Wednesday, February 29, 2012

MNL Myanmar 2012 တစ်လတာ အကောင်းဆုံးကစားသမား ဆုကြေး (၁၀)သိန်းရရှိမည်

0 ဝေဖန်ချက်များ
CREDIT TO MNFT

ကျင်းပလျက်ရှိသည့် MNL Myanmar 2012 ပြိုင်ပွဲမှ တစ်လတာ အကောင်းဆုံးနည်းပြနှင့် ကစားသမားဆုများကို လာမည့်ရက်ပိုင်းအတွင်း ပေးအပ်သွားမည်ဖြစ်ရာ အဖွဲ့ဝင်(၈)ဦးပါ ဆုရွေးချယ်ရေး ကော်မတီမှ စိစစ်ရွေးချယ်တော့မည်ဖြစ်သည်။ အဆိုပါ အကောင်းဆုံးဆုများကို အဓိကစပွန်ဆာဖြစ်သူ မြန်မာဘရူဝါရီလီမီတက်မှTrophy နှင့်ငွေသားဆုကြေးများပေးအပ် သွားမည်ဖြစ်ပြီး ဖေဖော်ဝါရီလအတွက် အကောင်းဆုံးကစားသမားမှာ ဆုကြေး (၁၀)သိန်းနှင့် အကောင်းဆုံးနည်းပြမှ ဆုကြေး(၅)သိန်း ရရှိမည်ဖြစ်သည်။

တစ်လတာအကောင်းဆုံးဆုကို ယခင်က တစ်ကြိမ်မျှ ချီးမြှင့်ခဲ့ခြင်းမရှိဘဲ ယခုနှစ်ရာသီမှသာ ပထမဆုံးအကြိမ်စတင်ချီးမြှင့်ခြင်းဖြစ်ကာ ပွဲတစ်ပွဲချင်းအလိုက် ပြိုင်ပွဲကြီးကြပ်သူ၊မီဒီယာတာဝန်ခံ စသည့်တာဝန်ရှိသူများ သတ်မှက်ပေးသော ကစားသမားများ၏ ရမှတ်ကိုကြည့်၍ အမှတ်အများဆုံးရရှိသူကို တစ်လတာ အကောင်းဆုံးကစားသမားဆုပေးအပ်မည်ဖြစ်သည်။ နည်းပြဆုအတွက်လည်းအသင်း၏ ရလဒ်နှင့် ရပ်တည်မှု၊ ပြိုင်ဘက်၏အဆင့်အတန်းကိုကြည့်၍ အမှတ်ပေး ဆုံးဖြတ်သွားမည်ဖြစ်သည်။ ဆုရွေးချယ်ရေးအစည်းအဝေးကို မတ်လ(၁)ရက်နေ့တွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရုံး၌ ကျင်းပသွား မည်ဖြစ်ပြီး ရက်ပိုင်းအတွင် ချီးမြှင့်သွားရန်စီစဉ်လျက်ရှိသည်။

iPad 3 ထွက်ရှိတော့မည် ...

0 ဝေဖန်ချက်များ
POSTED BY © MOHPHA


ကမ္ဘာ့ထိပ်တန်း နည်းပညာ Company တစ်ခုဖြစ်တဲ့ Apple ကနေပြီးတော့ iPad 3 ရဲ့ သတင်းတွေ ကို March 7 မှာ စတင်ရောင်းချမယ်ဆိုပြီး သတင်းအားလုံး အဆုံးသတ်လိုက်ပါတယ် .. နှစ်စဉ် မတ်လ မှာ iPad တွေကို ပွဲထုတ်ခဲ့တာ iPad 2 ပြီးနောက်ပိုင်းမှာ iPad 3 ဆက်လက်ထွက်ရှိလာတော့မှာဖြစ်ပါတယ် ...


Apple ကနေပြီးတော့ ဆန်ဖရန်စစ္စကိုမှာ မတ်လ ၇ ရက်နေ့မှာ စတင်ရောင်းချပါမယ်လို့ အတည်ပြုပေး လိုက်ပါတယ် .... အခုထွက်ရှိမဲ့ iPad 3 မှာတော့ Display ရဲ့ ရုပ်ထွက်ကြည်လင် ပြတ်သားမှု (Screen Resolution) ကို တိုးမြှင့်မယ်လို့ သိရပါတယ် .. Graphic ပိုင်းပိုမို မြင့်မားတဲ့ Game, Video, Photo အစရှိတာတွေကို အသုံးပြုနိုင်ဖို့အတွက် QXGA စနစ်ဖြစ်တဲ့ 2048 x 1536 pixels Resolution ကို အသုံး ပြုထားတာ ဖြစ်ပါတယ် ... HD (High Definition) ရိုက်ကူးနိုင်တဲ့ ရှေ့နောက် ကင်မရာ နှစ်လုံးကတော့ iPad 2 အတိုင်းပဲ ဆက်လက်ပါဝင်လာပါတယ် ...


iPad 2 နဲ့ iPhone 4S တို့မှာ Apple ရဲ့ A5 Processor ကို အသုံးပြုထားပေမဲ့ အခု အသစ်ထွက်ရှိမဲ့ iPad 3 မှာတော့ ပိုမိုကောင်းမွန်တဲ့ Graphic, Speed တွေအတွက် A6 Processor ကို အသုံးပြုထားတာဖြစ်ပါ တယ် .. ဒါပေမဲ့ Screen Size ဖြစ်တဲ့ 9.7 လက်မကတော့ပြောင်းလဲခြင်းမရှိပါဘူး .. ဈေးနှုန်းကိုတော့ $579 ပတ်ဝန်းကျင်လို့ သတ်မှတ်ထားပါတယ် ...


INTERNET CAFE

0 ဝေဖန်ချက်များ
CREDIT TO © IRRAWADDYBLOG

Tuesday, February 28, 2012

အင်ဒိုနီးရှားအား အနိုင်ရကာ ဆီမီး မျှော်လင့်ချက် အားကောင်းလာသည့် မြန်မာ ယူ-၂၁

0 ဝေဖန်ချက်များ

ယနေ့ ညနေပိုင်းက ဘရူနိုင်း နိုင်ငံတွင် ယှဉ်ပြိုင် ကစားခဲ့သည့် ပွဲစဉ်တွင် မြန်မာ လူငယ် အသင်းသည် အင်ဒိုနီးရှား လူငယ် အသင်းအား (၃-၁)ဂိုးဖြင့် အနိုင်ရကာ ဆီမီးဖိုင်နယ် တက်ရောက်ရန် အခြေအနေ ကောင်းမွန် သွားခဲ့သည်။

မြန်မာအသင်းသည် ယခုပွဲစဉ်တွင် ဒဏ်ရာမှ ပြန်လည် သက်သာလာသည့် ကျော်ကိုကိုအား အရန်ခုံတွင်သာ ထားကစားခဲ့ကာ တိုက်စစ်တွင် ကောင်းစည်သူအား အထောင်ထား ကစားခဲ့သည်။ ကောင်းစည်သူ နောက်တွင် ပထမပွဲ၌ ဟက်ထရစ် ရရှိထားသည့် အသင်းခေါင်းဆောင် ကျော်ဇေယျာဝင်းအား နောက်ချန် တိုက်စစ်မှူး အဖြစ် ကစားစေခဲ့ကာ ၎င်း၏ နောက်တွင် ကြည်လင်း၊ ဒေးဗစ်ထန်၊ ရဲဇော်ထက်အောင် နှင့် သိန်းသန်းဝင်း တို့အား နေရာ ချထားခဲ့သည်။ နောက်တန်းတွင်မူ ရန်အောင်ဝင်း၊ ညီညီအောင်၊ ဇော်မင်းထွန်း၊ နန္ဒကျော်တို့အား ပွဲထုတ် ခဲ့ပြီး ဂိုးသမား အဖြစ် ပြည့်ဖြိုးအောင်က တာဝန်ယူခဲ့သည်။

အင်ဒိုနီးရှား အသင်းက ပွဲချိန် မိနစ် (၂၀)တွင် အဖွင့်ဂိုး စတင်ရရှိခဲ့ သော်လည်း မြန်မာ အသင်းက ချေပဂိုးနှင့် အနိုင်ဂိုးများ လိုက်သွင်းကာ ဂိုးပြတ် အနိုင်ရခဲ့ခြင်း ဖြစ်သည်။ အင်ဒိုနီးရှား ကွင်းလယ်မှ ထိုးပေးလိုက်သည့် ဘောလုံး အင်ဒို တိုက်စစ်မှူး ဗာမန်ဆာ တစ်ဦးတည်း လွတ်ထွက် သွားရာ ဂိုးသမား ပြည့်ဖြိုးအောင် ရှေ့တက် ကာကွယ်ရန် ကြိုးပမ်းခဲ့သော်လည်း ဂိုးပေါက် ကျဉ်းထဲသို့ ကန်ထည့်သွား၍ မြန်မာတို့ နောက်မှ လိုက်ကစား ခဲ့ရသည်။ ထို့နောက်တွင် ကျော်ဇေယျာဝင်း ဂိုးသမားအား ကျော်ဖြတ် ကန်သွင်းချက် ဂိုးဝင်လု နီးပါး ဖြစ်ခဲ့သော်လည်း အင်ဒို နောက်ခံလူ အချိန်မီ တားဆီးခဲ့၍ မြန်မာတို့ ချေပဂိုးနှင့် ဝေးခဲ့ရသည်။ ထို့နောက်တွင် အင်ဒိုနီးရှား ဗာမန်ဆာ အဝေး ကန်ချက် ဘားထိထွက် ခဲ့၍လည်း မြန်မာတို့ သက်သာရာ ရခဲ့ကာ ပထမပိုင်း အပြီး အင်ဒိုနီးရှားက ၁-၀ဖြင့် အသာရ နေခဲ့သည်။

Like မယ်ဆိုရင်လဲ ကြည့် Like ကြပါ ...

0 ဝေဖန်ချက်များ
POST BY MOHPHA FROM FACEBOOK

ရန်ကုန်မြို့အတွက် ဂျီအက်စ်အမ်ဖုန်းလိုင်း ၁ သိန်းခွဲချထားပေးမည်

0 ဝေဖန်ချက်များ


၂၀၁၁ ခုနှစ် တစ်နှစ်တာကာလပတ်လုံး တန်ဖိုးနည်းဖုန်းလိုင်းချထားပေးမည်ဟုသာ သတင်းထုတ်လွှင့်ခဲ့ပြီး အမှန်တကယ်ချထားပေးခြင်းမရှိခဲ့သည့် ဂျီအက်စ်အမ်မိုဘိုင်းဖုန်းလိုင်းများကို လာမည့် မတ်လအတွင်း၌ အမှန်တကယ်ချထားပေးတော့မည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတို့က အတည်ပြု ပြောဆိုခဲ့သည်။ မတ်အတွင်း၌ ချထားပေးမည့် ဂျီအက်စ်အမ်မိုဘိုင်းဖုန်းလိုင်းများသည် တစ်နိုင်ငံလုံး အတိုင်းအတာအတွက် လိုင်းအင်အား ၁ သန်းခွဲရှိပြီး ရန်ကုန်မြို့အတွက် လိုင်းအင်အား ၁ သိန်းခွဲရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ရတနာပုံတယ်လီပို့တို့မှ ပူးပေါင်းအကောင် အထည် ဖော်ဆောင် ရွက်ခဲ့သည့် Call Center မှသိရသည်။ “အရင်က နှစ်သိန်းနဲ့ချထားပေးမယ်ဆိုပြီး ဆက်သွယ်ရေး ကပြောခိုင်းထားလို့ ပြောပေးနေတာပါ။ အခု နှစ်သိန်းဝန်းကျင်လို့ပဲ ပြောခိုင်း ထားပါတယ်”ဟု တန်ဖိုးနည်းဖုန်း၏ ဈေးနှုန်းနှင့်ပတ်သက်၍ Call Center မှပြန်လည်ဖြေကြားသည်။ မြန်မာ့ဆက် သွယ်ရေးအနေဖြင့် ဖုန်းလိုင်းများချထားပေးမည့်ရက်ကို မတ်လအတွင်း အတိအကျချ ထားပေးမည်ဟု Call Center သို့ အချက်အလတ်ပေးပို့ထားကြောင်း ၎င်းကပြောသည်။ ငွေကျပ်နှစ် သိန်းဖြင့် ချထားပေးမည်ဟု သတင်းထွက်ပေါ်နေသည့် တန်ဖိုးနည်းဖုန်းများကို နီးစပ်ရာမြန်မာ့ဆက်သွယ် ရေးရုံးများ၌ ၀ယ် ယူနိုင်မည်ဖြစ်သည့်အပြင် ပြင်ပရှိမိုဘိုင်းဖုန်းဆိုင်အများအပြား၌လည်း ၀ယ်ယူနိုင်မည် ဟုသိရသည်။

 “ဆက်သွယ်ရေးက ရောင်းတဲ့ဈေးအတိုင်း ကျွန်တော်တို့ဆိုင်မှာဝယ်လို့ရမှာပါ။ အမြတ်အစွန်းဆိုတာက ဖုန်းလိုင်းကတ်တွေရောင်းတဲ့အပေါ်မှာ မရရှိပေမယ့်လည်း ကျွန်တော်တို့အနေနဲ့က ဆိုင်မှာဖုန်းနဲ့ပတ်သက်ပြီး အပြည့်အစုံရှိချင်တာကြောင့် ရောင်းတော့ရောင်းရမှာပါပဲ” ဟု လူကြီးမင်းဟန်းဆက် အရောင်းဆိုင်မှ အထွေထွေမန်နေဂျာ ဦးကိုကိုအောင်ကပြောသည်။ အဆိုပါမိုဘိုင်းဖုန်းလိုင်းများနှင့် ပတ်သက်၍ နိုင်ငံခြားခေါ်ဆိုမှုဘီလ်ဈေးနှုန်းများ၊ စာတိုပို့စနစ်အတွက် ဘီလ်ဈေးနှုန်းများနှင့် တခြားဘီလ်ဈေးနှုန်း အသီးသီးတို့ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် တိကျစွာထုတ်ပြန်ကြေညာ ပေးခြင်းမရှိပေ။ “ကျွန်တော်တို့ အခုအချိန်အထိ နိုင်ငံခြားဘီလ် ဘယ်လောက်ကောက်မှာလဲ၊ Message အတွက် ဘီလ်ဘယ်လောက် ကောက်မှာလဲ၊ နယ်ကျော်သုံးတဲ့ Roming ဘီလ်တွေပေးရမှာလားဆိုတဲ့ အသေးစိတ်အချက်အလက်တွေ အခုချိန်ထိမသိရသေးဘူး။ မတ်လအတွင်းချမယ်ဆိုရင် ရက်ကတော့နီး နေပြီ။ အခုချိန်ထိတော့ အသေးစိတ်မသိရသေးဘူး” ဟုဆက်သွယ်ရေးလုပ်ငန်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

Running Tilte Bar ပြုလုပ်နည်း

0 ဝေဖန်ချက်များ
POSTED BY © MOHPHA


ကျနော်တို့ Blog တွေရဲ့ Browser Tilte Bar မှာ မိမိ Blog Name က ရွေ့လျားနေတာကို အောက်ပါ Code တွေ ထည့်ပြီး ပြုလုပ်ပါမယ် ..


Blog ကို Login ၀င်ပြီး Edit HTML ကိုသွားပါ ..

</head> ကိုရှာပြီး အောက်ပါ Code တွေကို </head> မတိုင်ခင်မှာ ထည့်ပါ ..


<script type='text/javascript'>
//<![CDATA[
msg = "
==>YOUR BLOG TITLE<==";
msg = " .................................. " + msg;pos = 0;
function scrollMSG() {
document.title = msg.substring(pos, msg.length) + msg.substring(0, pos); pos++;
if (pos > msg.length) pos = 0
window.setTimeout("scrollMSG()",200);
}
scrollMSG();
//]]>
</script>


ပြီးလျှင် .. Save Template  

ကိုရီးယားကျွန်းဆွယ် စစ်ရေးလေ့ကျင့်မှု မြောက်ကိုရီးယား သတိပေး

0 ဝေဖန်ချက်များ
CREDIT © MYANMAR JOURNAL'S FACEBOOK

ကိုရီးယားကျွန်းဆွယ်မှာ ပြုလုပ်နေတဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲ စစ်ရေး လေ့ကျင့်မှုတွေဟာ မြောက် ကိုရီးယားရဲ့ အချုပ်အခြာ အာဏာပိုင်မှုနဲ့ ဂုဏ်သိက္ခာကို ထိပါးစော်ကားတာဖြစ်ပြီး ဒါဟာ ခွင့်လွှတ်ပေးလို့ မရတဲ့ လုပ်ရပ်တွေ ဖြစ်တယ်လို့ မြောက်ကိုရီးယားက ပြောကြားလိုက်ပါတယ်။ အခုစစ်ရေးလေ့ကျင့်နေမှုဟာ အရင်တုန်းက ထက်ကို ပိုမိုလုပ်ဆောင်နေတာ ဖြစ်တာကြောင့်၊ ကြိုတင် လက်ဦးမှုရအောင် တိုက်ခိုက်တဲ့ ပုံစံမျိုးလို တွေ့မြင်နေရတဲ့ အတွက်၊ လက်တုံ့ပြန် မှုတွေ လုပ်မယ်ဆိုပြီး မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းမီဒီယာကနေ ခြိမ်းခြောက် ကြေညာ သွားပါတယ်။

တောင်ကိုရီးယားကတော့ အခုလို နှစ်စဉ် ပြုလုပ်မြဲဖြစ်တဲ့ စစ်ရေးလေ့ကျင့်မှုတွေဟာ ကာကွယ်ရေး အတွက်သာ ဖြစ်တယ်ဆိုပြီး ပြောပါတယ်။ အခုစစ်ရေးလေ့ကျင့်မှုတွေအတွက် ရာနဲ့ချီတဲ့ နောက်ထပ် အမေရိကန်စစ်သားတွေကို ခေါ်ယူခဲ့တာ ဖြစ်ပြီး၊ဒီအပတ်နှောင်းပိုင်းမှာလည်း ပူးတွဲစစ်ရေး လေ့ကျင့်မှုတွေ ထပ်လုပ်ဖို့ ရှိနေပါတယ်။ တောင်နဲ့မြောက် ကိုရီးယားအကြား တင်းမာမှုတွေ အထင်အရှား ဖြစ်နေချိန်မှာ အခုလို စစ်ရေးလေ့ကျင်မှုတွေ ပြုလုပ်နေကြတာလည်း ဖြစ်ပါတယ်။ တနင်္ဂနွေနေ့ကတော့ မြောက်ကိုရီးယား ခေါင်းဆောင်သစ် ကင်ဂျုံအွန်းဟာ ရှေ့တန်း စစ်စခန်း နေရာတခုကို သွားရောက်လည်ပတ်ခဲ့ပါတယ်။ အဲဒီနေရာဟာ ၂၀၁၀ ခုနှစ်တုန်းက တောင်ကိုးရီးယား ကျွန်းတခုကို လှမ်းပစ်ခဲ့တဲ့ နေရာဖြစ်တယ်လို့ ယူဆရပါတယ်။

Biography ဇာတ်ကားကောင်းရင် အော်စကာ ရတယ် ...

0 ဝေဖန်ချက်များ
POSTED BY © MOHPHA



The Iron Lady ဆိုတဲ့ ဇာတ်ကားထဲက သရုပ်ဆောင် မင်းသမီး Meryl Streep ကတော့ ဗြိတိန် ၀န်ကြီးချုပ်
မာဂရက်သက်ချာ အဖြစ်သရုပ်ဆောင်ခဲ့ပြီး အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု အဖြစ်ရ ရှိသွားပါတယ် ... မာဂရက်သက်ချာ အကြောင်းကို ရိုက်ကူးထားတဲ့ အဆိုပါ The Iron Lady ဇာတ်ကား မှာ ပါဝင် သရုပ်ဆောင်ရင်း အော်စကာ ဆိုရရှိခဲ့တာပါ ... Biography ဇာတ်ကား ကိုအသက်သွင်းတဲ့ နေရာမှာ အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့ပါတယ် .. မာဂရက်သက်ချာလို ဗြိတိန်ဝန်ကြီးချုပ်အဖြစ် အကောင်းဆုံး သရုပ်ဆောင်နိုင်ဖို့က တော့ တော်တော်မလွယ်ကူတဲ့ ကိစ္စပဲဖြစ်ပါတယ် .. လွဲချော်မှု တစ်ခုမှ မရှိခဲ့တာကို ဒေါ်အောင်ဆန်းစုကြည် ရဲ့ Biography အဖြစ်ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Luc Besson နဲ့ သရုပ်ဆောင် မင်းသမီး Michelle Yeoh တို့ အတုယူ လေ့လာသင့်ပါတယ် ..

Monday, February 27, 2012

ပေါက်ကွဲသံကြီးတစ်ခု မုံရွာတစ်မြို့လုံး ဒုတိယအကြိမ်ထပ်ကြား

0 ဝေဖန်ချက်များ
CREDIT TO © VOICE WEEKLY

အနီတားထားတာလေးတွေ ကို ကြည့်ကြည့်ပါဦးဗျာ .. ဟာသလိုပဲနော်.. :P

လူဦးရေ နှစ်သိန်းဝန်းကျင်ခန့် နေထိုင်သည့် ချင်းတွင်းမြစ်၏ အကြီးဆုံး ဆိပ်ကမ်းမြို့တော် မုံရွာမြို့ တစ်မြို့လုံး မြေသိမ့်တုန်သည့် တော် လည်းသံကဲ့သို့ ပေါက်ကွဲမှုကြီးတစ်ခုကို ဖေဖော်ဝါရီ လ ၁၄ ရက်နေ့ မနက် ၉ နာရီ မိနစ် ၃၀ ခန့်က ကြားခဲ့ရ ကြောင်း မုံရွာဒေသခံများက The Voice Weekly သို့ ပြောကြားသည်။ ထိုပေါက်ကွဲမှု အသံကြီးမှာ မုံရွာမြို့ အနောက်တောင်ဘက် ချင်းတွင်း မြစ် တစ်ဖက်ကမ်းရှိ အိုင်ဗင်ဟိုးကြေးနီ စီမံကိန်းဘက်မှ ထွက်ပေါ်လာခြင်း ဖြစ်သည်ဟု မြို့ခံအများစုက ပြောဆိုကြသော်လည်း ယင်းအချက်နှင့် ပတ်သက်၍ အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ပြီးခဲ့သည့် ၂၀၁၁ သြဂုတ်လအတွင်းကလည်း ယင်းကဲ့သို့ မုံရွာ တစ်မြို့လုံး ကြားခဲ့ရသည့် ပေါက်ကွဲသံကြီး ထွက်ပေါ်ခဲ့ပြီး မုံရွာနှင့် မိုင် ၃၀ ဝန်းကျင်ရှိ အရာတော်၊ ဘုတလင်၊ မြင်းမူ၊ ကနီမြို့နယ်များကပါ ကြားသိခဲ့ရကြောင်း ၎င်းတို့က ပြောဆိုကြသည်။ “ထိုင်နေတုန်း စားပွဲကြီး တုန်သွားတယ်။ အဲဒီအသံကြားပြီး လေယာဉ်ပျံသံ ကြားရတယ်” ဟု ကိုယ်တွေ့ ကြုံခဲ့သူတစ်ဦးက ပြောကြားသည်။ မုံရွာအနီး အလုံရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကမူ ယင်းပေါက်ကွဲသံမှာ အမြင့်ပေနှစ်သောင်း မရောက်မီ တိုက်လေယာဉ်တို့၏ ဂီယာညက်သံဖြစ်သည်ဟု နယ်မြေခံ သတင်းထောက်များကို ပြောဆိုသည်။ ချင်းတွင်းမြစ် အနောက်ဘက်ကမ်း ကနီမြို့နယ်ရှိ ပုံတောင်ပုံညာ တောင်ကြောတွင် ကုန်းတွင်းရေနံ ရှာဖွေရေး လုပ်ကွက်များကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ CNOPC ကုမ္ပဏီမှ ရရှိခဲ့ပြီးနောက် ယခုကဲ့သို့ တော်လည်းသံကဲ့သို့ ပေါက်ကွဲသံကြီးများ ကြားသိလာရခြင်းဖြစ်ကြောင်း မုံရွာဒေသခံများက ပြောဆိုကြသည်။ မုံရွာတစ်ဖက်ကမ်း ဆားလင်းကြီးမြို့နယ်ရှိ အိုင်ဗင်ဟိုးကုမ္ပဏီမှ ယခင်တာဝန်ယူ လုပ်ကိုင်ခဲ့သော ကြေးနီစီမံကိန်းကို မြန်မာယန်စီကြေးနီ ကုမ္ပဏီဟု အမည်ပြောင်းလဲထားပြီး ယခုအခါ ပြည်တွင်း တိုင်ရင်းသားပိုင် ထူးကုမ္ပဏီကပါ ပါဝင်လုပ်ကိုင်နေသည်ဟု ဒေသခံများထံမှ သိရသည်။

ဥပဒေကို လိုက်နာလေးစားလျှင် နိုင်ငံရေးပါတီများဖက်မှ ရပ်တည်မည်ဟု ကော်မရှင် ဥက္ကဌပြောကြား

0 ဝေဖန်ချက်များ
CREDIT TO © THE VOICE WEEKLY

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး

လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေ များအား လေးစားလိုက်နာ ဆောင်ရွက်မည်ဆိုပါက မိမိ၏ရာထူးကို စွန့်လွှတ်ရလျှင်ပင် နိုင်ငံရေးပါတီ များဘက်က အပြည့်အဝ ရပ်တည်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်ဟု နိုင်ငံရေးပါတီ ခေါင်းဆောင်များ၏ ပြောကြားချက်အရ သိရသည်။ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က နေပြည်တော်တွင် ကျင်းပပြုလုပ်သော နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးပွဲ၌ တက်ရောက်လာသည့် နိုင်ငံရေးပါတီများက ၂၀၁၀ ရွေးကောက်ပွဲအတွင်း ဖြစ်ပွားခဲ့သော မဲမသမာမှုများနှင့် လက်ရှိအခြေအနေတွင် ဖြစ်ပေါ်နေသော တရားမဲ့ ပြုကျင့်နေမှုများကို တင်ပြအပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက အထက်ပါအတိုင်း ကတိပြုလိုက်ခြင်းဖြစ်သည်ဟု ၄င်းတို့ထံမှ သိရသည်။ “ကော်မရှင်ဥက္ကဋ္ဌကြီး ပြောတာကတော့ နိုင်ငံရေးပါတီတွေအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တည်ဆဲဥပဒေတွေ၊ ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေတွေနဲ့အညီသာ ဆောင်ရွက်ပါ။ အဲဒါဆိုရင် သူက ပါတီတွေဘက်ကနေ ရပ်တည်မယ်၊ အဲဒီလို ရပ်တည်လို့ ကော်မရှင်ဥက္ကဋ္ဌ ရာထူးစွန့်လွှတ်ရရင်တောင် စွန့်လွှတ်လိုက်မယ်။ တပ်မတော်သားဘဝက လာတာ၊ ဘာမှ ကြောက်စရာ မရှိဘူးလို့ ပြောပါတယ်။ ပါတီတွေက တော်တော်လေးကို အားရကျေနပ်သွားကြတယ်” ဟု ပြည်သူ့ဒီမိုကရေစီ ပါတီခေါင်းဆောင် ဒေါက်တာသန်းထိုက်ဦးက ပြန်လည်ပြောပြသည်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ဥပဒေများ၊ နည်းဥပဒေများနှင့်အညီ လုပ်ဆောင်နေသော်လည်း တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာအဆင့် ကော်မရှင်များတွင် ဥပဒေကို လေးစားလိုက်နာမှု အားနည်း၍ ပါတီများအနေဖြင့် မသမာမှုများ၊ တရားမဲ့ပြုကျင့်မှုများ ခံနေရခြင်းဖြစ်ကြောင်း၊ ကော်မရှင်အဆင့်ဆင့် အနေဖြင့် မှားယွင်းလုပ်ဆောင်မှုများ ရှိခဲ့ပါက ယင်းတို့ကို အရေးယူနိုင်မည့် ဥပဒေများ တိကျစွာ မရှိသေးကြောင်းလည်း ၄င်းကထောက်ပြ ပြောဆိုခဲ့သည်ဟု ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

ဆီးရီးယားနိုင်ငံမှာ ဆန္ဒခံယူပွဲ ကျင်းပ

0 ဝေဖန်ချက်များ
POSTED BY  © MOHPHA

ဆီးရီးယားနိုင်ငံတလွှား အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွား နေပေမယ့် လည်း အခြေခံဥပဒေ သစ်တခု ပြန်ရေးဆွဲရေးနဲ့ ပတ်သက်ပြီး၊ နိုင်ငံ တလွှား လူထုဆန္ဒ ခံယူပွဲ ကျင်းပနေပါတယ်။ အခုဆန္ဒခံယူပွဲဟာ သမ္မတ ဘာရှားအဲလ် အာဆတ်ရဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ် တွေထဲက တစိတ်တပိုင်းဖြစ်ပြီး သမ္မတ အာဆတ်ဟာ သူ့အစိုးရကို ဆန့်ကျင်နေကြတဲ့ တနှစ်နီးပါး လူထုအုံကြွမှုတွေ အပေါ် ပြန်လည် တုံ့ပြန် ဆောင်ရွက် ပြလိုက်တာလည်း ဖြစ်ပါတယ်။ အခြေခံဥပဒေအသစ် အတည်ဖြစ်ခဲ့မယ်ဆိုရင်တော့ ဆီးရီးယားနိုင်ငံကို ပါတီစုံ စနစ်နဲ့ တည်ဆောက်မှာ ဖြစ်ပါတယ်။ အတိုက်အခံ အုပ်စုတွေကတော့ အခု ဆန္ဒခံယူပွဲဟာ ဘာမှ အဓိပ္ပါယ်မရှိဘူးလို့ ပြောကြားပြီး၊ သပိတ်မှောက်ကြဖို့ ဆော်သြထားပါတယ်။

အဓိကကျတဲ့ ဟုမ်းစ်မြို့နဲ့ ဟာမား မြို့ တွေ အမြော်ကနဲ့ ပစ်ခံရတဲ့ နောက်ဆုံး အကြမ်းဖက်မှု တွေ အတွင်း လူပေါင်း ၂၀ သေဆုံးသွားတယ်လို့လည်း တက်ကြွလှုပ်ရှားသူတွေက ပြောပါ တယ်။ ဒမားစကပ်စ်နဲ့ အလက်ပိုမြို့တွေက လူတွေ လည်း သမ္မတအာဆတ်ကို ဆန္ဒပြဖို့ တိုက်တွန်း ဆီးရီးယားက အကြီးဆုံးမြို့ကြီး နှစ်မြို့ဖြစ်တဲ့ ဒမားစကပ်စ်နဲ့ အလက်ပိုမြို့တွေက လူတွေ အနေနဲ့ သမ္မတအာဆတ်ကို စုရုံးဆန့်ကျင် ဆန္ဒပြဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ပန်ကြားလိုက်ပါတယ်။ အကြောင်းကတော့ သူ့အဆို ဟုမ်းစ်မြို့မှာ ကြောက်မက်ဖွယ်ရာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ ဖြစ်ပွားနေတာကြောင့် အဲဒီမှာရှိတဲ့ လူတွေအနေနဲ့ မိတ်ဆွေ ပြည်သူ အများရဲ့ ထောက်ခံမှုကို လိုအပ်နေတယ်လို့ မစ္စစ်ကလင်တန်က သတင်းထောက်တွေကို ပြောကြားပါတယ်။ ဒါပေမယ်လို့ နိုင်ငံခြားကနေ ကြားဝင်ဆောင်ရွက်မှုတွေလုပ်ရင်တော့ ဆီးရီးယားမှာ ပြည်တွင်းစစ်ကို အရှိန်ရသွား စေလိမ့်မယ်လို့ သူက သတိပေး ပြောကြားပါတယ်။ လစ်ဗျားနိုင်ငံမှာ လုပ်သလို စစ်ဆင်ရေးမျိုး လုပ်ဖို့ဆိုတာ မဖြစ်နိုင်ကြောင်း၊ အကြောင်းက တော့ လစ်ဗျားက ကဒါဖီဆန့်ကျင်တဲ့ တပ်ဖွဲ့တွေလိုမျိုး ဆီးရီးယား အတိုက်အခံ တွေမှာ နယ်မြေပိုင်ဆိုင်မှု မရှိဘူးလို့ သူက ပြောပါတယ်။

ATM ကတ် သုံးစွဲသူများအား မတ်လတွင် ဝန်ဆောင်ခ ကောက်တော့မည်

0 ဝေဖန်ချက်များ

ATM Card သုံးစွဲသူများအား မတ်လကုန်မှ စတင်ကာ ၀န်ဆောင်ခ ကောက်ခံတော့မည်ဟု ကမ္ဘောဇဘဏ် မှ တာဝန်ရှိသူတစ်ဦးက ပြောကြားလိုက် ပါတယ် .. "အခု ကဒ်လုပ်တဲ့ သူတွေကို ကဒ်ဖိုးရော သုံးစွဲခွင့်ရော၊ ငွေလွှဲခရော အားလုံးအခမဲ့ ၀န်ဆောင်မှုပေးထားတာဖြစ်ပါတယ် .. မတ်လကုန်မှာ ကောက်ခံမဲ့ ၀န်ဆောင် ခ နှုန်းထားတွေကို ကောက်ခံတော့မဲ့ အချိန်မှာ ထုတ်ပြန်ကြေငြာသွား မှာဖြစ်ပါတယ် .." ဟုပြောကြားသည်။


ယခု လတ်တလောတွင် ATM ကတ်အား မည်သည့် နေရာတွင်မဆို ထုတ်ယူ သုံးစွဲနိုင်ပြီး လွှဲပြောင်း သုံးစွဲခ ကောက်ခံမှု မရှိသေးကြောင်း၊ ကမ္ဘောဇဘဏ် အနေဖြင့် ATM စက်များအား မတ်လတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဘဏ်ခွဲများ အားလုံးတွင် တပ်ဆင်မည် ဖြစ်ပြီး တောင်ကြီးနှင့် မန္တလေးဘဏ်ခွဲ (၁) နှင့် (၃)၊ ဒိုင်းမွန်းပလာဇာ တို့တွင်လည်း ဆက်လက် တပ်ဆင်သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောသည်။ “တောင်ကြီးမှာ လုပ်ထားတဲ့ ATM ကတ်ကို ရန်ကုန်မှာ သုံးလို့ရတယ်။ မတ်လကုန်အထိတော့ လွှဲခ မယူသေးပါဘူး” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ ကမ္ဘောဇဘဏ် ၁၂ ခုရှိပြီး ခုနစ်ခုမှာ ATM စက်တပ်ဆင် ပြီးစီးပြီ ဖြစ်ကာ ကျန်ဘဏ်ခွဲများတွင် ဆက်လက် တပ်ဆင်မည် ဖြစ်ပြီး ဂျန်းရှင်း ရှော့ပင်းမောများတွင် တပ်ဆင်နိုင်ရန် အတွက် ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း ၎င်းက ပြောသည်။ ကမ္ဘောဇဘဏ်တွင် စာရင်းရှင်း အပ်ငွေ ဖွင့်ကာ ATM ကတ် ပြုလုပ်သုံးစွဲသူ တစ်သောင်းဝန်းကျင်ခန့် ရှိလာပြီ ဖြစ်ပြီး ATM ကတ်ကို နိုဝင်ဘာလမှ စတင် သုံးစွဲခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။

ကမ္ဘာ့အံ့ဖွယ် MACHU PICCHU

0 ဝေဖန်ချက်များ
POSTED BY © MOHPHA

File:Machu Picchu, Peru.jpg

ပီရူးနိုင်ငံမှာရှိတဲ့ Machu Picchu ဆိုတဲ့နေရာတစ်ခုဟာ ကမ္ဘာ့အံဖွယ်တွေထဲက တစ်ခုဖြစ်ပါတယ် .. စပိန်လို တော့ Machu Pikchu လိုပြီး တော့အသံထွက်ပါတယ် .. ကိုလံဘီယံ ခေတ်မတိုင်မှီ အင်ကာလူမျိုးတွေရဲ့နေရာမှာ ၁၅ ရာစုလောက်ကတည်းက တည်ဆောက်ထားခဲ့တာဖြစ်ပါတယ် .. ပင်လယ် ရေမျက်နှာပြင်အထက် ၂၄၃၀ မီတာ (၇၉၇၉ ပေ) အမြင့်မှာတည်ရှိပါတယ် .. တောင်အမေရိ က ရဲ့ ပီရူးနိုင်ငံ Cusco ဒေသမှာတည်ရှိပါတယ် ..


File:MachuPicchu TerracedFields (pixinn.net).jpgရှေးဟောင်းသုတေသနပညာရှင် အများစုကတော့ Machu Picchu ကို အင်ကာ အင်ပါယာ Pachacuti (1438-1472) အဖြစ်တည်ဆောက်ခဲ့တယ်လို့ ယူဆကြပါတယ် .. ပျောက်ဆုံးနေတဲ့ အင်ကာ မြို့တော်တွေထဲမှာ Machu Picchu ဟာ Icon တစ်ခုအဖြစ်တည်ရှိခဲ့ပါတယ် ..  







File:Machupicchu hb10.jpg၁၉၁၁ မှာတော့ အမေရိကန် သမိုင်းပညာရှင် Hiram Bingham က Machu Picchu အကြောင်းကို ကမ္ဘာ ကို ချပြပြီးတဲ့ နောက်ပိုင်းမှာတော့ Machu Picchu ဟာ ကမ္ဘာလှည့်ခရီးသည်တွေ အတွက် ဆွဲဆောင်မှု ရှိတဲ့ နေရာ တစ်ခုဖြစ်လာပါတယ် .. ဒီလိုနဲ့ တဖြည်းဖြည်းပျောက်ဆုံးနေတဲ့ Machu Picchu ကို တူးဖော် ခဲ့ရာမှာ တော့ ၁၉၇၆ မှာ သုံးဆယ်ရာခိုင်နှုန်းတူးဖော်ရရှိခဲ့ပါတယ် .. ဒါပေမဲ့ ဒီလိုတူးဖော်နေဆဲ ရှာဖွေဆဲ အလုပ်တွေကို ဒီနေ့တိုင်အထိ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပါတယ် ... ၁၉၈၃ မှာတော့ ကမ္ဘာ့ရှေး ဟောင်းယဉ်ကျေးမှု အဖွဲ့ (UNESCO) က အမွေအနှစ်နေရာ အဖြစ်သတ်မှတ်ခဲ့ပါတယ် .. ၂၀၀၇ ခုနှစ်မှာတော့ Machu Picchu ဟာ ခုနှစ်ခုမြောက် ကမ္ဘာ့အထူးဆန်းဆုံးနေရာ အဖြစ် မဲပေးရွေးချယ်ခြင်း ခံခဲ့ ရပါတယ် ..

Sunday, February 26, 2012

USER ACCOUNT CONTROL ဆိုသည်မှာ ...

0 ဝေဖန်ချက်များ

User Account Control (UAC) အကြောင်းကို Microsoft Windows Vista, Windows 7 အသုံး ပြုနေတဲ့ သူတွေ သိကြမှာပါ .. Microsoft ကနေပြီးတော့ Security Infrastructure တစ်ခုဖြစ်တဲ့ UAC ကို Windows Vista နဲ့အတူစတင်ထည့်သွင်းပေးခဲ့ပြီး နောက်ပိုင်း OS တွေဖြစ်တဲ့ Windows 7 နဲ့ Windows Server 2008 တွေမှာ ပိုမိုကောင်းမွန်ပြီးပြည့်စုံတဲ့ UAC ကိုထည့်သွင်းပေးနိုင်ခဲ့ပါတယ် .. သေချာတာကတော့ မိမိအသုံးပြုနေတဲ့ Windows ရဲ့ လုံခြုံမှု အပိုင်းအတွက် အသစ်ထည့်သွင်းမဲ့ Application Software တွေကို ထိန်းချုပ်ပေးနိုင်တဲ့ အတွက် UAC သည် Windows 7 မှာ ပိုမိုနာမည် ကြီးလာခဲ့ပါတယ် ..

အမှန်တကယ်တော့ UAC ဆိုတာ Microsoft ရဲ့ Windows Vista နဲ့အတူတူတွဲလျက် မိတ်ဆက်နိုင်ခဲ့ ပေမဲ့ Vista ရဲ့ကျဆုံးမှုတွေထဲမှာ UAC ရဲ့ ပြစ်ချက်၊အားနည်းချက်တွေ လည်းအပါအ၀င်ဖြစ်ခဲ့ပါတယ် .. နောက်ဆုံး Microsoft ကနေပြီး Windows 7 ထုတ်လုပ်တဲ့အခါမှာတော့ UAC ရဲ့အားနည်း ချက်တွေကို လည်းပြန်လည်ပြင်ဆင်ပြီး ထုတ်လုပ်ခဲ့ပါတယ်...


အဓိကလုပ်ဆောင်ချက်ကတော့ Application Software တွေရဲ့ Limit ကို Administrator ရဲ့ ခွင့်ပြုချက်မရရှိပဲ Standard User တွေက ထိန်းချုပ်ပြီး အတိုး အလျှော့ မပြုလုပ်နိုင်ဖို့အတွက်ဖြစ် ပါတယ် ... Installation ပြုလုပ်မဲ့ Application တစ်ခု မှာ Malware သို့ မဟုတ် Spyware တွေတွဲဖက်ပါဝင်လာတတ်တဲ့အတွက် UAC ကို အသုံးပြုပြီး Operating System ကို ကာကွယ်မှု ပြုလုပ်ပေးနိုင်ခြင်းဖြစ်ပါတယ် ... သာမန်User Account တစ်ခုမှာတောင် Administrator Privileges တွေရှိနေခဲ့ရင်တောင် Application တစ်ခုကို လွယ်လွယ်ကူကူ Installation ပြုလုပ်လို့မရအောင် UAC ကထိန်းချုပ် ပေးထားတာ ဖြစ်ပါ တယ် ....


User Account Control Setting (UAC) ထဲမှာ Application Control Notify ကို Adjust ပြုလုပ်ခြင်းဖြင့် ထိန်းချုပ်နိုင်ပါတယ် ..


Blog Post ရေးသူနာမည်ကို မိမိပုံနဲ့ အစားထိုးမယ် ...

0 ဝေဖန်ချက်များ

ကျနော်တို့ BLOG တွေရဲ့ Post တွေမှာ ... Blog ရေးသူ Author နာမည်အဖြစ် မိမိ မှတ်ပုံတင်ခဲ့တဲ့ နာမည် တွေ အဖြစ်ပါလာတတ်ပါတယ် .. အဲဒါကို ကျနော်တို့ Text အစား မိမိပုံနဲ့ အစားထိုးပြီး Picture အဖြစ်ပြောင်း လဲကြည့်ပါမယ် ...

Dashboard >> Layout >> Edit HTML ကိုသွားပါ .. ပြီးရင် “Expand Widget Templates” ကို အမှန် ခြစ်ပေးလိုက်ပါ .. အောက်ပါ Code တွေကို ရှာကြည့်ပါ ..

<p class=’post-footer-line post-footer-line-1′>
<span class=’post-author’>
<b:if cond=’data:top.showAuthor’>
<data:top.authorLabel/> <data:post.author/>
</b:if>
</span>

ပြီးရင် .. <data:post.author/>  ဆိုတဲ့ Code ရဲ့အောက်မှာ အောက်ပါ Code ကိုထပ်မံထည့်သွင်းပေးပါ ပြီး ရင် တော့ SAVE TEMPLATE လုပ်ဖို့ မမေ့ပါနဲ့ ...
<a href=”URL OF YOUR BLOG”><img src=”URL OF YOUR PICTURE” /></a>
URL OF YOUR BLOG ဆိုတဲ့နေရာမှာ မိမိ Blog ရဲ့ URL ကိုထည့်သွင်းပြီး URL OF YOUR PICTURE ဆိုတဲ့နေရာမှာတော့ မိမိ ထည့်သွင်းလိုတဲ့ ပုံတင်ထားတဲ့ Image Hosting URL ကိုထည့်သွင်းပေးရမှာ ဖြစ်ပါတယ် ..

PASSWORD စစ်တမ်း

0 ဝေဖန်ချက်များ

ကျနော်တို့ ကွန်ပျူတာ၊ အင်တာနက်၊ e-mail အသုံးပြုသူတွေဟာ password တွေကို အသုံးပြုလေ့ ရှိပါ တယ် .. အဲဒီနေရာမှာ ဘယ်လို Password တွေသုံးတယ်၊ အသုံးများတယ်ဆိုတာကို တစ်ကမ္ဘာလုံး အတိုင်း အတာနဲ့ တွက်ချက်ကြည့်လိုက်တော့ ကမ္ဘာပေါ်မှာ user တွေ အသုံးအများဆုံးနဲ့ အညံ့ဆုံး password အဖြစ် 123456 ဆိုတဲ့ Password တစ်ခုထွက်လာပါတယ် ..

အဲဒီ အချက်အလက်တွေကို Hacker တစ်ယောက်က phpbb forum ကို ထိုးဖောက်ဝင်ရောက် ပြီး user တွေ ရဲ့ အချက်အလက်တွေ နဲ့ Password တွေကို ရရှိခဲ့ပါတယ် ..

User 200000 ရဲ့ password တွေကို စစ်တမ်း ကောက် လိုက်တဲ့ အချိန်မှာတော့ 123456 ဆိုတဲ့ password သည် လူသုံးအများဆုံး password ဖြစ်နေတာကို တွေ့ရပြီး ဒုတိယအသုံးအများ ဆုံး password က တော့ password ပဲဖြစ်ပါတယ် ..