Friday, March 9, 2012

Failed to Install @ iPhone

0 ဝေဖန်ချက်များ
POSTED BY MOHPHA

ကျနော် .. ဟိုတစ်လောက ကျနော့်ရဲ့ iPhone 3GS ကို iOS 5.0.1 Version ကို upgrade လုပ်လိုက်ပါတယ် .. လုပ် ပြီးနောက်ပိုင်း ကျနော့် iPhone ထဲက အရင်တင်ထားတဲ့ Games, Application တွေ မပါဝင်တော့ပဲ Apple ရဲ့ Factory Default အတိုင်းဖြစ်သွားပါတယ် .. အဲဒါနဲ့ ကျနော်လဲ iPhone ကို Jailbreak ပြန်လုပ်ပြီး Cydia တင်ပါတယ် .. ပြီးတော့ ကျနော် Download ပြုလုပ်ထားတဲ့ အရင် iPhone Version မှာတင်ထားတဲ့ Games, Application တွေကို ပြန်တင်ပါတယ် .. ဒါပေမဲ့ အနည်းငယ်ကိုသာ iTunes ကနေ Sync ပြုလုပ်ပြီး Install ပြုလုပ်လို့ ရပြီး ကျန်တာတော်တော်များများကတော့ Failed to Install ဆိုတာပဲ ပြနေပြီး တင်လို့မရပါဘူး .. အမျိုးမျိုး ကြိုးစားကြည့်ပေမဲ့ မရပါဘူး ... နောက်ဆုံး အင်တာနက်ပေါ်မှာ နည်းလမ်းတစ်ခုသွားတွေ့ပြီး စမ်းသပ်ကြည့်တော့ အဆင်ပြေသွားပါတယ် .. အဲဒါကတော့ Cydia ကနေ ပြီးတော့ Installous 4 ဆိုတာကို တင်ပေးလိုက်ပြီး ကိုယ်လိုချင်တဲ့ Games, Application တွေကို iTunes ကနေပြီးတော့ Install ပြုလုပ်လို့ရသွားပါတယ် .. Install ပြုလုပ်ပုံ အဆင့်ဆင့်ကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ် ..

1. ပထမဆုံး iPhone မှာရှိတဲ့ Cydia ဆိုတဲ့ Application ကို Run ပါ .. Cydia ကတော့ မိမိ iPhone ကို Jailbreak ပြုလုပ်ထားမှပဲ တွေ့ရမှာဖြစ်ပါတယ် ..


2. Cydia အောက်ခြေမှာရှိတဲ့ Manage ကိုနှိပ်ပါ .. ပြီးရင် Sources ကိုသွားပါ ..


3. ပြီးရင် အပေါ်ဘက်မှာရှိတဲ့ Edit ကိုနှိပ်ပါ .. Add ဆိုတာပေါ်လာရင် ထပ်နှိပ်ပါ ..


4. အောက်ပါပုံအတိုင်း http://cydia.hackulo.us ဆိုတဲ့ URL ကိုထည့်ပြီး Add Source ကို နှိပ်ပါ .. အဲဒါဆိုရင် Cydia မှာ အထက်ပါ URL Sources ကိုထည့်သွင်း သွားပါမယ် ..

 

5.  ပြီးရင် အဲဒီ Sources ကိုသွားပြီး Installous 4 ဆိုတာကိုရှာပြီး နှိပ်ပါ ..Installous 4 Page တက်လာရင် Install ကို နှိပ်ပြီး Confirm ပြုလုပ်ပါ ..

 

6. အောက်ပါအတိုင်း Install ပြုလုပ်ပြီးသွားရင် Restart SpringBoard ကိုနှိပ်ပြီး iPhone ကို Restart ချပြီးသွားရင် မိမိ Install ပြုလုပ်လိုတဲ့ Application တွေ Games တွေကို Install ပြုလုပ်လို့ရပါပြီ ..

မှတ်ချက် - Cydia ကနေ Installous 4 ကို Install ပြုလုပ်မယ်ဆိုရင်တော့ မိမိ iPhone မှာ Internet Connection ရှိနေဖို့လိုပါတယ် ...