Thursday, March 15, 2012

ကမ္ဘာနှင့်နေ တစ်တန်းတည်း ကျရောက်ခြင်းကြောင့် ဂြိုဟ်တုမှဖမ်းယူ ထုတ်လွှင့်သော ရုပ်သံလိုင်းများ ၆ ရက်တာ ကမောက်ကမ ဖြစ်မည်

0 ဝေဖန်ချက်များ

ကမ္ဘာဂြိုဟ်နှင့် နေတို့ တစ်တန်းတည်း ရှိနေခြင်းကြောင့် ဂြိုဟ်တုမှ တစ်ဆင့် ဖမ်းယူ ထုတ်လွှင့် နေသည့် ရုပ် သံလိုင်းများ လိုင်းပြတ်တောက်ခြင်းနှင့် ထစ်ခြင်း များ ဖြစ်ပေါ်နေကြောင်း ရွှေသံလွင် ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သိရသည်။

 ယင်းသို့ ရုပ်သံလိုင်း များ ပြတ်တောက်ခြင်းနှင့် ထစ်ခြင်းများမှာ မတ်လ ...၁ဝ ရက်နေ့မှ ၁၅ ရက်နေ့အထိသာ ဖြစ်ပွားမည်ဖြစ် ပြီး၊ ၄င်းရက်များ ကုန်လွန်ပါက မူလ အတိုင်း ကောင်းမွန် စွာ ပြန်လည် ကြည့်ရှု နိုင်မည်ဖြစ်ကြောင်း Sky Net ရုပ်သံလိုင်း၏ ကြေညာချက် အရ သိရသည်။

 ''ဂြိုဟ်တုကနေ တစ်ဆင့် ထုတ်လွှင့်တဲ့ ရုပ်သံလိုင်း အားလုံး ဖြစ်မှာပါ။ ကျွန်တော်တို့ Sky Net ရုပ် သံလိုင်းကတော့ ထိုင်းဂြိုဟ်တုကနေ တစ်ဆင့် ပြန်လည် ထုတ်လွှင့်နေ တဲ့အတွက် ထိုင်းနိုင်ငံမှာ ဖြစ်တဲ့အတိုင်း နေ့ဘက်တွေမှာ ရုပ်သံထစ်တာတွေ၊ လိုင်းပြတ်တောက် တာတွေ ဖြစ်မှာပါ။ ဒါကလည်း ကမ္ဘာဂြိုဟ်နဲ့နေတို့ တစ်တန်းတည်း ရှိနေ တဲ့အတွက် ကမ္ဘာနဲ့နေ ကြားမှာ ရှိတဲ့ လွှင့်တင်ထားတဲ့ ဂြိုဟ်တုတွေ နေရဲ့အပူရှိန်ကြောင့် အခုလိုမျိုး ဖြစ်နေတာပါ''ဟု Sky Net မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 ထိုသို့ ကမ္ဘာဂြိုဟ်နှင့် နေတို့ တစ်တန်းတည်း ကျရောက်မှုများမှာ တစ်နှစ် လျှင် နှစ်ကြိမ်ခန့် ဖြစ်ပေါ် လျက်ရှိပြီး အများ ဖြစ်ပွားသည့်လမှာ မတ်လ ဖြစ်ကြောင်း ၄င်း အပြင် နောင်နှစ်များတွင် ဖြစ်ပွားမည့် ကမ္ဘာဂြိုဟ်နှင့်နေတို့ တစ်တန်းတည်း ကျရောက်မည့် လများနှင့်ရက်များကို တွက်ချက်နိုင်မည်ဖြစ် ကြောင်း www. satellite circulation.com တွင် ဖော်ပြထားသည်။

 ''နေနဲ့ အရမ်းနီးကပ်တဲ့ ဂြိုဟ်တုဆိုရင်တော့ နေ့ဘက်တောင် မကဘူး။ ညဘက်တွေပါ လိုင်းပြတ်တောက်နိုင်တယ်။ တချို့ နိုင်ငံတွေမှာဆိုရင် ထုတ်လွှင့်မှုရက် ပိုင်း တော်တော် ကြာကြာ ပိတ်ထားရတဲ့ ထိ ဖြစ်တာရှိပါတယ်''ဟု ၄င်းက ဆက်လက်ပြောသည်။

 ပြည်တွင်း၌ ဂြိုဟ်တုမှ တစ်ဆင့် ဖမ်းယူကြည့်ရှုနေသည့် ရုပ်သံလိုင်း များမှာ နှစ်ပေစလောင်း၊ သုံးပေစလောင်းနှင့် Sky Net တို့ဖြစ်ပြီး ယင်းတို့မှာ ထိုင်းနိုင်ငံ မှတစ်ဆင့် ပြန်လည် ထုတ်လွှင့်ပေးသည့် ရုပ် သံလိုင်းများ ဖြစ်သည်။

ကရင်ပြည်နယ် မြဝတီမြို့ တွင် အဖိုးတန်စိန်အမြောက်အမြား ထွက်ရှိနေ

0 ဝေဖန်ချက်များ
@ Myanmar Times

ကရင်ပြည်နယ် မြဝတီမြို့ တောင်ဘက်  မိုင် ၂ဝအကွာတွင် အဖိုးတန် စိန်အမြောက်အမြား ထွက်ရှိသော စိန်တွင်းတစ်တွင်းကို အမေရိကန်နိုင်ငံ နာဆာမှလွှတ်တင်ထားသော Land Sat7 ဂြိုလ်တုဖြင့် မကြာသေးခင်က တွေ့ရှိခဲ့သည်ဟု ဒဂုံတက္ကသိုလ် ဘူမိဗေဒဌာနမှ အငြိမ်းစား ပါမောက္ခဦးစိုးသိန်းကပြောသည်။
အဆိုပါစိန်တွင်းရှိရာနေရာသို့  မြဝတီမြို့ ကားလမ်းဖြင့် တိုက်ရိုက် ရောက်ရှိနိုင်ပြီး ထိုင်းနိုင်ငံမှ အဆိုပါစိန်တွင်းကို တူးဖော်ခွင့်ရရှိရန် ဆောင်ရွက်နေ ကြောင်း သိရသည်။''ဩစတြေးလျနဲ့တရုတ်လဲ မကြာခင်က တူးကြသေးတယ်။ အောင်မြင်မှု ရှိမရှိတော့ မသိဘူး။ ဂြိုလ်တုက နေကြည့်တော့ စိန်အမြောက် အမြားထွက်နေတယ် ဆိုတာ သေချာတယ်'' ဟု ဦးစိုးသိန်းက ထပ်မံပြောသည်။

'သတ္တုတွင်း ဝန်ကြီးဌာနအနေနဲ့ကတော့ စိန် တူးခွင့် လျှောက်ထား လာတဲ့ ကုမ္ပဏီတွေ ကိုသတ်မှတ်ချက် စည်းမျဉ်းစည်းကမ်း နဲ့ညီမညီ အရင်ကြည့်တယ်။ သတ်မှတ်ချက် စည်းမျဉ်းတွေနဲ့ ညီရင်တော့ လုပ်ပိုင်ခွင့် ပြုမိန့်တွေ ချထားပေးမှာပါ'' ဟု အမှတ်(၂) သတ္တုတွင်း ဝန်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦး ကပြောသည်။''ဩစတြေးလျနဲ့တရုတ်လဲ မကြာခင်က တူးကြသေးတယ်။ အောင်မြင်မှု ရှိမရှိတော့ မသိဘူး။ ဂြိုလ်တုက နေကြည့်တော့ စိန်အမြောက် အမြားထွက်နေတယ် ဆိုတာ သေချာတယ်''

မြန်မာနိုင်ငံတွင် ကျောက်မျက်ရတနာ တန်းဝင်စိန်များကို ၁၉၆ဝပြည့်နှစ်တွင် မိုးမိတ်မြို့နယ်၊ မကျည်း ပင်ကျေးရွာနှင့် မိုးဟောက် ကျေးရွာပတ်ဝန်းကျင်တွင် စတင်တွေ့ရှိရပြီး ၁၉၇၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ဘူမိဗေဒဌာနတို့ပူးပေါင်းရှာ ဖွေရာတွင် စိန်တွေ့ရှိရာ နယ်မြေ အသစ်များ နှစ်စဉ်နှင့်အမျှ တိုးပြီးတွေ့နေရ ကြောင်း သိရသည်။

မြန်မာနိုင်ငံ တနင်္သာရီတိုင်း သိန္ဓောဒေသရှိ စိန်တွင်းသည် တန်ဖိုးကြီး စိန် များနှင့် စိန်အမြောက် အမြားထွက်ရှိသော ဒေသတစ်ခုအဖြစ် ထင်ရှားသည်။ တောင်ငူဒေသ တွင်လည်း မကြာသေးမီက စိန်တွင်း တစ်တွင်း တွေ့ရှိခဲ့ရာ ၁၄ရတီခန့် အထိ ရှိသော တန်ဖိုးကြီးစိန် တစ်ခုလည်း ပါဝင်လာခဲ့ကြောင်း သိရသည်။

Wednesday, March 14, 2012

ဝန်ထမ်းများ ထောက်ပံ့ကြေး တိုးကြမည် ...

0 ဝေဖန်ချက်များ
Copyright © Voice Weekly

အစိုးရ လခစားဝန်ထမ်းများနှင့် တပ်မတော် (ကြည်း၊ ရေ၊လေ) ၀န်ထမ်းများကို ဧပြီလ၁ ရက်နေ့မှ စတင်၍ ထောက်ပံ့ကြေး တစ်ဦးလျှင် သုံးသောင်းကျပ် ပေးအပ်သွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဋ္ဌာ န ၏ ၁၀၀/၂၀၁၂ အရ မတ်လ ၁၄ ရက်နေ့ တွင် ထုတ်ပြန် ကြေညာလိုက်သည်။

နေ့စားဝန်ထမ်းများကို တစ်ရက် အလုပ်ချိန် ရှစ်နာရီအတွက် လုပ်ခလစာ တစ်ရက်လျှင် ၁၁၀၀ ကျပ် ရရှိ နေရာမှ ကျပ်တစ်ထောင်တိုးမြှင့်ကာ ၂၁၀၀ ကျပ်သို့လည်းကောင်းတို့မြှင့်ပေးလိုက်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

သမ္မတကြီး ဦးသိန်းစိန်၏ မတ်လ ၁ ရက်နေ့ မိန့်ခွန်းတွင် ၀န်ထမ်းများအား လစာတိုးခြင်း အစား ထောက်ပံ့မှုများ တိုးမြှင့်ပေးမည် ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး နှစ်ပတ်အကြာ ထိုသို့ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

The Voice ကို တရားစွဲမည် ..

0 ဝေဖန်ချက်များ

မြန်မာ့ဆက်သွယ်ရေး

0 ဝေဖန်ချက်များ

ဂဠုန်ရုပ် တောင်ပံခတ်သည် ဟုဆိုကာ လူအများ လာရောက်ကြည့်ရှု

0 ဝေဖန်ချက်များ
Copyright © Voice Weekly

 


သက်မဲ့ ဂဠုန်ရုပ်ထုက တောင်ပံခတ်သည် ဟုဆိုကာ လူအများ စိတ်ဝင်တစား လာရောက် ကြည့်ရှု ကြသည့် ဖြစ်စဉ်တစ်ခု မတ်လ ၁၃ ရက်နေ့ ညနေ ၄ နာရီခန့်က စတင်၍ မင်္ဂလာတောင်ညွန့် မြို့နယ် သိမ်ဖြူလမ်းရှိ သိမ်တော်ကြီးတွင် ဖြစ်ပွားခဲ့ကြောင်း မျက်မြင်သက်သေများက ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မြို့နယ် သံဃနာယက အဖွဲ့က မတ်လ ၁၃ ရက်နေ့ ညတွင်းချင်း အဆိုပါ သိမ်တော်ကြီးတွင် အထူး အစည်းအဝေး ထိုင်ခဲ့ပြီး အဆိုပါ ဖြစ်စဉ်ကို ကြည့်ရှုရန် သိမ်ဖြူတော်ကြီး ရှေ့တွင် လာရောက် စုဝေးနေကြသည့် လူထုပရိတ်သတ်သို့ ကျောင်းထိုင် ဆရာတော်၏ ဆန္ဒနှင့်အညီ ထုတ်ပြန်ချက် တစ်ရပ် ထုတ်ပြန် ဖတ်ကြားပြသခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်တွင် ဤဖြစ်စဉ်၌ သစ်စေးသရိုးကိုင် ရွှေချထားသည့် ရှေးဟောင်း ဂဋ္ဌုန်ရုပ်ထုမှာ နှစ်ပေါင်းများစွာ ကြာမြင့် လာသည်နှင့်အညီ ယိုယွင်းနေပြီ ဖြစ်ရာ ဘုရားဝေယျဝစ္စ ပြုလုပ်သူအချို့က အထင်မှား အမြင်မှား၍ ချဲ့ကား ပြောဆိုကြခြင်းကို လူအများ ထင်ယောင်ထင်မှား ဖြစ်ခဲ့ရခြင်း ဖြစ်ကြောင်း ပါဝင်သည်။

Tuesday, March 13, 2012

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်း ပြည်သူ့ လွှတ်တော် တင်သွင်း

0 ဝေဖန်ချက်များ
@ MYANMAR JOURNAL

နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု တွေကို နိုင်ငံပိုင် မသိမ်းပါဘူးဆိုပြီး အကာအကွယ် ပေးထားတဲ့ နိုင်ငံခြား ရင်းနှီး မြုပ်နှံမှု ဥပဒေ မူကြမ်းကို ဒီကနေ့ ပြည်သူ့ လွှတ်တော် အမတ်တွေ စပြီး လေ့လာနေကြပါပြီ။ လာမယ့် သတင်းပတ် အတွင်း ကျင်းပမယ့် ပြည်ထောင်စု လွှတ်တော်မှာ ဒီ ဥပဒေကို အတည်ပြု နိုင်လိမ့်မယ်လို့လည်း လွှတ်တော် အမတ်တွေက ပြောဆို ကြပါတယ်။ ရင်းနှီးမြုပ်နှံသူများ ၀င်ငွေခွန် ကင်းလွတ်ခွင့်၊ နိုင်ငံသားတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ အတွက်ရော ဒီဥပဒေ ကြမ်းမှာ ဘာတွေ ပြဌာန်းထားလဲ ဆိုတာကိုတော့ မသိဂီ င်္ထိုက်က တင်ပြထားပါတယ်။

နိုင်ငံခြား ရင်းနှီး မြုပ်နှံမှု ဥပဒေ မူကြမ်းကို အမျိုးသား လွှတ်တော်က ပြင်ဆင်ပြီး ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ တင်ပြ ထားပါပြီ။ ဒီဥပဒေကြမ်းမှာ ဆိုရင် နိုင်ငံခြား ရင်းနှီး မြုပ်နှံသူ တွေရဲ့ တာဝန်နဲ့ အကျိုးခံစားခွင့် အဖြစ် ပြဌာန်းတာမှာတော့ ပြည်ပ ရင်းနှီးမြုပ်နှံသူတွေဟာ ပြည်တွင်းက တည်ဆဲ ဥပဒေတွေကို လိုက်နာ ကြရမှာ ဖြစ်ပါတယ်။ ပိုင်ဆိုင်မှုတွေကို ရောင်းချမယ် ဆိုရင်လည်း မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်ရဲ့ ခွင့်ပြုချက်ကို ရယူ ရမယ်လို့လည်း ဆိုပါတယ်။ အစိုးရ အနေနဲ့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု လုပ်ငန်းတွေကို ကာလပေါက်ဈေးနဲ့ ၀ယ်ယူတာက လွဲလို့ နိုင်ငံပိုင် မသိမ်းဘူး ဆိုပြီးလည်း ဥပဒေကြမ်းမှာ ပြဌာန်းထားတဲ့ အကြောင်း လွှတ်တော် အမတ် တဦးဖြစ်တဲ့ ဦးဖေသန်းက အခုလို ပြောပါတယ်။

“ပဋိညာဉ် စာချုပ် သို့မဟုတ် ယင်းသက်တမ်းကို တိုးမြှင့်ပေးလျင် တိုးမြှင့်ပေးတဲ့ သက်တမ်း အများပြည်သူ အကျိုးအတွက် ဈေးကွက်တွင် ဖြစ်ပေါ်နေသည့် ဈေးနှုန်းများ အတိုင်း တန်ဖိုးသင့်တင့်တဲ့ လျော်ကြေးကို ပေးဆောင်ခြင်းမှ တပါး နိုင်ငံပိုင် ပြုလုပ်ခြင်း မပြုရလို့ ပထမ အချက်မှာ ဖော်ပြထားပါတယ်။ နောက်တခုကတော့ ပဋိညာဉ်စာချုပ်သက်တမ်း ကုန်ဆုံးရင် နိုင်ငံခြား မတည် ငွေရင်းဖြင့် ရင်းနှီးမြှုပ်နှံသူအား မိမိရပိုင်ခွင့်များကို ရင်းနှီးမြှုပ်နှံရာမှာ ထည့်ဝင်သော နိုင်ငံခြားငွေ အမျိုးအစားဖြင့် ထုတ်ပေးရန် အစိုးရက အာမခံတယ် ဆိုတဲ့ အချက် နှစ်ချက်ကို ဖော်ပြထားပါတယ် ခင်ဗျ။”

နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဥပဒေကြမ်းမှာ နိုင်ငံသားတွေ အတွက် အလုပ်အကိုင် အခွင့်အလမ်းနဲ့ ပတ်သက်ပြီးလည်း တိတိကျကျ ပြဌာန်းထားပါတယ်။ လုပ်ခ လစာနဲ့ ပတ်သက်လို့ကတော့ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်နဲ့ ညှိနှိုင်းရမယ်လို့ ဆိုပါတယ်။

“အမှုထမ်းများနှင့် အလုပ်သမားခန့်ထားခြင်း ဆိုတဲ့ အခန်းမှာ ကျွမ်းကျင် လုပ်သားတွေ အတွက် ဆိုရင်တဲ့ ပထမ ၅ နှစ်မှာ ၂၅ ရာခိုင်နှုန်း ခန့်ထားရမယ် ပေါ့ဗျာ။ ပြည်တွင်းက အလုပ်သမားတွေကို ပေါ့နော်။ ဒုတိယ ၅ နှစ်မှာ ကျတော့ အနည်းဆုံး ၅၀ ရာခိုင်နူန်း ခန့်ထားရမယ်။ တတိယ ၅ နှစ်မှာကျတော့ အနည်းဆုံး ၇၅ ရာခိုင်နူန်း ခန့်ထားရမယ်လို့ ပြောတယ် ခင်ဗျ။ ကျွမ်းကျင်မှု မလိုတဲ့ လုပ်သားတွေ ဥပမာ ကာယ လုပ်သားတွေပေါ့ဗျာ အဲဒီမှာ နိုင်ငံသားတွေကိုသာ ခန့်ထားရမယ်လို့ အဲဒီမှာ ဖော်ပြထားပါတယ်။ ဒါတော့ ကျနော်တို့ ပြည်တွင်း အလုပ်သမားတွေ အတွက် ကာကွယ်ပြီးတော့ ပြဌာန်း ထားတယ်ပေါ့လေ။ အခန်း ၁၀ မှာ။”

နိုင်ငံခြားရင်းနှီးမြုပ်နှံသူတွေကို ပထမ ၅ နှစ် အတွင်း ၀င်ငွေခွန် ကင်းလွတ်ခွင့် ပေးမှာဖြစ်ပြီး နောက်ထပ် ၀င်ငွေခွန် ကင်းလွတ်ခွင့်တွေကို အခြေအနေအပေါ် မူတည်ပြီး ဆက်စဉ်းစားသွားမယ်လို့လည်း ဥပဒေကြမ်းက ဆိုပါတယ်။

“ကုန်ထုတ်လုပ်ငန်း သို့မဟုတ် ၀န်ဆောင်မှု လုပ်ငန်း တခုခုကို စီးပွားဖြစ် စတင်ဆောင်ရွက်တဲ့နှစ် အပါအ၀င် တဆက်တည်း ၅ နှစ် အထိ ၀င်ငွေခွန် ကင်းလွတ်ခွင့် သို့မဟုတ် နိုင်ငံတော် အတွက် အကျိုးကျေးဇူး ရှိလျှင် ရင်းနှီးမြုပ်နှံသည့် လုပ်ငန်း၏ အောင်မြင်မှု အပေါ်မှာ မူတည်ပြီးတော့ သင့်လျော်တဲ့ ကာလအတွက် ၀င်ငွေခွန် ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့် ဆိုပြီးဖော်ပြထားပါတယ် ခင်ဗျ။”

ဒီဥပဒေကြမ်းကို အမျိုးသား လွှတ်တော်က ပြင်ဆင်ချက်နဲ့ အတူ ပြည်သူ့လွှတ်တော်ကို ပေးပို့ထားပြီး ဖြစ်ပါတယ်။ လာမယ့် သတင်းပတ် အတွင်း အပြီးသတ် ဆွေးနွေးနိုင်မယ်လို့ လွှတ်တော် အမတ် တဦးဖြစ်တဲ့ ဦးသိန်းညွန့်က ပြောပါတယ်။

“ဒီတပတ် လွှတ်တော်ထဲမှာတော့ ဒီဥပဒေက အရေးကြီးတော့ ဒီနေ့ ဥပဒေကြမ်း ကော်မတီက တင်တယ်။ သောကြာနေ့ ကျလို့ ရှိရင် ဒီဥပဒေကြမ်းနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးမယ့် လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးကြမယ်။ နောက်ပြီးတော့ အဲဒီ ဥပဒေ ကြမ်းကို အင်မတန် အရေးကြီးတဲ့ ဥပဒေကြမ်း ဖြစ်တဲ့ အတွက် ဒီအပတ် လွှတ်တော် အစည်းအဝေးမှာ အတည်ပြုဖြစ်မယ်လို့ ကျနော် ထင်ပါတယ်။”

ဥပဒေမူကြမ်းမှာ ပါရှိတဲ့ နိုင်ငံသားတွေ အလုပ်အကိုင် အခွင့်အလမ်း၊ နိုင်ငံခြား ရင်းနှီးမြုပ်နှံသူတွေကို အကာအကွယ် ပေးမယ် ဆိုတာတွေက လွှတ်တော်က အတည်ပြုပြီးတဲ့ နောက် သမ္မတက လက်မှတ်ရေးထိုးပြီးမှသာ အာဏာ သက်ရောက်မှာ ဖြစ်ပါတယ်။ အခုတော့ လွှတ်တော် အမတ်တွေကဘက်က ပြင်ဆင်လိုတဲ့ အချက်အလက်တွေကို လာမယ့် ဗုဒ္ဒဟူးနေ့နဲ့ သောကြာနေ့တွေမှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ဒီ ဥပေဒကြမ်းက ၁၉၈၈ ခုနှစ် မှာ အသက်ဝင်ခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေကို ပြန်လည်ပြင်ဆင်နေတာ ဖြစ်ပြီးတော့ နိုင်ငံခြား ရင်းနှီးမြုပ်နှံသူတွေကို ဆွဲဆောင်နိုင်မယ့် ဥပဒေတစ်ရပ် ပေါ်ပေါက်လာရေး အစိုးရ ဘက်က ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။

Angry Birds SPACE ထွက်ရှိမည် ..

0 ဝေဖန်ချက်များ
NEWS
မတ်လ ၂၂ ရက်နေ့မှာ Angry Birds ဂိမ်း ချစ်သူတွေအတွက် Version အသစ်တစ်ခုကို ထုတ်လုပ်ရောင်းချတော့မှာ ဖြစ်ပါတယ် .. NASA နဲ့ Angry Birds ထုတ်လုပ်သူ RIVO တို့ပူးပေါင်းမှု အဖြစ် Angry Birds SPACE ဆိုတဲ့ Version ကို ထုတ်လုပ်တာပါ .. မြင်ကွင်းသစ်ပုံစံ အနေနဲ့ တမူထူးခြားစွာ အာကာသထဲမှာ ကစားရတဲ့ပုံစံဖြစ်ပါတယ် ... iDevice တွေ အတွက် iOS Version, Android Version, PC Version နဲ့ Mac Version တို့ကို ထုတ်လုပ်ပေးမယ်လို့ ကြေငြာထားပါတယ် ...

Sunday, March 11, 2012

PHOTO OF THE DAY

0 ဝေဖန်ချက်များ
CREDIT TO YPI