Saturday, February 18, 2012

Android ဆိုတာ ..?

0 ဝေဖန်ချက်များ
WRITTEN BY MOHPHA
လက်ရှိ ၂၀၁၁၊ ၂၀၁၂ ခုနှစ်တွေမှာ Mobile Phone တွေရဲ့ နည်းပညာ နှစ်လို့ပြောလို့ရအောင် နည်းပညာတွေ မြင့်မားလာပါ တယ် .. ဖုန်းအသုံးပြုသူဦးရေဟာလည်း တစ်နှစ်နဲ့ တစ်နှစ် တဖြည်းဖြည်း တိုးတက်များပြားလာတဲ့ အတွက် ဖုန်းထုတ်လုပ်တဲ့ လုပ်ငန်းတွေကလဲ သူတို့ဖုန်းတွေ ရဲ့ လုပ်ဆောင် ချက်တွေကို တိုးမြှင့်ပြီးလုပ်ဆောင်လာကြပါတယ် ... ရိုးရှင်းတဲ့ ပုံမှန် ဖုန်းပြောလို့ရအောင်ထုတ်လုပ်တဲ့ Handset တွေနဲ့ စလိုက်တဲ့ Mobile Phone လောကဟာ အခုတော့ အံ့သြစရာကောင်းလောက်အောင်ကို တိုးတက် လာပါတယ် .. ဖုန်းပြောဖို့အတွက် သီးသန့်မဟုတ်တော့ပဲ ကင်မရာ, MP3, MP4, TV, Internet အစရှိတာတွေကို ကွန်ပျူတာတစ်လုံးလိုပဲ ဖုန်းနဲ့တင် အသုံးပြုလို့ရလာပါပြီ ...
ကွန်ပျူတာတွေမှာ အထက်ပါနည်းပညာတွေ အသုံးပြုလို့ရအောင် စက်မောင်းနှင်လည်ပတ်မှုစနစ် (Operating System) ဆိုတာလိုအပ်ပါတယ် .. ထို့အတူ ဖုန်းတွေမှာလဲ ဖုန်းအတွက် OS ဆိုတာကို လိုအပ် လာပါတယ် ... လက်ရှိ Mobile Phone နည်းပညာလောကမှာ ထိပ်တန်းက ရပ်တည်နေတဲ့ OS နှစ်ခု ရှိပါ တယ် .. Apple ရဲ့ iPhone တွေအတွက် iOS နဲ့ Touch Screen Smart Phone တွေအတွက် Google ရဲ့ Android OS တို့ပဲ ဖြစ်ပါတယ် ...
အခု ကျနော် Android ဆိုတာ ဘာလဲဆိုတာကို သိသလောက်ပြောပြသွားပါမယ် ..
Introduction
Mobile Operating System (OS) တွေဟာ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတည်းက တဖြည်းဖြည်းနဲ့ တိုးတက်လာ ပါတယ် .. စစချင်းမှာတော့ Black and White Phone တွေအဆင့်ကနေပြီးတော့ လက်ရှိ Smart Phone တွေ အဆင့်ထိကို တိုးတက်လာတာဖြစ်ပါတယ် .. Palm OS ဆိုပြီးစလိုက်တဲ့ ၁၉၉၆ မှ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းတွေမှာတော့ Blackberry OS, Andriod OS နဲ့ iOS ဆိုတဲ့ အဆင့်တွေ အထိကို ရောက်ရှိလာပါတယ် .. လက်ရှိ အချိန် Mobile Phone တော်တော်များများမှာ အသုံးပြုနေတာကတော့ Android OS ဖြစ်ပါတယ် .. Android ဆိုတာကို Andy Rubin, Rich Miner, Nick Sears နဲ့ Chris White တို့က ၂၀၀၃ ခုနှစ်မှာ စတင် အခြေပြုခဲ့ပါတယ် ..၂၀၀၅ ခုနှစ်မှာတော့ သူတို့ အခြေပြုခဲ့တဲ့ Android Inc. ကို Google က တရားဝင်လွှဲပြောင်းရယူပြီး စတင်ထုတ်လုပ်ခဲ့ပါတယ် ..

Microsoft Windows ရဲ့ CMD မှာ အသုံးပြုတဲ့ Command တွေ

0 ဝေဖန်ချက်များ

Microsoft Windows ရဲ့ CMD (Command Prompt) ထဲမှာ အသုံးပြုတဲ့ Command တွေပါ .. အသုံးဝင် မယ် ထင်ပါတယ် ..

#################################################

A
   ADDUSERS Add or list users to/from a CSV file
   ADmodcmd Active Directory Bulk Modify
   ARP      Address Resolution Protocol
   ASSOC    Change file extension associations•
   ASSOCIAT One step file association
   ATTRIB   Change file attributes
B
   BCDBOOT  Create or repair a system partition
   BOOTCFG  Edit Windows boot settings
   BROWSTAT Get domain, browser and PDC info
C
   CACLS    Change file permissions
   CALL     Call one batch program from another•
   CD       Change Directory - move to a specific Folder•
   CHANGE   Change Terminal Server Session properties
   CHKDSK   Check Disk - check and repair disk problems
   CHKNTFS  Check the NTFS file system
   CHOICE   Accept keyboard input to a batch file
   CIPHER   Encrypt or Decrypt files/folders
   CleanMgr Automated cleanup of Temp files, recycle bin
   CLEARMEM Clear memory leaks
   CLIP     Copy STDIN to the Windows clipboard.
   CLS      Clear the screen•
   CLUSTER  Windows Clustering
   CMD      Start a new CMD shell
   CMDKEY   Manage stored usernames/passwords
   COLOR    Change colors of the CMD window•
   COMP     Compare the contents of two files or sets of files
   COMPACT  Compress files or folders on an NTFS partition
   COMPRESS Compress individual files on an NTFS partition
   CON2PRT  Connect or disconnect a Printer
   CONVERT  Convert a FAT drive to NTFS.
   COPY     Copy one or more files to another location•
   CSCcmd   Client-side caching (Offline Files)
   CSVDE    Import or Export Active Directory data
D
   DATE     Display or set the date•
   DEFRAG   Defragment hard drive
   DEL      Delete one or more files•
   DELPROF  Delete NT user profiles
   DELTREE  Delete a folder and all subfolders
   DevCon   Device Manager Command Line Utility
   DIR      Display a list of files and folders•
   DIRUSE   Display disk usage
   DISKCOMP Compare the contents of two floppy disks
   DISKCOPY Copy the contents of one floppy disk to another
   DISKPART Disk Administration
   DNSSTAT  DNS Statistics
   DOSKEY   Edit command line, recall commands, and create macros
   DSACLs   Active Directory ACLs
   DSAdd    Add items to active directory (user group computer)
   DSGet    View items in active directory (user group computer)
   DSQuery  Search for items in active directory (user group computer)
   DSMod    Modify items in active directory (user group computer)
   DSMove   Move an Active directory Object
   DSRM     Remove items from Active Directory
E
   ECHO     Display message on screen•
   ENDLOCAL End localisation of environment changes in a batch file•
   ERASE    Delete one or more files•
   EVENTCREATE Add a message to the Windows event log
   EXIT     Quit the current script/routine and set an errorlevel•
   EXPAND   Uncompress files
   EXTRACT  Uncompress CAB files


Friday, February 17, 2012

အငိုမျက်လုံး အပြုံးမျက်နှာ .... ဆိုတာ ..

0 ဝေဖန်ချက်များ

CREDIT TO THITHTOOLWIN AND FACEBOOK

ရုပ်ရှင်နှင့် Video သရုပ်ဆောင်၊ ဒါရိုက်တာ မင်းအုပ်စိုး အရက်သေစာ မူးယစ်သောက်စားမှုကြောင့် တာမွေ မြို့နယ် .. ဖိုးစိန်လမ်း Holly Day စားသောက်ဆိုက်ရှေ့လမ်းမတွင် ၁၅ မိနစ်ခန့် ယာဉ်ကြောပိတ်ဆို့ မှုဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ် ... မင်းအုပ်စိုးမှ အရက်သေစာ မူးယစ်ပြီး သစ်ပင်များအား မီးရှို့ခဲ့သော ကြောင့် လာရောက်မီးငြိမ်းသတ်သော မီးသတ်တပ်ဖွဲ့ဝင်များအား အော်ဟစ် ဆဲဆိုခြင်း၊ လုံခြုံ ရေးလုပ်ငန်းများလာရောက်လုပ်ဆောင်သော တာမွေမြို့နယ် .. ရဲတပ်ဖွဲ့စခန်းမှ ရဲကား ၇ခ/၁၇၂၄ ယာဉ်အား လက်သီးဖြင့်ထိုးသောကြောင့် ရဲတပ်ဖွဲ့ပိုင်ယာဉ် ပျက်စီးဆုံးရှုံးခဲ့သဖြင့် ပ-၇၆/၂၀၁၂ ပုဒ်မ ပပက ၆၁ ဖြင့် လည်းကောင်း ရရ/၂၀၁၂ ပုဒ်မ ၂၉၄/၃၅၃ ဖြင့် ဒုရဲအုပ် အောင်ကျော်ထွန်း တရားလိုပြုလုပ်ပြီး အမှုဖွင့်ထားကြောင်း သိရှိရ/လည်းကောင်းအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိ ရဲစခန်းများတွင် အမှုပေါင်း ၁၁မှုကျူးလွန်ထားကြောင်း သိရသည်။

SE-ME-WE 4 အတွက် ဘင်္ဂလားဒေရှ့်နှင့် ယခုနှစ်တွင် ချိတ်ဆက်မည် ...

0 ဝေဖန်ချက်များ
SE-ME-WE 4


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် ပြည်တွင်းအင်တာနက် ဆက်သွယ်မှုများအတွက် ရေအောက် Fiber Cable ဆက်ကြောင်း အသစ်ဖြစ်သော .. SE-ME-WE 4 ကို ဘင်္ဂလားဒေရှ့်နိုင်ငံနှင့်  ယခုနှစ်အတွင်း ချိတ် ဆက်သွယ်တန်းသွားမည်ဖြစ်ကြောင်း သတင်းအချက်အလက်နှင့် နည်းပညာ ဌာနမှ အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက  ပြောကြားလိုက်ပါတယ် ..

ပြည်တွင်းအင်တာနက်ဝန်ဆောင်မှု လုပ်ငန်းများနှင့် ဆက်သွယ်မှု လုပ်ငန်းများမြန်ဆန် တိုးတက်လာစေရန် အတွက် ယခုကဲ့သို့ ရေအောက် Fiber ဆက်ကြောင်းအသစ်ကိုတိုးချဲ့ ဆက်သွယ်ရန် စီစဉ်နေရခြင်းဖြစ် ကြောင်း ယင်းက ဆက်လက်ပြောကြားပါတယ် .. SE-ME-WE 4 ကိုဆက်သွယ်ရာတွင် အတိုဆုံးလမ်းကြောင်းဖြစ်သော လမ်းကို ချိတ်ဆက်သွယ်တန်းသွားမည်ဟု သိရှိရပါတယ် .. 

ယခင် SE-ME-WE 3 လမ်းကြောင်းကို ဖျာပုံမြို့မှ သွယ်တန်းထားပြီး .. ယခု SE-ME-WE 4 ကို မူ ရခိုင်ပြည် နယ် .. ဘူးသီးတောင် မောင်တော ဘက်မှတဆင့် ဘင်္ဂလားဒေရှ့် နိုင်ငံသို့သွယ်တန်းသွားမည်ဟု အထက်ပါ ပုဂ္ဂိုလ်က ဆိုပါတယ် .. 

ယခင်က တရုတ်နိုင်ငံမှ ပြုလုပ်မည့် SE-ME-WE 5 ကိုသွယ်တန်းမည်ဟုဆိုသော်လည်း စီမံကိန်းကာလ ကြာ မြင့်နိုင်မည်ဖြစ်သောကြောင့် လက်ရှိ သွယ်တန်းထားပြီးဖြစ်သော SE-ME-WE 4   ကိုသာ ဦးစားပေး အနေဖြင့် သွယ်တန်းသွားမည်ဖြစ်တယ်လို့ သိရပါတယ် ...

အင်တာနက်ဆိုင်များ ၁၀ နာရီပိတ်ရန်

0 ဝေဖန်ချက်များ
ရန်ကုန် လှိုင်မြို့နယ် ထွေအုပ်ရဲ့ ထွက်စာတစောင်ပါ  ..

အင်တာနက်/ဂိမ်းဆိုင်တွေကြောင့် လူငယ်တွေ ပျက်စီးတယ်၊ အိုင်တီနည်းပညာကို တလွဲအသုံးပြုတယ် လို့ ရေးထားပါတယ်။ ဆိုင်တွေကို ည ၁၀ နာရီနောက်ပိုင်း မဖွင့်ဖို့ ညွှန်ကြားထားတဲ့စာပါ။

ဖေ့စ်ဘုတ်မှာရောက်နေတဲ့ ဒီစာကို မှတ်ချက်အမျိုးမျိုး ပေးထားကြပါတယ်။ တချို့ကို ကူးယူ ဖော်ပြပါတယ်။

“Internet Game ဆိုင်များ ကြောင့် မျိုးဆက်သစ် လူငယ်များ ၊ ပျက်စီး ရာလမ်းကြောင်းပေါ်သို့  တွန်းပို့  ရာရောက်သဖြင့်” ............ သေရော....Beer , massage ,KTV တို့ ဘယ်ရောက် သွားပါလိမ့်...
--------------------------------
လူငယ်တွေ Club တက် အရက်သောက် KTV သွား မိန်းမ လိုက်စားမဲ့အစား ဒီလို ဂိမ်းဆော့ အင်တာနက်သုံးအပန်းဖြေတာ အကျိုးမရှိတောင် အကျိုးတော့မယုတ်ဘူးဆိုတာ နားမလည်ဘူးလား မသိဘူး
--------------------------------
ကြာပေါ့ ကျွန်တော်တို့ဆိုင်ဆို 11 ပိတ်ပေးရတာ နှစ်ပတ်လောက်ရှိပြီ......
--------------------------------
၁၀ နာရီ နောက်ပိုင်း ထိတော့ ဆိုင်မှာ ဘယ်သူက သုံးချင်မှာလဲဗျ ..
connection စုတ်လို့ တက်မလား စောင့်ရင်း စောင့်ရင်း နဲ့ ..ညဥ့်နက်သွားတာပါ
--------------------------------
သတိပေး အကြောင်းကြားစာကို ကျွန်တော်တို့  INTERNET ဆိုင်များမှ လုံးဝ ကန့်ကွက်ပါတယ်ခင်ဗျာ။ ထိုသို့ သော တားမြစ်မှုမျိုးမှာ ဒီမိုကရေ စီလမ်းကြောင်းပေါ်သို့ သွားနေသော မြန်မာ နိုင်ငံမှာ လုံးဝမဖြစ်သင့်ပါဘူးခင်ဗျာ။ ဒီမိုကရေစီ ထွန်းကားသော မည်သည့်နိုင်ငံတွင်မှ မရှိသော တားမြစ်မှုမျိုးအား ယခုမှ ဒီမိုကရေစီရောင်နီလေး ပေါ်ထွက်လာရုံရှိသော မြန်မာနိုင်ငံတွင် ပြုလုပ်ပါက နိုင်ငံတော်သမ္မတက အပြောတမျိုး၊ လုပ်တော့ တစ်မျိုးလုပ်သည်ဟု ဝေဖန်ခံ ရနိုင်သောကြောင့် တာဝန်ရှိသူများအနေဖြင့် ပြန်လည် စဉ်းစားချင့်ချိန် သုံးသပ်စေ လိုပါတယ်ခင်ဗျာ။

ထို့အပြင် အသိပေး အကြောင်းကြား စာအရ “ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ့ မြို့နယ်တစ်ခု တွင် နေထိုင်သူ တစ်ဦး မှ” (တစ်ဦးမှ) ဆိုသော စကားစုအရ လူအများက တောင်းဆိုခြင်း မဟုတ်ပဲ ပိုင်ရာ ဆိုင်ရာ တစ်စုံတစ်ယောက်သောသူက တောင်းဆိုတယ်လို့ နားလည်လက်ခံ ရပါတယ်။

ထို့ကြောင့် မြန်မာ နိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့  ရောက်နေပါပြီဟု မည်သို့ ပင် ပြောပြော တစ်ဦးတစ်ယောက် ၊ တစ်အာဏာ တစ်မိန့် ဖြစ် တဲ့  အာဏာရှင်စနစ်မှာ ချုပ်ငြိမ်း ပျောက်ကွယ်ခြင်းမရှိသေးဟု ပြည်သူအများ အထင်အမြင်မှားနိုင်ပါသဖြင့် တာဝန်ရှိသူများအနေဖြင့် ပြန်လည်စဉ်းစားချင့်ချိန် သုံးသပ်စေလိုပါတယ် ခင်ဗျာ။

ထို့ အပြင် သတိပေး အကြောင်းကြားစာတွင် ပါဝင်သော “Internet Game ဆိုင်များ ကြောင့် မျိုးဆက်သစ် လူငယ်များ ၊ ပျက်စီး ရာလမ်းကြောင်းပေါ်သို့  တွန်းပို့  ရာရောက်သဖြင့်” ဆိုသော စကားစုမှာ အဓိပ္ပါယ် လုံးဝမရှိကြောင်း၊ ယနေ့ ခေတ် လူငယ် အများစု ညဖက်ဘယ်သို့ သွားလဲ ဆိုတဲ့  စစ်တမ်းများသေချာကောက်ယူ လေ့လာ ကြည့်စေချင်ပါတယ်။

သေချာရေရာ သော အဖြေထွက်လာမှသာလျှင် ယခုကဲ့သို့ သော သတိပေးစာမျိုး ထုတ်ဝေစေချင်ပါတယ်။ အကျိုးအကြောင်း မခိုင်လုံသော ယခုကဲ့သို့သော သတိပေးစာမျိုးမှာ လူထုအကျိုးအတွက် ထုတ်ဝေခြင်းမဟုတ်ပဲ တစ်ဦးတစ်ယောက်ဧ။် ဆန္ဒအရ သာ ထုတ်ဝေခြင်းဖြစ်ကြောင်းသုံးသပ်မိပါတယ်။

ထို တိုင်ကြားသောပုဂ္ဂိုလ်မှာ မိမိ အိမ်မှ ကျောင်းသားအား ထိန်းသိမ်း ရာတွင် မနိုင်သောကြောင့် ဖြစ်ဟန်တူပြီး ဖွံ့ ဖြိုးတိုးတက်ရန် အစပြိုးနေသော ကျွန်တော်တို့ နိုင်ငံဧ။် ယခုလို အချိန်မျိုးတွင် Internet access 24 Hours service ပေးနေသော Internet Center များ အား ညမဖွင့်ရအမိန့်ထုတ်ပြန်ခြင်းမှာ တိုင်းပြည်ဧ။်အခြေအနေ အချိန်အခါ နှင့်ရော တိုင်းပြည်ဧ။်ရှိသင့်ရှိထိုက်သော လိုအပ်ချက်နှင့်ပါ လုံးဝမကိုက်ညီရာရောက်နေပါသဖြင့် တာဝန်ရှိ လူကြီးမင်းများ ပြန်လည်သုံးသပ်စဉ်းစား စေချင်ပါတယ်။

ပါရမီ TAXI သမားတွေရဲ့ ဒုက္ခ (ပေးစာ)

0 ဝေဖန်ချက်များ
ဖေဖော်ဝါရီလအတွက် လစာငွေ လေးသိန်း ကြိုသွင်းရန် (၁၅) ရက်နေ့ နောက်ဆုံးထား သွင်းပေးကြရန်၊ မသွင်းနိုင်သူအား ကားသော့သိမ်းပါသည်။ ကားသော့လိုချင်လျှင် (၁၆)ရက်နေ့ ပါရမီတက္ကစီ အုပ်ချုပ်ရေး ဒါရိုက်တာ (ဗိုလ်မှူးကြီး သိန်းထွန်းဝင်း) နှင့် တွေ့ပြီး နေ့တစ်ဝက်စောင့်နေကာ ငွေ နှစ်သိန်း သွင်း၍​ ကားသော့ ပြန်ပေးပါသည်။ ကျန်ငွေ နှစ်သိန်းကို (၁၇) ရက်နေ့ မပေးလျှင် ကားသော့ပြန်သိမ်းဦးမည်ဟုဆိုပါသည်။ မပေးသွင်းနိုင်သူများက ကားပြန်အပ်ကြသော်လည်း လက်မခံပါ။ 

မဟာဗန္ဓုလသယ်ယူပို့ဆောင်ရေးအသင်း ဒုဥက္ကဌ (ဗိုလ်ချုပ် လှအောင်သိန်း) က အကျိုးမပေးရင် ကား ဒီနေ့ပြန်အပ်ရင်၊  ဒီနေ့ စပေါ်ငွေ (၁၅)သိန်း ပြန်ပေးမည်ဟု ပြောခဲ့သော်လည်း  ယခုအခါ ကြိုတင်ငွေ (၄)သိန်း မပေးနိုင်ကြ၍​ ကားပြန်အပ်မည်ဆိုလျှင် စပေါ်ငွေ (၁၅)သိန်းမှ  (၇)သိန်းပဲ ချက်ချင်းပြန်အမ်းကာ ကျန်ငွေ (၈)သိန်းကို ၂-လ စောင့်ရ ပါသည်။  ၂-လ အတောအတွင်းမှာ အကူယာဉ်မောင်း (စပေါ် ဆယ်သိန်း ပေးသွင်းထားကာ ကားမောင်းရန် စောင့်နေရသူ) အား တစ်လ လေးသိန်းဖြင့် ၂-လ မောင်းစေကာ ရရှိသော ငွေ (၈)သိန်းကို ပြန်ပေးမှာဖြစ်သည်။ စပေါ် (၁၅)သိန်း သွင်းစဉ်ကလည်း မူအရ (၃+၂+၃+၂+၃+၂) လစဉ် အရစ်ကျသွင်းရမည်ဟု ပါရှိသော်လည်း တစ်ပေါင်းတည်း (၁၅)သိန်း ပေးသွင်းခဲ့ရပါသည်။ 

တပ်မတော်စစ်ထွက် အငြိမ်းစားတစ်ယောက်အနေဖြင့် လစာ လေး ငါးထောင်ဖြင့် စစ်မှုထမ်းသက် အနှစ် (၂၀) (၃၀) တာဝန်ထမ်းဆောင်ခဲ့ရပြီး အငြိမ်းစားယူခဲ့ရာ လက်ထဲတွင် ကိုယ်ပိုင်ငွေ အလွန်ဆုံး ငါးသိန်းလောက်သာ ရှိကြ ပါသည်။ ပါရမီ ကားကောင်းလေးများ မောင်းနိုင်ရန် စပေါ်ငွေ (၁၅)သိန်းမှ  လိုငွေ (၁၀)သိန်း ကို   (၂၀) တိုးဖြင့်  အလွတ်ချေး၍ ပေးရပါသည်။ လစာငွေကလည်း သုံးသိန်းမှ  လေးသိန်း မြှင့်သွားပါသည်။ ကားများမှာလည်း နှစ်ရှည်လများ ဖြစ်သဖြင့် ငါးရက်နှစ်ကြိမ် ဝပ်ရှော့ပို့ ကားပြင်နေရပါသည်။ ကားရပ်နားခြင်း၊ ပြင်ဆင်နေရခြင်း၊ ကားပစ္စည်းဝယ်ထည့်ရခြင်း၊ လက်ခ ပေးရခြင်းတို့ကြောင့် အကြွေးယူပြီး အတိုးများ သတ်နေရသည်မှာ အိမ်က မိသားစုများပင် အငတ်နေ နေရပါသည်။ 

ကားယာဉ်စစ်ဆေးသည့်နေ့တွင် ညနေ ၃ နာရီထိုးမှ စ၍​ ကားသန့်ရှင်းခ ငါးထောင်ပေးကာ ကား ရေဆေးရပါ သည်။ ကားဖုန်တင်နေရင်လည်း အပြစ်ဖြစ်ပါသေးသည်။ ​ညနေ ၆ နာရီထိုးအထိ ထိုင်စောင့်ရပါသည်။ ကားသမားများအဖို့ ယာဉ်ရပ်ထားစဉ် ဆုံးရှုံးသွားသောငွေ၊ သန့်ရှင်းရေးစရိတ်၊ အော်ဒါခေါ်သော မိတ်ဆွေအပေါင်းအသင်း၊ အားလုံး ဆုံးရှုံးရပါ သည်။ ပါရမီတက္ကစီ ယာဉ်မောင်းများသည် စပီကင် (Eng+Chinese) တက်ရပါသည်။ သင်တန်းတက်ရသည့် နေ့တွင် တစ်နေကုန် အော်ဒါငှားသူကို လက်ခံ၍​မရပါ။ နေ့လည် ၁၁နာရီမှ ၂ နာရီအတွင်း ထမင်းအငတ်ခံကာ ကားလိုက်ကြရပါသည်။ “ဒါဘာ” တက်၍ တင်ပြစရာများ တင်ပြသော်လည်း ပဲခူးလို ခရီးမျိုးများ မသွားရတော့ပါ။(၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်က အင်တာနက်တွင်ရေးထားသော ပါရမီတက္ကစီသတင်းမှာလည်း သူတို့အထဲက ရေးထားသော သတင်းပါ)

တစ်ချို့ယာဉ်မောင်းများမှာ မိမိနာမည်ပေါက် ရထား၍ သိန်းပေါင်းများစွာ အကုန်အကျခံကာ ကားထဲသို့ ထည့်ပါ သည်။ ထိုယာဉ်မောင်းများမှာ မိမိတို့အား ပထမဦးစားပေး ရောင်းပေးမည်ဟု ပြောထားသဖြင့် တစ်နေ့ အပိုင် ရနိုးနိုး၊ စောင့်စားသည်းခံ အကြွေးတင်ကာ ရှိနေပါသည်။ ပါရမီတက္ကစီမောင်းသူများ၏ ဘဝသည် ယခုအခါ အကြွေးသံသရာ လည်၍ ဒုက္ခရောက်နေရပါသည်။ ပါရမီတက္ကစီမောင်းသူများသည် (တပ်မတော်ကြီးကို အင်အားရှိဖို့ အရာရာမှာကူညီ…) သီချင်းထဲကလို ဖြစ်နေရပါတော့သည်။