Saturday, February 4, 2012

ထွေရာလေးပါး

0 ဝေဖန်ချက်များ


ပြည်သူ့ပါတီ NLD

0 ဝေဖန်ချက်များ
@BURMA VJ MEDIA NETWORK's FACEBOOK

THE LADY အလွဲများ

0 ဝေဖန်ချက်များ
The Lady ဇာတ်ကားကို တစ်ချို့ တစ်ဝက်တော့ ကြည့်ဖူးပါတယ် .. အဲဒီကြည့်ဖူးတဲ့ အထဲမှာ လွဲနေတာ လေး တွေ တော်တော်များများကို ကျနော် တစ်ယောက်ထဲ အမြင်ပေါ့နော် .. ရှိတယ်ဆိုတာကို သိလိုက်ပါတယ် .. အခု IRRAWADDYBLOG မှာ တွေ့တော့ လွဲတာကို သိတာ ကျနော် တစ်ယောက်တည်းမဟုတ်သေးဘူး ဆို တာကို သိလိုက်တယ်ဗျာ ..

@IRRAWADDYBLOG

ယမန်နေ့က ဟောင်ကောင်တွင် ပြုလုပ်သော The Lady ရုပ်ရှင် အကြောင်း သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသည့် ပြင်သစ် ဒါရိုက်တာ Luc Besson နှင့် မလေးရှား မင်းသမီး Michelle Yeoh (ဓာတ်ပုံ - AP)
တိုရွန်တို ရုပ်ရှင်ပွဲတော်မှာ “The Lady” ဇာတ်ကား ပထမဆုံး စပြခဲ့စဉ်က ကမ္ဘာကျော် ဂါးဒီးယန်း သတင်းစာကြီးက ကြယ်တစ်ပွင့်ပဲ အမှတ်ပေးခဲ့ပြီး အညံ့ဆုံး ဇာတ်ကား သုံးကားထဲ စာရင်း သွင်းခဲ့သည့်အပေါ် အတော် ဘ၀င်မကျ ဖြစ်ခဲ့ဖူးသည်။

တစ်ကယ်တမ်း ထိုင်းနိုင်ငံမှာ နှစ်ကြိမ်တိုင်တိုင် ကိုယ်တိုင် ကြည့်ရတော့မှ ဂါးဒီးယန်းသတင်းစာက ရုပ်ရှင်ဝေဖန်ရေး ဆောင်းပါးရေးသူ Damon Wise အလွန် မဟုတ်ဘဲ ရိုက်ကူးသူ ပြင်သစ်ဒါရိုက်တာ Luc Besson ၏ အလွန်သာ ဖြစ်ကြောင်း သိရတော့သည်။

မည်သို့ပင်ဖြစ်စေ Michelle Yeoh ၏ သရုပ်ဆောင်ခြင်းအနုပညာကိုတော့ အသိအမှတ် မပြုဘဲ မနေနိုင်ချေ။ ဒေါ်အောင်ဆန်းစုကြည်ကို အပြင်မှာ မျက်ဝါးထင်ထင် မြင်ဖူးနေသည့်ကြားမှ Michelle Yeoh ရုပ်ပျောက်ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပဲ ဇာတ်ကားထဲ ပါဝင်နေသလို မကြာခဏ ထင်ယောင် ထင်မှား ဖြစ်မိသည်။

ရင်ကိုဖွင့် မျက်နှာကိုချီကာ လမ်းလျှောက်သည့်ဟန်၊ ပြုံးဟန်၊ စကားပြောဟန်၊ လက်ပြဟန် တို့ကို ဒေါ်စုမှ ဒေါ်စု ဖြစ်နေအောင် နာရီပေါင်း ၂၀၀ ကျော်ကြာအောင် ကြည့်ကာ လေ့ကျင့်ထားခဲ့သည်ဟု ဟွာဟင်း ရုပ်ရှင်ပွဲတော်တွင် Michelle Yeoh ကို ပရိသတ်နှင့် မိတ်ဆက်ပေးခဲ့သည့် ထိုင်းပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောခဲ့သည်။

မိုက်ကယ်အဲရစ်နှင့် သားနှစ်ယောက်နေရာတွင် သရုပ်ဆောင်သည့်သူများကလည်း သူ့ဇာတ်ရုပ်နှင့်သူ အံဝင်ခွင်ကျ သရုပ်ဆောင်ထားကြသည့် အတွက် ရုပ်ရှင်ထဲတွင် သူတို့မိသားစုလေးကို စုစုဝေးဝေး တွေ့ခွင့်ရသည်မှာ ကြည်နူးဖွယ်ပင်။

ဒါရိုက်တာ Luc Besson ၏ အလွဲများကိုတော့ စဖွင့်ထားသည့် ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံသည့်အခန်းမှာပင် စတွေ့ခဲ့ရသည်။ ပစ္စတိုနှင့် သူ့နဖူးတည့်တည့်ကို ချိန်ထားသည့် သေနတ်သမားကို နည်းနည်းလေးမှ မဟန့်တားဘဲ မတုန်မလှုပ် မျက်စိစုံမှိတ်ပြီး ငြိမ်ခံနေသည့် ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံလွှာက ငယ်ငယ်ကတည်းက အကြိမ်ကြိမ် ဖတ်ခဲ့ရဖူးသည့် အတွင်းဝန်ရုံးတွင် ဗိုလ်ချုပ်တို့ လုပ်ကြံခံခဲ့ရသည့်မြင်ကွင်းနှင့် အတော်ကြီး ခြားနားလှသည်။


ကြည့်ကြပါဦးဗျာ ...

0 ဝေဖန်ချက်များ
ဒီမိုကရေစီ တောင် ရသင့်သလောက် မရသေးဘူး .... မြန်မာမှုလေးတွေတော့ မပျောက်သင့် သေးဘူး ထင်ပါတယ် ...


သမ္မတကြီး သိသာရန် (သို့မဟုတ်) မီးရထားဝန်ကြီး သိသာရန်

0 ဝေဖန်ချက်များ
မန္တလေး မီးရထားစက်ခေါင်းစက်ရုံတွင် အုပ်ချုပ်မှုတာဝန် ယူထားရသော AME (လက်ထောက် အင်ဂျင်နီယာ) ဆိုသူသည် မိမိလက်အောက်ငယ်သား ၀န်ထမ်းများအား အကြမ်းဖက်အုပ်ချုပ်နေပါသည်။ ငယ်သားများအား လက်သီးဖြင့် ဆွဲထိုးခြင်း၊ ခြေထောက်ဖြင့် ကန်ခြင်းများ ကြိမ်ဖန် များ စွာ ပြု လုပ် အုပ်ချုပ်နေပါသည်။ တနေ့သောအချိန်တွင် (ဥပမာတခု - အမှန်တကယ် ဖြစ်ပျက်ခဲ့ပါသည်) မန္တလေး ဘူတာကြီးမှ ရထားတစင်း ရန်ကုန်ဘက်သို့ အချိန်မှန် မထွက်နိုင်ခဲ့ပါ။ စက်ခေါင်းပိုင်းဆိုင်ရာ အားနည်း ချက်တစ်ခုကြောင့် မထွက်နိုင်တာပါ။ ဒါကို ဘူတာကြီးမှ စက်ရုံ AME သို့ အကြောင်းကြားလိုက်ပါသည်။ အဲဒီအဖြစ်အပျက်လည်း သိပြီးရော ဒေါသူပုန်ထပြီး အဲဒီအချိန်တွင် တာဝန်ကျနေသော အလုပ်ကြပ် အပါအ၀င် ၅ ဦးအား လက်သီးဖြင့် ထိုးကြိတ်ခဲ့ပါသည်။ သူထိုးကြိတ်တာ ခံရသောသူများ မည်သည့်အကြောင်းကြောင့် ဖြစ်ရသည်ကို မစုံစမ်း မချိန်ဆဘဲ အရင်ဆုံး လက်ရောက် ကျူး လွန် စော်ကားခဲ့ပါသည်။ ထို ၅ ဦးထဲမှ တဦး (ဌာနစိတ်အလိုက် အဆက်အသွယ် လုပ်ပေးရသူ) မှာ နှာခေါင်းသွေးများ ဖြာထွက်သည်အထိ ဖြစ်ခဲ့ရပါသည်။

အဲဒီ AME ဆိုသူ ဒီလိုလုပ်ရပ်မျိုးကို ကျူးလွန်ခဲ့တာ ဒီတကြိမ်မကပါ။ နှာခေါင်းသွေးထွက်သွားခဲ့သူ တဦးထဲကိုပင် ၅ ကြိမ်ခန့် ပြုလုပ်ခဲ့ပါသည်။ စက်ရုံအတွင်းပိုင်းမှ ၀န်ထမ်းအချို့လည်း အထိုးခံရမှုတွေ ရှိခဲ့ပါသေးသည်။ သူ့အနေနှင့် ဒီစက်ရုံထဲက ၀န်ထမ်းတွေ သူအကုန်လုံးထိုးလို့ရတယ်လို့များ ထင်ထားသလား မသိပါ။ တချို့ဝန်ထမ်းငယ်များဟာ သူ့အဖေအရွယ်တွေပါ။

ပြဿနာဖြစ်တိုင်း ငယ်သားဝန်ထမ်းများအား လက်ရောက်ကျူးလွန်ပြီး အနိုင်ကျင့်ဖို့ ဘယ်ဝန်ကြီးကမှ ညွှန်ကြားတာ မကြားဘူးပါ။ ဥပဒေမဲ့လုပ်ရပ်များသာဖြစ်ပါသည်။ ၀န်ထမ်းငယ်များတွင် အကြောက်တရားများ ရှိနေကြပါသည်။ ပြုတ်သွားမှာလား။ ပြောင်းခံရမှာလား ... စသည့် ပူပန် မှုတွေ ကနေ ကြောက် ရွံ့ မှု အဖြစ် သို့ ရောက်ရှိသွားစေခဲ့ပါသည်။

ဒီမိုကရေစီစနစ်သို့ ပြောင်းနေပြီဖြစ်လို့ ၀န်ထမ်းလောကတွင် ဒီလိုအဖြစ်အပျက်မျိုး ထပ်မံ မကျူးလွန်နိုင်စေဖို့နှင့် ၀န်ထမ်းငယ်များ မကြောက်ရွံ့ကြစေဖို့ ရည်ရွယ်ပါသည်။ ဥပဒေရှိပါသည်။ မဟုတ်ရင် မမှန်ရင် ဥပဒေနှင့် ပြန်လည်တုံ့ပြန်နိုင်ပါသည်။ နောက်တခု မီဒီယာတွေ ရှိပါသည်လို့ ...။ ။

မီးရထားဝန်ထမ်းတဦး

Thursday, February 2, 2012

iPhone ပေါ်မှာ Zawgyi မြန်မာ Font နှင့် Zawgyi မြန်မာ Keyboard တို့ကို အသုံးပြုနည်း

0 ဝေဖန်ချက်များ
iPhone ပေါ်မှာ မြန်မာစာ ဖတ်ဖို့၊ မြန်မာစာ ရိုက်ဖို့ အတွက် မြန်မာ Font နဲ့ မြန်မာ Keyboard တို့ကို iPhone ထဲမှာ Install လုပ်ပေးဖို့ လိုပါတယ်။ မြန်မာ Font နဲ့ မြန်မာ Keyboard တို့ကို Install မလုပ်ခင် iPhone ကို Jailbreak လုပ်ဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာ iPhone iOS version 4.3. အတွက်ပဲ ရှင်းပြ ပေးသွာမှာပါ။ ပြုလုပ်နည်း အဆင့်ဆင့်ကတော့ တခြား Version တွေလဲ အတူတူ ပါပဲ။ မြန်မာ Font install လုပ်နည်းကိုတော့ iPhone version iOS5 နဲ့ 5.0.1 တို့ အတွက် လည်းသုံးလို့ ရပါတယ်။

 Jailbreak လုပ်ထားပြီးသော iPhone home scream ပေါ်မှ Cydia ကိုနိုပ်ပါ။ ပေါ်လာသော scream ပေါ်မှ Manage > Sources > Edit > Add ကိုရွေးပါ။ ပေါ်လာတဲ့ box လေးထဲကို http://cydia.macforus.com လို့ ရိုက်ပြီး Add Source ကို နိုပ်ပါ။ cydia.macforus.com ဆိုပြီး တွေ့ရမှာပါ။
@nyeinlatt.blogspot.com

ဦးသိန်းစိန်နှင့် စက္ကန့် ၉၀

0 ဝေဖန်ချက်များ
@ IRRAWADDYBLOG
ဇန်နဝါရီလ ၃၀ ရက်နေ့က သမ္မတ ဦးသိန်းစိန်ကို Straits Times သတင်းစာက ရှန်ဂရီလာဟိုတယ်မှာ အင်တာဗျူးပါတယ်။ Straits Times က ဓာတ်ပုံဂျာနယ်လစ် Desmond Lim က ဦးသိန်းစိန်ကို ဓာတ်ပုံရိုက်ပါတယ်။ Desmond Lim ကို ဓာတ်ပုံဂျာနယ်လစ် Samuel နဲ့ Lim Wui Liang တို့က မီးထိုး မှန်ကိုင် ကူကြပါတယ်။

ပထမပိုင်းမှာ မြန်မာအစိုးရ အရာရှိတွေက ဓာတ်ပုံပေးမရိုက်ဘူးဆိုပြီး လုပ်နေပါတယ်တဲ့၊ ဒါပေ မယ့် နောက်တော့ ညှိလို့ရသွားတယ်။ အဲဒါနဲ့ အခွင့်အရေးရတုန်း တက်သုတ်ရိုက်ပြီး ရိုက်ရတာပေါ့လေ။

ရတဲ့အခွင့်အရေးလေးကို သုံးပြီး စက္ကန့် ၉၀ အတွင်း ဓာတ်ပုံဆရာတွေ ဘယ်လို ရိုက်ယူရတယ်ဆိုတာကို မှတ်တမ်းတင်ထားတာပါ။

ဦးသိန်းစိန်က “မဂ္ဂဇင်းထွက်လို့ရှိရင် ငါ့ဆီအရင်ပို့ပေးလိုက်” လို့ ပြောသံ ကြားရပါတယ်။ အဲဒါကို ဘာသာပြန်ပြီး ပြောခိုင်းတာပါ။




90 seconds with Thein Sein from Through the Lens on Vimeo.

"ဆန္ဒကို သိက္ခာဖြင့် မထိန်းသော အမျိုးသားများ၏ အန္တရာယ်မှ ကာကွယ်ရန် ယာဉ်လိုင်းများပေါ် ဝီစီတပ်တော့မည်"

0 ဝေဖန်ချက်များ
မြို့တွင်းယာဉ်လိုင်းများပေါ် အိနြေ္ဒပျက်ပြားအောင်အပြုမူခံရသော အမျိုးသမီးများ အကူ အညီ တောင်း ခံနိုင်ရန်အတွက် ဝီစီများတပ်ဆင် ပေးတော့မည်ဟု Akhaya အမျိုးသမီး အဖွဲ့မှ ပရိုဂရမ် ဒါရိုက် တာ ဒေါ်ထားထားက ပြောသည်။

ဝီစီမှုတ်၍ အကူအညီ တောင်း ခံနိုင်မည့် အဆိုပါစနစ်ကို ဖေဖော်ဝါရီ ၇ ရက်နေ့တွင် စတင် မည်ဖြစ်ပြီး ယာဉ်လိုင်းများပေါ်တွင် သာမက လူစည်ကားရာ လမ်းတစ်လျှောက် တွင်လည်း အဖွဲ့ ၇ ဖွဲ့တို့မှ အမျိုးသမီးများ ရရှိစေရန် ခရာကို အခမဲ့ ဖြန့်ဝေသွားမည်ဟု ၄င်းက ပြောသည်။ 

''ကားပေါ်မှာ အမျိုးသမီးတွေ ထိကပါး ရိကပါး အလုပ်ခံရတာ များလာလို့ အဲဒီအတွက် ရည်ရွယ်ပြီး လုပ်တာပါ'' ဟု ၄င်းက ဆက်လက်ပြောသည်။

အချို့သော အမျိုးသမီးများ သည် ထိပါးခံရသော်လည်း ပါးစပ် မှ ဖွင့်မပြောရဲ ကြသည့် အတွက် ခရာ ဖြင့် ဝီစီမှုတ်ခြင်းသည် အဆင်ပြေ နိုင်မည်ဟု ယူဆကြောင်း ဝီစီ လှုပ်ရှားမှု အဖွဲ့ဝင် ဒေါ်စိုးစိုးက ပြောသည်။

ယခု အစီအစဉ်သည် အမျိုးသားထု တစ်ရပ်လုံးကို ရည်ရွယ်ခြင်း မဟုတ်ဘဲ ဆန္ဒကို သိက္ခာဖြင့် မထိန်းသိမ်းကြသည့် အမျိုးသား အချို့၏ အပြုအမူများ ရပ်တန့် သွားစေရန် အတွက်သာ ဖြစ်ကြောင်း ဒေါ်ထားထားက ပြောသည်။

ဝီစီတပ်ပေးမည့် စနစ်သည် ဝီစီမှုတ် အချက်ပြ၍ အကူအညီ တောင်းသည့် အမျိုးသမီး များအား အကာအကွယ်ပေးရန်သာ ဖြစ်ပြီး နှောင့်ယှက်သူအား ကိုယ်ထိလက် ရောက် မပြုရန် မြန်မာနိုင်ငံ လူ့ အခွင့်အရေး ကော်မရှင်မှ ထုတ်ပြန် ထားသည်။

ဝီစီကို ရထားများပေါ်တွင် လည်း တပ်ဆင်သွားမည်ဟု ဒေါ် ထားထားက ပြောသည်။
Akhaya အဖွဲ့သည် အမျိုး သမီးနှင့် ကလေးများ ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ လူ့အဖွဲ့ အစည်း တစ်ခုဖြစ်သည်။
@Popular News Journal

ဟာသ

0 ဝေဖန်ချက်များ
@ FACEBOOK

ယခုနှစ်အတွင်း Online မီတာ စနစ်ပြောင်းလဲမည် ..

0 ဝေဖန်ချက်များ
Online မှ မီတာ သုံးစွဲခကောက်ခံမည့်စနစ်ကို ယခုနှစ်တွင် စတင် အကောင်အထည်ဖေါ် ဆောင်ရွက် သွားမည် ဟု အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးမှ ပြောကြားသည်။

ထိုစနစ်ကို မတ်လဆန်းမှ စတင်ပြီး နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များတွင် စတင် အကောင် အထည် ဖေါ်သွားမည်ဟု ပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးက "ကျွန်တော်တို့အနေနဲ့ e-Government စနစ်ကို ဆောင်ရွက်တဲ့နေရာမှာ မီတာသုံးစွဲခတွေကို Online ကနေတဆင့် အလွယ်တကူ ပေးချေနိုင်အောင် ဒီ စနစ်ကို စတင်ခဲ့တာပါ .. အခုစနစ်က မီတာသုံးစွဲခကို မီတာဖတ်ဝန်ထမ်းတွေက အိမ်တိုင်ရာရောက် လိုက်လံဖတ်စရာ မလိုဘဲ အွန်လိုင်းကနေ မီတာဖတ်ပြီး ကျသင့်ငွေကို လည်း အွန်လိုင်းကနေ တောင်းခံ သွားမှာ ဖြစ်ပါတယ်" ဟုပြောကြားသည် ..
ထိုစနစ်ပေါ်ပေါက်လာခြင်းကြောင့် လက်ရှိ မီတာခ ကောက်ခံလျှက်ရှိသော စနစ်များကို ဖျက်သိမ်းသွားမည် မဟုတ်ဟု ၀န်ကြီးက ဆက်လက်ပြောကြားသည်။ Myanmar Info Tech မှ တာဝန်ရှိသူတစ်ဦးက "Online Meter ဆိုတာ ရှင်းရှင်းပြောရရင် အင်တာနက်ကနေ တဆင့် လျှပ်စစ်သုံးစွဲသူက ဘယ်လောက်အတိုင်း အတာ အထိသုံးစွဲထားလဲဆိုတာ  အင်တာနက်ချိတ်ဆက်ထားတဲ့ အတွက် အွန်လိုင်းမီတာကို သိရှိနိုင်တယ် .. အွန်လိုင်းမီတာ တပ်မယ်ဆိုရင် အင်တာနက်လိုင်း လိုအပ်တဲ့ အပြင် ဘဏ်မှာ ငွေစာရင်းဖွင့်ထားဖို့လဲ လို တယ် ..မကြာခင်မှာ ဒီအွန်လိုင်း မီတာစက် တွေကို ဈေးကွက် အတွင်း ဖြန့်ဖြူး ရောင်းချ သွားဖို့ရှိပါတယ်” ဟု ဆိုသည်။
@ Popular News Journal

The Lady, မစ္စယင်လတ်, Michelle Yeoh

0 ဝေဖန်ချက်များ
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ The Lady ရုပ်ရှင်ကား ပြသဖို့ ဖွင့်ပွဲကို ထိုင်းဝန်ကြီးချုပ် မစ္စယင်လတ်ရှင်နာ ၀ပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်တဲ့ မစ်ရှဲယိုးတို့ တက်ရောက်ကြပါတယ် ...

(ဒီဇာတ်ကားပြသမဲ့ အကြောင်းသတင်းကို ဒီနေရာမှာ ဖတ်နိုင်ပါတယ် ....)
 
@ IRRAWADDY