Saturday, February 11, 2012

အပြန်အလှန် အခဲမကြေမှုတွေနဲ့ အီဗရာ နဲ့ ဆွာရက်ဇ်

0 ဝေဖန်ချက်များ
အခုည ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ မန်ယူနဲ့ လီဗာပူးတို့ ပွဲစဉ်မှာ ... မန်ယူနောက်ခံလူ အသင်းခေါင်းဆောင် အီဗရာ ကို ပထမ အကြော့မှာ လူမျိုးရေးခွဲခြားခဲ့တဲ့ အတွက် ၈ ပွဲ ပယ်ခံထားရတဲ့ လီဗာပူး ရှေ့တန်းလူ လူးဝစ် ဆွာ ရက်ဇ် က ပွဲမစတင်မီ လက်ဆွဲနှုတ်ဆက်ကြရာမှာ အီဗရာနဲ့ လက်ဆွဲနှုတ်ဆက်ဖို့ ငြင်းပယ်ခဲ့တာ ကြောင့် ပွဲ အပြီးမှာ မန်ယူ အသင်းက လီဗာပူးအသင်းကို ၂-၁ နဲ့ အနိုင်ရရှိချိန် အီဗရာ က အလွန်အမင်းအောင်ပွဲ ခံခဲ့တာ ကြောင့် အချို့ လီဗာပူး အသင်းသားများနဲ့ အချင်းများမလို ဖြစ်ခဲ့ကြပါတယ် ...
 
 

ကော့မှူး ခရီးစဉ် မှတ်တမ်းများ

0 ဝေဖန်ချက်များ
"အတန်းပညာတွေ ဘယ်လောက်မြင့်မြင့် ကိုယ့်အတွက်ပဲလုပ်ပြီးတော့ သူများကို လှည့်မကြည့် တဲ့သူတွေ လည်း ရှိပါတယ်။ ကျွန်မရဲ့အမြင်မှာတော့ ဒီလိုပုဂ္ဂိုလ်မျိုးက တကယ်တော့ တန်ဖိုးမမြင့်ဘူးလို့ မြင်ပါတယ်။ သူဘယ်လောက်ပဲ အတန်းပညာတတ်တတ်၊ ပစ္စည်းဥစ္စာ ချမ်းသာ ချမ်းသာ ကိုယ့်ရဲ့ ပတ်ဝန်းကျင်အတွက်၊ ကိုယ့်ရဲ့ ဒေသအတွက်၊ ကိုယ့်ရဲ့နိုင်ငံအတွက် မစဉ်းစားဘဲနဲ့ တစ်ဦးတစ်ယောက်အတွက် စဉ်းစားတဲ့ လူ ဆို တာ အင်မတန်မှ ကျဉ်းမြောင်းပါတယ်"

(ဒေါ်အောင်ဆန်းစုကြည်၏ ကော့မှူးခရီးစဉ် မိန့်ခွန်းမှ ကောက်နုတ်ချက်) @ 7Day News Journal's Facebook
 
 

Thursday, February 9, 2012

ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည့် ကစားသမားအား ဆေးရုံကား မရှိ၍ ဆေးရုံသို့ ကြုံသလို ပို့ဆောင် ခဲ့ရ

0 ဝေဖန်ချက်များ
@SOCCER MYANMAR
မောရ၀တီနှင့် ကမ္ဘောဇ အသင်းတို့၏ ပဒုမ္မာကွင်း ပွဲစဉ် ဒုတိယပိုင်းတွင် မောရ၀တီ ကစားသမား အောင်ဌေးဦးသည် ဒူးဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ရာ ဆေးရုံကား မရှိခဲ့၍ ၁၅မိနစ်ကြာခန့် စောင့်ဆိုင်းခဲ့ရကာ အဆုံးတွင် ကြုံသလို ဆေးရုံသို့ ပို့ဆောင် ခဲ့ရသည်ဟု သိရသည်။

ကမ္ဘောဇ အသင်းက ၆-၂ဖြင့် အနိုင်ရရှိ ခဲ့သည့် အဆိုပါ ပွဲစဉ်တွင် ဒုတိယပိုင်း ပွဲချိန် ၆၃မိနစ်ခန့်၌ မော်ရ၀တီ ကစားသမား အောင်ဌေးဦးသည် ဘောလုံး ယှဉ်လုရင်း ဒူးတွင် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်။ ၎င်းအား ထူးကျော်နှင့် လူစားလဲ အပြီးတွင် ဆေးအဖွဲ့မှ ဒဏ်ရာ ပြင်းထန်သည်ဟု ယူဆကာ ဆေးရုံသို့ ပို့ဆောင်စေရန် ဆုံးဖြတ်ခဲ့သည်။

ဇွတ်မညှိနဲ့ .. မတူတာကို .. လက်ခံနိုင်အောင်ကြိုးစား

0 ဝေဖန်ချက်များ
@ News-Eleven Written By ဆရာလူထုဦးစိန်ဝင်း

ညီညွတ်ရင် အလုပ်တွင်တယ်။ ကောင်းတယ်။ မညီညွတ်ရင် အလုပ်မတွင်ဘူး။ ဖင့်နှေးတယ်။ ဒါပေမဲ့ မညီညွတ်တာ မကောင်းဘူးလို့တော့ တထစ်ချပြောလို့မရဘူး။ ညီညွတ်တိုင်း ကောင်းတယ်လို့ ပြောမရနိုင်တာမျိုးရှိသလို မညီညွတ်လို့ ကောင်းသွားတာမျိုးလည်းရှိတယ်။

ကျွန်အဖြစ်တော့မနေဘူး


အင်္ဂလိပ်လက်အောက်မှာ နေရတာကောင်းတယ်။ အဘက်ဘက်က တိုးတက်တယ်လို့ လူတိုင်းတညီတညွတ်တည်း သဘောထားနေကြရင် လွတ်လပ်ရေးဆိုတာ ရှိခဲ့မှာတောင် မဟုတ်ဘူး။ မျက်နှာဖြူတွေကို သခင်ခေါ်၊ ရှိခိုးဦးတင်လုပ်ပြီး သူတို့စားကြွင်းစားကျန် အရိုးအရင်းကိုက်ရတဲ့ ကျွန်အဖြစ်နဲ့တော့မနေဘူး။ ကိုယ့်မင်းကိုယ့်ချင်း သခင်ဘ၀နဲ့ ထမင်းကြမ်းပဲ ယပ်ခတ်စားနေမယ်ဆိုတဲ့ သဘောကွဲသူတွေကြောင့်သာ အခုလို လွတ်လပ်တဲ့ နိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့တာဖြစ်တယ်။ အင်္ဂလိပ်လက်အောက် နေရတာကောင်းတယ် ဆိုသူတွေက လွတ်လပ်ရေးရပြီးမှ ဘယ်မှာ ကောင်း ကောင်းနေရတာရှိလို့လဲလို့ အပြစ်ပြောကြတယ်။

Wednesday, February 8, 2012

အင်တာနက်မှတစ်ဆင့် နိုင်ငံတကာသို့ ဖုန်းခေါ်နိုင်မည့် Ytalk စနစ်အသုံးပြုနိုင်ပြီ

0 ဝေဖန်ချက်များ
အောက်ပါအတိုင်း Ytalk သုံးနိုင်ပြီလို့ဆိုပေမဲ့ .... YATANARPON.COM.MM ကိုတော့ တစ်ခြား INTERNET တောင် မဟုတ်သေး ဘူး .. INTRANET ဆိုဒ်တွေထက်တောင် တော်တော်လေးကို ကြိုးစား RETRY ငါးခါလောက် သို့ F5 ပေါ့ဗျာ .. သုံးပြီးမှ ဖွင့်လို့ ရတာ ဆိုတော့ Pfingo, Gtalk, Skype တို့ထက် ပိုမြန်ပါတယ်ဆိုတဲ့ ကိုကို YTalk ရေ .. ငွေဖြည့်ကဒ်က FEC နဲ့ ပေးဝယ်ရမှာ နော်.. RETRY လုပ်နေတာနဲ့တင် .. ကုန်သွားနိုင်လောက်တယ် .. ဟုတ်မှလဲ လုပ်ကြပါ .. ကိုယ်ရွှေလိပ်တို့ရယ် ...

@ Myanmar Times

ရတနာပုံဝက်ဘ်ပေါ်တယ်နှင့် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းတို့ ပူးပေါင်းပြီး နိုင်ငံတကာသို့ အင်တာနက်မှ တစ်ဆင့် ဖုန်းခေါ်ဆို နိုင်မည့် Ytalk စနစ်ကို ယခု လ ၇ ရက်နေ့တွင် စတင်အသုံးပြုနိုင်ပြီ ဖြစ်သည်။
" Ytalk ကို နိုင်ငံခြားခေါ်ဆိုမှုအတွက် ပြုလုပ်ထားတာပါ။ ဈေးနှုန်းကတော့ အနီးနဲ့ အဝေးဆိုပြီး နှစ်မျိုးပဲ သတ်မှတ်ထားတာပါ။ ဥပမာ အနီးကတော့ အိမ်နီးချင်းနိုင်ငံနဲ့ အာဆီယံနိုင်ငံတွေပေါ့။ အဝေးကတော့ ဥပမာ ဂျပန်နိုင်ငံ တို့လိုပေါ့။ အနီးကတော့ တစ်မိနစ်ကို အမေရိကန်ဒေါ်လာ ၁၅ ဆင့်ဖြစ်ပြီး အဝေးကတော့ တစ်မိနစ် ၃၅ ဆင့်လို့ သတ်မှတ်ထားပါတယ်"ဟု ရတနာပုံမှ တာဝန်ရှိသူ တစ်ဦးဖြစ်သူ ဦးတင်ဝင်းက မြန်မာတိုင်း(မ်)ကို ပြောသည်။

ငါးရဖို့က အဓိက

0 ဝေဖန်ချက်များ
@ MYANMAR TIMES

ယခုတလော မြန်မာ့ဆက်သွယ်ရေးနှင့် ရွှေပြည်တံခွန် ကုမ္ပဏီကြား ကျပ် ၅,၀၀၀ တန် ကတ်ဖုန်းကိစ္စ အငြင်းပွားနေကြသည်။
နှစ်ဖက်စလုံးက မီဒီယာများကို အသုံးပြုပြီး ကိုယ့်ဘက်ကမှန်ကြောင်း သက်သေတွေပြနေကြသည်။
မီဒီယာထက်တွင် စစ်တလင်းခင်းနေကြသည်။
ကြားထဲက ပြည်သူတွေမှာတော့ 'ထင်သာထင် မ၀င်ဘူး ကျောင်းအမရေ' ဆိုသည့်စကားလို သက်သာသောနှုန်းထားဖြင့် ဖုန်းကိုင် ဆောင်ခွင့်အိပ်မက်များ ပျက်ပြယ်နေရသည်။
ရွှေပြည်တံခွန် ကုမ္ပဏီမှ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ၅,၀၀၀ တန် ဖုန်းကတ်များ ရောင်းချမည်ဟု ကြေညာလိုက်ချိန်တွင် ၀မ်းသာခဲ့ သော ပြည်သူများအတွက်လည်း မြန်မာ့ ဆက်သွယ်ရေးမှ ထိုကိစ္စဖြစ်ရန် အချိန်လိုပါသေးသည်ဟု ကြေညာချက်ထုတ် လိုက်သော အခါ ဖျတ်ခနဲ ၀မ်းသာရာကနေ ၀မ်းနည်းကြရတော့သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆီးရီးယား ရောက်ရှိ

0 ဝေဖန်ချက်များ
ရုရှား နိုင်ငံခြားရေးဝန်ကြီးဟာ ဆီးရီးယားသမ္မတနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဆီးရီးယားနိုင်ငံကို အင်္ဂါနေ့ က ရောက် ရှိလာ ပါတယ်။

မြို့တော် ဒမတ်စ်စကတ်စ်ရဲ့ လမ်းမတွေမှာ ဆီးရီးယားပြည်သူတွေဟာ နှစ်နိုင်ငံအလံတွေ ကိုဝှေ့ရမ်းပြီး သူ့ကို သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြ ပါတယ်။

တနင်္လာနေ့က အမေရိကန် နိုင်ငံဟာ သူရဲ့ ဒမတ်စ်စကတ်စ်က သံရုံးကိုပိတ်လိုက်သလို ဗြိတိန်နိုင်ငံ ကလည်း သူ့နိုင်ငံရဲ့ သံအမတ်ကို ပြန်ရုတ်သိမ်း လိုက်တဲ့နောက်ပိုင်းမှာ ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆီးရီးယားကို ရောက် လာတာပါ။

ဆီးရီးယားအစိုးရက သူ့ရဲ့နိုင်ငံသားတွေအပေါ် သတ်ဖြတ်နေတာတွေကို ရပ်တန့်ဖို့ ကြိုးစား နေတဲ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ရဲ့ ဆုံးဖြတ်ချက် မူကြမ်းကို ဗီတိုအာဏာသုံးပြီး ရုရှား နိုင်ငံနဲ့ တ
ရုတ်နိုင်ငံက ကန့်ကွက်ခဲ့တဲ့အတွက် အနောက်နိုင်ငံတွေ က အလွန်အမင်း ဒေါသ ထွက်နေကြပါတယ်။

ဝန်ထမ်းများ လစာတိုးပေးရေး သူရဦးရွှေမန်းအဆို ပြည်ထောင်စုလွှတ်တော် အတည်ပြု

0 ဝေဖန်ချက်များ
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦး ရွှေမန်း
သန့်ရှင်းသော အစိုးရ၊ကောင်းမွန်သော အုပ်ချုပ်ရေး အမှန်တကယ် ဖြစ်လာစေရန် နိုင်ငံဝန်ထမ်းများ၏ လုပ်ခ၊ လစာစရိတ်နှင့် ချီးမြှင့်ငွေများ ကို လာမည့် ဘဏ္ဍာရေး နှစ်အစတွင် မဖြစ်မနေ တိုးမြှင့်ပေးရေး အပါအ၀င် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦး ရွှေမန်းတင်ပြသည့် အဆိုကို ပြည် ထောင်စုလွှတ်တော်က အတည်ပြုခဲ့ ကြောင်း သတင်းရရှိပါသည်။

ဖေဖော်ဝါရီလ ၇ရက်နေ့ကပြု လုပ်ခဲ့သော ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမနေ့အစည်း အဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြည်ထောင်စုလွှတ်တော်သို့ အဆို တင်သွင်းခဲ့ခြင်းဖြစ်ကာ နိုင်ငံအကျိုး၊ ပြည်သူ့အကျိုး လက်ငင်း ရေတိုနှင့် ရေရှည်အကျိုး များအတွက် ပြည်သူ့ကိုယ်စားလှယ် တစ်ဦးအနေဖြင့် တင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

“အမှန်အတိုင်း ၀န်ခံပြောဆိုရ မည်ဆိုလျှင် ယနေ့တာဝန်ထမ်း ဆောင်နေကြသော နိုင်ငံ့ဝန်ထမ်း များ၏လက်ရှိရရှိနေသော လုပ်ခ၊ လစာ၊စရိတ်နှင့် ချီးမြှင့်ငွေများသည် ယနေ့ ခေတ်ကာလနှင့် လိုက်လျော ညီထွေမရှိကြပါ။ အခြေခံ စားဝတ် နေရေး၊ လူမှုရေးအတွက် လောက်ငှ စွာမရရှိပါ။ ဒါကြောင့် ကျွန်တော်၏ တင်ပြချက်သည် ယနေ့ဝန်ထမ်း များ၏ လခ၊ လစာ၊ စရိတ်နှင့် ချီးမြှင့်ငွေများအား ထိုက်သင့်သလို အလျှင်အမြန်တိုးပေးရန်လိုသည် ဆိုတဲ့ အချက်ကို တင်ပြရခြင်းပဲဖြစ်ပါတယ်”ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းက အဆိုပြုချက် ၌ ထည့်သွင်းပြောကြားခဲ့ပါသည်။

“အူမတောင့်မှ သီလစောင့်နိုင်မှာဖြစ်သလို အူမတောင့်ပြီး သီလ မစောင့်လျှင်တော့ သူ့တာဝန်ပဲ ဖြစ်ပြီးသူတို့ တရားကို သူတို့ စီရင်မှာဖြစ်ပါတယ်။ တစ်ဘက်က အခွင့်အရေးနှင့်သက်သာချောင်ချိရေး၊ အခြားတစ်ဘက် စည်းကမ်း နှင့် ဥပဒေအပြန်အလှန် ထိန်းကျောင်းခြင်းဖြင့် Clean ဖြစ်လာမှာဖြစ်ပါ တယ်။ Clean ဖြစ်လာမှ Good Governance လုပ်လာနိုင်မှာ ဖြစ်ပါတယ်”ဟု သူရဦးရွှေမန်းက ဆက်လက်ပြောကြားခဲ့ပါသည်။
ယင်းကဲ့သို့ လစာတိုးမြှင့်ပေးခြင်းအားဖြင့် ကုန်ဈေးနှုန်းကြီးမြင့် လာမည့် စိုးရိမ်မှုများ ရှိနေသော်လည်း ထိုစိုးရိမ်မှုများဖြင့် ၀န်ထမ်းများ၏ လိုငွေကို ယခုအတိုင်း ဆက်လက်ထားရှိရန် မဖြစ်သင့်တော့ကြောင်း သူရဦးရွှေမန်းက ပြောကြားခဲ့ပါသည်။

Tuesday, February 7, 2012

Photo Of Photojournalist

0 ဝေဖန်ချက်များ

@ HTOO TAYZAR's FACEBOOK

ဆီးရီးယား ကိစ္စ ဗီတို သုံးခဲ့မှု ကို တရုတ် က ခုခံကာကွယ်

0 ဝေဖန်ချက်များ
ဆီးရီးယားနဲ့ ပတ်သက်တဲ့ ကုလသမဂ္ဂ ဆုံးဖြတ်ချက်ဟာ မူကြမ်း အပေါ် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အဖွဲ့ဝင် နိုင်ငံတွေကြား သဘောတူညီမှု မရခင် မဲခွဲခဲ့ကြ တာကြောင့် သူတို့အနေ နဲ့ ဗီတို သုံးခဲ့တာ လို့  တ ရုတ်တို့ က ပြောပါတယ်။

အဲဒီ ဆုံးဖြတ်ချက် ကိုသာ အတည်ပြုခဲ့မယ် ဆိုရင် ဆီးရီးယားရဲ့ အခြေအနေကို ပိုရှုတ်ထွေး စေလိမ့်မယ် လို့ တရုတ် နိုင်ငံခြားရေး ဌာန ပြောခွင့်ရသူက ပြောပါတယ်။

ကုလသမဂ္ဂ ကနေ ဆီးရီးယားသမ္မတ ကို ရာထူး ကဆင်းပေးဖို့ တောင်းဆိုထားတဲ့ ဆုံးဖြတ်ချက် ကို   
တရုတ်တင်မကပါဘူး ရုရှတို့ကပါမကျေမနပ် တုံ့ပြန်မှုတွေနဲ့ ဗီတို သုံး ပယ်ချ ခဲ့တာပါ။

ဒီလို တရုတ်ရုရှ နှစ်နိုင်ငံ ဗီတိုသုံးခဲ့တာကြောင့် အထူးသဖြင့် အနောက်အုပ်စုနဲ့ ဒီ ၂ နိုင်ငံ အကြား သံတမန်ရေး အဆင်မပြေမှုတွေ ဖြစ်ခဲ့ ရပါတယ်။

အခုတော့ တရုတ်တို့ က သူတို့ ဘာကြောင့် ဗီတို သုံးရတယ် ဆိုတာကို ရှင်းပြခဲ့ ပါတယ်။

တရုတ်အစိုးရ အနေနဲ့ ဆီးရီးယားမှာ လက်နက်ကိုင် ပဋိပက္ခတွေ နဲ့ စစ်ပွဲတွေ ဖြစ်လာမှာကို ရှောင်ရှားလို့တဲ့ ဆန္ဒရှိတယ်လို့ တရုတ် နိုင်ငံခြားရေးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် က ပြောပါတယ်။

တရုတ်တို့ အနေနဲ့ ဆုံးဖြတ်ချက်မူကြမ်း ရေးဆွဲရာမှာ ပါဝင် ပတ်သက်ခဲ့ပေမယ့် နောက်ဆုံး မှာ လုံခြုံရေး ကောင်စီဝင်တွေ အကြား သဘောထားကွဲလွဲမှု အများအပြား ရှိနေ ခဲ့ကြ တယ် လို့ ဆိုပါတယ်။

ကုလသမဂ္ဂ ဆုံးဖြတ်ချက် အပေါ် တရုတ်တို့ ဗီတိုသုံးပယ်ချခဲ့တာဟာ တာဝန်မဲ့ လုပ်ရာကျ တယ်ဆိုတဲ့ ပြောဆိုမှုတွေကိုလည်း တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်က ခုခံ ပြောဆိုခဲ့ပြီး ဒီလို စွပ်စွဲ ပြောဆိုမှုတွေကို လက်မခံဘူးလို့ ဆိုပါတယ်။

တရုတ်တို့ အနေနဲ့ ကာလ ကြာရှည်စွာ ကတည်းက တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ရေး ဆိုတဲ့မူကို ကိုင်စွဲ နေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် တရုတ် တို့ရဲ့ အင်အား နဲ့ သြဇာ ကြီးထွား လာတာ နဲ့အမျှ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ သူတို့ အပေါ်ထားတဲ့ မျှော်လင့်ချက်တွေ ပိုများ လာခဲ့တယ်။

ဒါကြောင့်လည်း အခုလို ဆီရီးယားကိစ္စ ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို ဗီတို သုံးခဲ့တာ နဲ့ပတ်သက်လို့
တရုတ် တို့အနေနဲ့ အကြီးအကျယ် ဝေဖန်မှုတွေကို ရင်ဆိုင် နေရတာ ဖြစ်တယ် လို့ ဘီဘီစီ သတင်းထောက် Michael Bristow ဘေဂျင်း ကနေ သတင်း ပေးပို့ထား ပါတယ်။

ပုသိမ်ထီးလေးနဲ့အမေစု

0 ဝေဖန်ချက်များ

@ Messenger News Journal's Facebook





ART !!

0 ဝေဖန်ချက်များ
@FACEBOOK

Monday, February 6, 2012

Taylor Swift - Love Story

0 ဝေဖန်ချက်များ


We were both young when I first saw you
I close my eyes
And the flashback starts
I'm standing there
On a balcony in summer air

See the lights
See the party, the ball gowns
I see you make your way through the crowd
And say hello, little did I know

That you were Romeo, you were throwing pebbles
And my daddy said stay away from Juliet
And I was crying on the staircase
Begging you please don't go, and I said

Romeo take me somewhere we can be alone
I'll be waiting all there's left to do is run
You'll be the prince and I'll be the princess
It's a love story baby just say yes

So I sneak out to the garden to see you
We keep quiet 'cause we're dead if they knew
So close your eyes
Escape this town for a little while

'Cause you were Romeo, I was a scarlet letter
And my daddy said stay away from Juliet
But you were everything to me
I was begging you please don't go and I said

Romeo take me somewhere we can be alone
I'll be waiting all there's left to do is run
You'll be the prince and I'll be the princess
It's a love story baby just say yes

Romeo save me, they try to tell me how to feel
This love is difficult, but it's real
Don't be afraid, we'll make it out of this mess
It's a love story baby just say yes
Oh oh

I got tired of waiting
Wondering if you were ever coming around
My faith in you is fading
When I met you on the outskirts of town, and I said

Romeo save me I've been feeling so alone
I keep waiting for you but you never come
Is this in my head? I don't know what to think
He knelt to the ground and pulled out a ring

And said, marry me Juliet
You'll never have to be alone
I love you and that's all I really know
I talked to your dad, go pick out a white dress
It's a love story baby just say yes

Oh, oh, oh, oh
'Cause we were both young when I first saw you

Sunday, February 5, 2012

အကြိုက်ဆုံး သီချင်းတစ်ပုဒ် "The Power Of Love"

0 ဝေဖန်ချက်များ
ဟို လွန်ခဲ့တဲ့ နှစ်ရက်လောက်က သူငယ်ချင်း သုံးယောက်နဲ့ မင်္ဂလာဈေးအပေါ်က စားသောက် ဆိုင် တစ်ခု ရောက်သွားသေးတယ် .. စင်တင်ဆိုင်ပေါ့ဗျာ .. ကျနော်တို့လဲ စင်တင်က ကောင်မလေး တွေ သီချင်းဆိုနေတာ ကြည့်ရင်း နားထောင်နေတုန်း ကောင်မလေးတွေ ဆက်မတက်လာပဲ .. အင်္ဂလိပ်သီချင်း တစ်ပုဒ် ဆိုင်က ဖွင့်တယ်ပေါ့ဗျာ .. Celine Dion ရဲ့ The Power Of Love ပေါ့ဗျာ .. ကျနော် အကြိုက်ဆုံး သီချင်းတပုဒ်လို့ ပြောလို့လဲ ရတယ် .. ကျနော်လဲ သီချင်းကို နားထောင်နေတုန်း ကျနော့် သူငယ်ချင်းကလဲ စိတ် မရှည်တော့ Waiter ကိုကောက်မေးလိုက်တယ်ဗျာ .. မင်းတို့က သီချင်းပဲဖွင့်နေမှာလားတဲ့ ...

အဲဒီမှာ Waiter က ပြန်ပြောမှ ကျနော်တို့ ပတ်ဝန်းကျင်လေ့လာပြီး တကယ် ပါးစပ်အဟောင်းသား ဖြစ်သွား တယ်ဗျာ .. ဆိုနေတာက Wireless Mic နဲ့ ဘေးဝိုင်းက ကောင်မလေးတစ်ယောက်ဗျာ .. သူ့ အပေါင်းအသင်း တွေနဲ့ လာတယ်ထင်ပါ့ .. ဒါပေမဲ့ဗျာ .. အသံအနေအထားကော Speaking ကောဆိုရင် ကျ နော်ကတော့ တော်တော်လေးကို လေးစားသွားတယ်ဗျာ .. စင်တင်ကကောင်မလေး မဟုတ်ပါဘူး .. အပြင် လူပါ ... ကျနော့် အကြိုက်ဆုံးသီချင်းကိုတောင် ကျနော် ကိုယ်တိုင် Celine Dion နဲ့မှားအောင် ဆို နိုင် တယ်ဆိုတော့ဗျာ .. 

 

LYRICS

The whispers in the morning
Of lovers sleeping tight
Are rolling like thunder now
As I look in your eyes
I hold on to your body
And feel each move you make
Your voice is warm and tender
A love that I could not forsake

'Cause I am your lady
And you are my man
Whenever you reach for me
I'll do all that I can

Lost is how I'm feeling, lying in your arms
When the world outside's too
Much to take
That all ends when I'm with you
Even though there may be times
It seems I'm far away
Never wonder where I am
'Cause I am always by your side
[. From: http://www.elyrics.net/read/c/celine-dion-lyrics/the-power-of-love-lyrics.html .]

'Cause I am your lady
And you are my man
Whenever you reach for me
I'll do all that I can

We're heading for something
Somewhere I've never been
Sometimes I am frightened
But I'm ready to learn
Of the power of love

The sound of your heart beating
Made it clear
Suddenly the feeling that I can't go on
Is light years away

'Cause I am your lady
And you are my man
Whenever you reach for me
I'll do all that I can

We're heading for something
Somewhere I've never been
Sometimes I am frightened
But I'm ready to learn
Of the power of love



ပြည်သူတွေထံမှ သမ္မတကြီးဦးသိန်းစိန် အပေါ်ချစ်ခင်လေးစားကြကြောင်း ရင်ဖွင့်ချက်များ

0 ဝေဖန်ချက်များ
 
ဖေ့ဘွတ်မှာ မှာတွေ့ရတဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတဦးသိန်းစိန်ရဲ့ စင်္ကာပူခရီးစဉ်မှာ သမ္မတကြီးတစ်ယောက် စင်္ကာပူဝန်ကြီးချုပ်နဲ့ တွေ့ဖို့ စောင့်ဆိုင်းနေတဲ့ ပုံဆိုပြီး ကျယ်ကျယ်ပြန့်ပြန့် ထွက်လာခဲ့ပါတယ်။ အဲဒီလို စောင့်ဆိုင်းရတဲ့ အတွက် သမ္မတကြီးဘက်က ခံပြင်းဒေါသထွက်ပြီး မကျေမနပ်နဲ့ ရေးသားကြတဲ့ ကွန်းမန့်များကို တွေ့ရသလို သမ္မတကြီးအပေါ်မှာထားတဲ့ ပြည်သူတွေရဲ့ မေတ္တာ ကရုဏာ ချစ်ခြင်းတရားတွေကို လည်းတွေ့ရပါတယ်။

သမ္မတကြီးဟာ မိမိအကျိုးအတွက် ယခုလို ကိုယ်ကျိုးစွန့် အနစ်နာခံပြီး နိုင်ငံတကာနဲ့ ဆက်ဆံနေတဲ့အပေါ် သမ္မတကြီးရဲ့ စေတနာကို နားလည်ပြီး သမ္မတကြီးဘက်က မားမားမတ်မတ်ရပ်တည် နေကြတာကို တွေ့ရတဲ့ အတွက် ပြည်သူချစ်သော သမ္မတကြီးတစ်ယောက်ဖြစ်တယ်ဆိုတာ ထင်သာမြင်သာ ရှိလှပါတယ်။ ချစ်သူခင်သူ ပေါသလို မနာလိုမရှုစိမ့်တဲ့ လူတွေကလည်း အရေးမပါတဲ့ သတင်းကြ update ဖြစ်အောင်တင် ကိုယ့်သမ္မတရဲ့ တိုင်းပြည်အကျိုးအတွက် သွားရောက်တဲ့ အရေးကြီးတဲ့ ခရီးစဉ်ကြ update ဖြစ်အောင် မဖော်ပြကြပါဘူး။ ဒီလို ကိုယ့်တိုင်းပြည် ခေါင်းဆောင်တစ်ယောက်ရဲ့ ခရီးစဉ်ကြ မဖော်ပြ အရေးမပါတဲ့ သူတွေရဲ့ ခရီးကြ ဖော်ပြ၊ ကိုယ့်ခေါင်းဆောင်ခရီးစဉ် အကြောင်းသိချင်ရင် နိုင်ငံခြား မီဒီယာ မှာ သွားဖတ်နေရတယ်ဆိုပြီး ပြည်တွင်းမီဒီယာတွေ အပေါ် မကျေမနပ်ဖြစ်သံတွေလည်း တွေ့ရပါတယ်။ အမှန်တကယ်လည်းပဲ အွန်လိုင်းဖေ့ဘွတ် စာမျက်နှာပေါ်ထိပါ လွှင့်တင်ထားတဲ့ ပြည်တွင်းဂျာနယ်တွေမှာ
သမ္မတကြီးရဲ့ ခရီးစဉ်ကို ဖော်ပြထားတာမတွေ့ရပါဘူး။ ဒါကြောင့်ပဲ အဲမီဒီယာတွေကပဲ အော်အော်နေကြတဲ့ ဘက်မလိုက် မီဒီယာ ဆိုတာ ဘာလဲလို့မေးခွန်းပြန်ထုတ်ရမလိုပါပဲ။

သမ္မတကြီးအနေနဲ့ တကယ်ပဲ စောင့်ဆိုင်းခဲ့ရသည်ဖြစ်စေ၊ မစောင့်ဆိုင်းခဲ့ရသည် ဖြစ်စေ သမ္မတကြီးအပေါ် ထားတဲ့ ပြည်သူတွေရဲ့ မေတ္တာကတော့ ထင်ထင်ရှား ရှားပေါ်ထွက် လာတာ ကို တွေ့ မြင် ရ ပါ တယ်။ ပြည်သူချစ်သော သမ္မတကြီးဆိုတာ ဘယ်သူမှမငြင်းနိုင်အောင် ပြည်သူတွေရဲ့ ရင်ဖွင့် ချက်က သက်သေပြနေပါတယ်။ သမ္မတကြီးအပေါ် ပြည်သူတွေ ဘယ်လောက်မေတ္တာထားတယ်၊ ချစ်ခင်ကြတယ် ဆိုတာကို သိချင်လျှင် အောက်က ဖေ့ဘွတ်မှာ ရင်ဖွင့်ထားသူတွေရဲ့ ကွန်းမန့်တွေကို ဖတ်ကြည့်ကြပါလို့ ရွှေမြန်မာမှ တင်ပြလိုက်ပါတယ်။
 

 

ကမ္ဘာမှအသိအမှတ်ပြုခဲ့သော မြန်မာ့ပထမဆုံးသိပ္ပံပညာရှင်

0 ဝေဖန်ချက်များ
ယခုတစ်ကြိမ်တွင်တော့ ကမ္ဘာမှအသိ အမှတ်ပြုခဲ့သော  မြန်မာ့ပထမဆုံးသိပ္ပံပညာရှင် အကြောင်း တင်ပြ ချင် ပါသည်။

သူသည် လွန်ခဲ့သောနှစ်ပေါင်းနှစ်ရာကျော်မှ ပုဂ္ဂိုလ်ဖြစ်သည်ဟုဆိုလျှင် အံ့သြကြမည်ထင်ပါသည်။

ထို့ထက်ပို၍ သူသည် ကုန်းဘောင်ဆက်၏မင်းမျိုးမင်းနွယ်ဖြစ်ကြောင်းပြောလျှင် ပို၍အံ့အား သင့်ကြပေ လိမ့်မည်။

ကနောင်မင်းသားများလားဟု မေးစရာရှိပါသည်။ မဟုတ်ပါ။

ကျွန်တော်တင်ပြမည့်ပုဂ္ဂိုလ်မှာ ဘိုးတော်ဘုရား(ဗဒုံမင်း)၏သားတော် မက္ခရာမင်းသားကြီးဖြစ်ပါသည်။

ရှေးဦးမြန်မာ့သိပ္ပံပညာရှင် မက္ခရာမင်းသားကြီး


မက္ခရာမင်းသားကြီးသည် ငယ်စဉ်ကတည်းကသွက်ချာပါဒလေငန်းရောဂါရှိသူဖြစ်ပြီး အခြား မင်းသား များကဲ့ သို့ နန်းတွင်းရေးကို စိတ် မ၀င် စားခဲ့ဘဲ နိုင်ငံနှင့် လူမျိုး အတွက် နှလုံးရည်နှင့် အလုပ် အကျွေးပြုရန် ပညာရေးနယ်ပယ်တွင် သူ့ဘ၀ကို မြုပ်နှံခဲ့သူဖြစ်ပါသည်။