ်သက်ဘူး၊ မနှစ်မြို့တဲ့ ဆရာတစ်ဦးရှိတယ်။ တစ်ခါက အဲဒီဆရာဟာ လေ့ကျင့်ရေးသင်တန်းတစ်ခုတက်ပြီး တစ်ပတ်အကြာမှာ အရေးပါတဲ့စာတမ်းတိုတစ်ခု တင်ရတယ်။ အဲဒီစာတမ်းတိုကို သူအကောင်းဆုံးရေးခဲ့တယ်။ ဒါကို သူ့အထက်ဆရာက သူ့ကိုအသိအမှတ်ပြုချင်၊ ချီးကျူးချင်တာနဲ့ ပုံဆွဲစာရွက်ဝါတစ်ရွက်ကို ကတ်တစ်ကတ်အဖြစ်ခေါက်ပြီး စာရွက်ပေါ်မှာ "အရမ်းကောင်းတယ်!"ဆိုတဲ့ အားပေးစကားတစ်ခွန်း ရေးလိုက်တယ်။ လူချင်းတွေ့တော့ ဆရာက သူ့ကိုချီးမွမ်းစကားပြောပြီး ရေးထားတဲ့ကတ်ကို ပေးလိုက်တယ်။ ကတ်ကိုရတော့ သူတစ်ချက်ကြည့်လိုက်တယ်။ ပြီးတော့ နေရာမှာတင် တခဏရပ်ပြီး ခေါင်းငိုက်စိုက်နဲ့ ရုံးခန်းထဲကနေ လှည့်ထွက်သွားခဲ့တယ်။ သူ့အဖြစ်ကြောင့် သူ့အထက် ဆရာက နားမလည်ဖြစ်ပြီး "ငါ အမှားလုပ်မိသွားသလား"လို့ တွေးလိုက်မိတယ်။ စိတ်ထဲ မတင်မကျဖြစ်မိတဲ့ဆရာဟာ တပည့်နောက်ကိုလိုက်ကြည့်တော့ တပည့်ဟာ သူပေးတဲ့ကတ်ကိုကိုင်ပြီး တစ်ခန်းဝင်တစ်ခန်းထွက် လူတွေကို လိုက်ကြွားဝါနေတာကို တွေ့လိုက်တယ်။ ဒီအဖြစ်က ဒီမှာတင် တစ်ခန်းရပ်မသွားပါဘူး။ နောက်ပိုင်းမှာ ကတ်ရခဲ့ဆရာဟာ ဒီနည်းကို သူ့အထက်ဆရာထက် ပိုအသုံးပြုခဲ့ပါတယ်။ သူကိုယ်တိုင် လုပ်ထားတဲ့ကတ်တွေကို အသုံးပြုပြီး လူတွေကို သူချီးမွမ်းတတ်ခဲ့၊ အသိအမှတ်ပြုတတ်ခဲ့တယ်။

လူတွေကို အကောင်းမြင်စိတ်နဲ့ ချီးမွမ်းတတ်တဲ့ စိတ်ပညာရှင်တစ်ဦးဟာ စာတိုက်တစ်တိုက်ဆီ ရောက်ခဲ့တယ်။ စာတစ်စောင်ပို့ဖို့ သူတန်းစီစောင့်နေတုန်း ကောင်တာက စိတ်ရှုပ်၊ စိတ်နောက်နေတဲ့စာရေးမကို သူ အမှတ်မထင် သတိထားလိုက်မိတယ်။ စိတ်ပညာရှင်ဟာ ရုတ်တရက် အကြံတစ်ခုရလိုက်တယ်။ ဒီစာရေးမ ပျော်လာအောင် သူစမ်းသပ်ကြည့်ဖို့ဖြစ်တယ်။

"သူ့ကို ပျော်အောင်လုပ်ချင်ရင်၊ ငါ့ကို ထင်မြင်ချက်ကောင်းပေးစေချင်ရင် နားထောင်လို့ကောင်းတဲ့
စကားနဲ့ သူ့ကိုချီးမွမ်းရမယ်" လို့ သူတွေးလိုက်တယ်။ ပြီးတော့ "သူ့ကိုယ်ပေါ်မှာ ငါချီးမွမ်းရလောက်တဲ့အရာ ဘာရှိသလဲ! ငါ ဟန်မဆောင်ဘဲ တကယ်ချီးမွမ်းချင်တဲ့အရာ ဘာရှိသလဲ?" လို့ မေးခွန်းထုတ်ပြန်တယ်။ ပြီးတော့ စာရေးမကို သူအကဲခတ်တယ်။ နောက်ဆုံးမှာ ချီးမွမ်းစရာကို သူရှာတွေ့လိုက်ပါတယ်။

သူပို့မယ့်စာကို စာရေးမလှမ်းယူပြီး အလေးချိန်ချိန်နေတုန်းမှာ စိတ်ပညာရှင်က ရိုးသားတဲ့စကားတစ်ခွန်းနဲ့ စပြောပါတယ်။

"ခင်ဗျားလို ဖြောင့်စင်းပြီး လှပကောင်းမွန်တဲ့ဆံပင်ရှိနိုင်မယ့် နေ့တစ်နေ့ကို ကျွန်တော်မျှော်လင့်မိပါတယ်"

စိတ်ပညာရှင်ရဲ့စကားကိုကြားတော့ စာရေးမက မျက်လုံးတစ်ချက်ပင့်ကြည့်တယ်။ သူ့မျက်လုံးမှာ အံ့သြမှုတွေနဲ့ ပြည့်နေတယ်။ တဆက်တည်း သူတစ်ချက်ပြုံးလိုက်ပြီး " ဟား... ကျွန်မရဲ့ဒီဆံပင်တွေ အရင်ကနဲ့စာရင် ပိုဆိုးသွားတယ်" လို့ ခပ်လျှိုလျှိုပြောတယ်။ စိတ်ပညာရှင်ရဲ့စကားကြောင့် သူ့စိတ်ခံစားမှု ပိုကောင်းသွားပါတယ်။ စိတ်လိုလက်ရ တအောင့်ကြာလောက် သူတို့ စကားစမြည်းပြောဖြစ်ခဲ့ကြတယ်။ စိတ်ပညာရှင်ပြန်ခါနီးမှာတောင် စာရေးမက "တကယ်တော့ ကျွန်မရဲ့ ဒီဆံပင်နက်နက်တွေကို လူတော်တော်များများ အားကျကြတယ်" လို့ ထပ်ပြောလိုက်ပါသေးတယ်။

လူတစ်ယောက်မှာ ဘယ်လိုအောင်မြင်မှု၊ ဘယ်လိုရာထူးဂုဏ်ပဲရှိရှိ ချီးမွမ်းခြင်းတွေ လိုကိုလိုအပ်ပါတယ်။ သိပ်အရယ်အပြုံးမရှိတဲ့ ကိုယ့်အထက်လူကြီးနဲ့ မျက်နှာချင်းဆိုင်မိတဲ့အခါ သူ့ကို ရိုးသားတဲ့ချီးမွမ်းစကား သင်ဆိုနိုင်ပါတယ်။ မထင်မှတ်တဲ့အချိန်မှာ ကြားလိုက်ရတဲ့ ချီးမွမ်းစကားက သူ့စိတ်ကို ပြုံးရယ်စေမှာ အမှန်ပါ။

သူတစ်ပါးကိုချီးမွမ်းဖို့ သင့်ဖက်က ဘာမှ များများစားစား ပေးဆပ်စရာမလိုပါဘူး။ သင်လုပ်ရမှာက အချင်းချင်းပြောဆိုဆက်ဆံချိန်မှာ ဂရုတစိုက်ရှိဖို့နဲ့ သူ့ရဲ့အားသာချက်ကိုတွေ့တဲ့အခါ ချီးမွမ်းစကားဆိုဖို့၊ အသိအမှတ်ပြုဖို့ပဲဖြစ်တယ်။ တခြားသူရဲ့ကောင်းကွက်၊ အားသာချက်ကို သတိပြုမိချိန်မှာ သင့်ကိုယ်သင်လည်း သင့်ဘဝရဲ့ တောက်ပရောင်ခြည်ကို စသတိပြုမိပါလိမ့်မယ်။

ချီးမွမ်းခြင်းမှာ ပဲ့တင်သံရှိပါတယ်။ သင့်ရဲ့ချီးမွမ်းစကားတွေ သင့်ကိုပဲ့တင်ထပ်ပါလိမ့်မယ်...


မူရင်း-- http://www.duwenzhang.com/wenzhang/shenghuosuibi/shenghuoganwu/20110702/191046.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

ကြိုက်လွန်းလို့ နိုင်းနိုင်စနေ ဆီက ကော်ပီကူးယူထားပါသည်။

Tuesday, January 10, 2012

Promotion Show တစ်ခုပါ!

0 ဝေဖန်ချက်များ
လတ်တစ်လော ကတော့ နေပြည်တော်မှာပဲ ဗျာ .. နက်ဖြန် သဘက်လောက်မှ ရန်ကုန်ပြန်ဆင်းရမယ် ထင်တယ် ... ဟိုနေ့ကတော့ ပြပွဲက Promotion Show လေး တစ်ခု ကို ဓာတ်ပုံလေး ရိုက်ဖြစ်တယ်ဗျ .. လန်းတော့ မလန်းဘူးဗျာ .. တင် တော့တင်လိုက်မယ် ။

@ Promotion Show, Nay Pyi Taw
@ Promotion Show, Nay Pyi Taw
@ Promotion Show, Nay Pyi Taw

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးလှုပ်ရှားမှု လွှတ်ယုံကြည်ချက် အကျဉ်းသားစာသားပါ တီရှပ်အကျီင်္၌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ရေးထိုး..

0 ဝေဖန်ချက်များ


ဇန္နဝါရီလ (၉)ရက်နေ့ညက ပြည်ထောင်စု တိုင်းရင်းသားများ ပညာရေး ရန်ပုံငွေ တေးဂီတဖျော်ဖြေပွဲတွင် ပါဝင်သီဆိုခဲ့ ဖျော်ဖြေပေးခဲ့ကြသည့် ဂီတအနုပညာရှင်များနှင့် ပါဝင်ကူညီ ပံ့ပိုးခဲ့သူများအား  လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ဂုဏ်ပြုပွဲကျင်းခဲ့ပါသည်..။ အဆိုပါ အခမ်းအနားတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးလှုပ်ရှားမှု T Shirt Campaign အကျီင်္အား လက်မှတ်ရေးထိုး ပေးခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ တက်ရောက်လာကြသော ဂီတအနုပညာရှင်များမှ လွှတ်ယုံကြည်ချက် အကျဉ်းသားစာသားပါ တီရှပ်များအား ဝတ်ဆင်၍ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှု၌ ပူးပေါင်း ပါဝင်ခဲ့ကြပါသည်...။

သတင်း၊ ဓာတ်ပုံ.. ဇော်တူး၊ ဒီမိုဝေယံ၊

Firework Snap Shot!

0 ဝေဖန်ချက်များ
လက်သုံးတော် Canon Power Shot D10 Camera လေးနဲ့ Firework Function ကို မသုံးတတ် သုံးတတ်နဲ့ ညဘက် ကလိထား တာဗျ။ Pro Camera တော့ မဟုတ်ဖူးပေါ့။

@ Sub-way, Nay Pyi Taw
Show @ Nay Pyi Taw

Night Shot !

0 ဝေဖန်ချက်များ
နေပြည်တော် ညနေပိုင်း ရေပန်းဥယျာဉ် ဘက် ခဏတစ်ဖြုတ်ရောက်သွားမိပါတယ်။ ညပိုင်း  မှောင်လာတာနဲ့ မီးအလင်းရောင် တွေနဲ့ တော်တော်လှတယ်ဗျ .. ပြန် အထွက် ကြိုးတံတားကို
ဖြတ်တော့ တစ်ပုံ ရိုက်လိုက် တယ် ဗျ .. ထုံးစံအတိုင်း ဖုန်းနဲ့ပဲပေါ့ဗျာ .. ကင်မရာ အခွန်ဆောင်ရမှာ ကြောက်လို့ ..

@ Water Fountain Park, Nay Pyi Taw

Sunset !

0 ဝေဖန်ချက်များ
Blog ဘက်ကို ခြေဦးမလှည့်ဖြစ်တာ နှစ်နဲ့ချီပြီး ကြာလှပေါ့ဗျာ ... နေပြည်တော်က ပြပွဲတစ်ခုရော်နေတုန်း အားအားယားယား ဖြစ်နေတာနဲ့ Blog ဘက်ကို ပြန်လှည့်ဖြစ်ပါတယ်။ ဘာရယ် မဟုတ် မနေ့က ညနေပိုင်း ဖုန်းနဲ့ Game ကစားနေတုန်း Sunset လေးတွေ့တာနဲ့ ရုတ်တရက် လှမ်းရိုက်လိုက်တာပါ။

@ Nay Pyi Taw, Sunset

Fool A Moment !

0 ဝေဖန်ချက်များ
နေပြည်တော်ရောက်တုန်း ခဏတစ်ဖြုတ် ကိုယ် တိုင် ရူးသွပ်ကြည့်တာပါ။

@ NAY PYI TAW Water Fountain Garden