Thursday, January 19, 2012

ကင်ဂျုံအီ ဒဏ္ဍာရီနဲ့ နောက်ဆုံးနေ့ရက် မဟာဗျူဟာ ရွှေ့ကွက်များ

Share
 မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီဟာ သူ့ရဲ့ ဘဝ တစ်သက်တာမှာ ရုရှားကို အကြိမ်တော်တော် များများ သွားရောက်ခဲ့တယ်။ ဒါပေမဲ့ ရုရှားနိုင်ငံ အရှေ့ပိုင်း မှာရှိတဲ့ သူ့ရဲ့မွေးရပ်မြေ Vyatskoye ဆိုတဲ့ ရွာလေးမှာတော့ တစ်ကြိမ်တစ်ခါ လေးတောင် ရပ်နားခဲ့ခြင်းမရှိပါဘူး။ အဲဒီရွာ လေးဟာ နှင်းတွေခဲနေပြီး အများစု က လယ်သမားတွေ ဖြစ်ကြပါတယ်။ မြောက်ကိုရီးယားနဲ့ ရုရှားကို ဆက်သွယ်ထားတဲ့ ရထားလမ်း ဘေးမှာ ရှိပါတယ်။ ခေါင်းဆောင် ကင်ဂျုံအီဟာ သူကွယ်လွန်ချိန် အထိ မြောက် ကိုရီးယားနိုင်ငံကို ၁၇ နှစ်ကြာ အုပ်ချုပ်ခဲ့သူ တစ်ဦး ဖြစ်ပါတယ်။ ဆိုဗီယက်တို့ရဲ့ မှတ်တမ်း အရတော့ ကင်ဂျုံအီရဲ့ဖခင် တပ်နီ တော် အရာရှိ ကင်အီဆွန်း ကို မြောက်ကိုရီးယား ခေါင်းဆောင် အဖြစ် စတာလင်က ရွေးချယ်ခဲ့တယ်လို့ ဆိုပါတယ်။
ကျွန်တော်တို့ ဒီမှာ ဆုံဖြစ်ကြတဲ့ အခါတုန်းက သူ့ရဲ့မွေးရပ်မြေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ ကြဖူးတယ်လို့ ကင်ဂျုံအီ ရုရှားနိုင်ငံကို လာရောက်စဉ် နောက်လိုက် အဖြစ် ပါဝင်ခွင့် ရခဲ့တဲ့ ရုရှား သံတမန်ဟောင်း Konstantin Pulikovsky က ပြောပါတယ်။ ကျွန်တော် သူ့ကို နည်းနည်းတော့ ပြောခဲ့ပါတယ်။ သူ့ ဖခင်ရဲ့ အိမ်ကိုလည်း ထိန်း သိမ်း စောင့်ရှောက်ထား ပါတယ်။ ရွာသား တွေကလည်း သူ့ကို အမှတ်တရ ရှိနေကြပါတယ်။ အဲဒီလိုပြောပြတော့ သူကလည်း ဂရုတစိုက်နဲ့ နားထောင် ပါတယ်။ အဲဒီ ရွာသားဖြစ်တယ် ဆို တာကို သူလည်း ဘယ်တုန်းကမှ မငြင်းခဲ့ပါဘူး။ ဒါပေမဲ့ အဲဒီ ရွာကို သွားချင်တယ်လို့ ဘယ်တုန်းကမှ မပြောခဲ့ပါဘူး။
ကင်ရဲ့မိသားစုနဲ့ ပတ်သက်လို့ ဆယ်စုနှစ်နဲ့ ချီပြီး အမျိုးမျိုး ပြောခဲ့ကြတယ်။ တချို့ကလည်း ဒဏ္ဍာရီ ဆန်ဆန် ပြောဆိုကြတယ်။ ကင်ကို ဂျပန်တွေ သိမ်းပိုက် ထားစဉ် တုန်းက မြင့်မြတ်တဲ့ တောင်ကုန်းထိပ်မှာ မွေးဖွားခဲ့တယ်။ နို့စို့အရွယ်လေး ကင်ကို ကြိုဆိုဖို့ ကောင်းကင်မှာ သက်တန့်နှစ်ခုနဲ့ တောက်ပတဲ့ ကြယ်တစ်လုံး ပေါ်ထွက် လာခဲ့တယ် လို့တောင် ဆိုကြတယ်။ တကယ်တော့ ဒါတွေအားလုံး ဟာကောလာဟလ တွေပါဗျာလို့ ရုရှားသံတမန် ဟောင်းက ဆိုပြန်ပါတယ်။ နိုင်ငံအတွင်း စုစည်း ညီညွတ်မှု ရှိအောင် လုပ်တဲ့ သဘောပါပဲ။ ဒါကိုတော့ ကျွန်တော်တို့ လေးစားခဲ့ပါတယ်ဗျာ။
ကင်ရဲ့ တကယ့် မွေးရပ်မြေ အမှန်နဲ့ ကိုယ်ရေး အချက်အလက်မှန် တွေကိုတော့ မဟာမိတ် အနည်းစုထဲက တစ်နိုင်ငံဖြစ်တဲ့ ရုရှားနိုင်ငံမှာပဲ ရှာဖို့ ဖြစ်နိုင်ပါလိမ့်မယ် ။ မြောက် ကိုရီးယားဟာ ဆယ်စုနှစ်ပေါင်း များစွာ အထီးကျန် ဆန်ဆန်နေခဲ့တာ ဖြစ်ပါတယ်။ သြဂုတ်လတုန်းက ရုရှားကို နောက်ဆုံး ခရီးထွက်ခဲ့ပါတယ်။ အဲဒီမှာ ရုရှား သမ္မတ ဒက်မက်ထရီမက်ဗီဒက် နဲ့ တွေ့ဆုံခဲ့ပါ သေးတယ်။ တရုတ်နိုင်ငံရဲ့ သြဇာ ကြီးမားနေမှုကို ရုရှားနဲ့ ထိန်းညှိနိုင်ဖို့ ကင်ရဲ့ နောက်ဆုံးကြိုးပမ်း အား ထုတ်မှုတစ်ရပ် လည်း ဖြစ်ခဲ့ပါတယ်။ ကင်ဟာ အဲဒီလိုအလုပ်တွေ များနေတဲ့ ကြားကပဲ သားထွေးလေး ကင်ဂျုံအန်းကို အောင်အောင်မြင်မြင်နဲ့ အာဏာ လွှဲပြောင်းပေးနိုင်ခဲ့ပါတယ်။ အခုလို ကင် ရုတ်တရက် ကွယ်လွန် သွားခဲ့ပေမယ့် နှစ်နိုင်ငံကြား ချုပ်ဆိုထားတဲ့ စာချုပ်တွေကတော့ ပျက်ပြယ်သွားမှာ မဟုတ်ဘူးလို့ ရုရှား အရာရှိ တွေ ကတော့မျှော်လင့် ထားပါတယ်။
အနာဂတ် ရုရှား -မြောက်ကိုရီးယား ဆက်ဆံရေးကတော့ မြောက်ကိုရီးယားရဲ့ အနာဂတ် အပေါ်မှာပဲ မူတည်ပါတယ်။ ဒီနေ့ ပြောနေကြ တာတွေကတော့ လေထဲ တိုက် ဆောက်နေ သလိုပဲ ဖြစ်နေဦးမှာ ပါပဲလို့ ရုရှား သံတမန်ဟောင်း Konstantin Pulikovsky က သုံးသပ် ပြောဆိုပါတယ်။  ဒီနေ့ ဘယ် ရုရှားသံတမန်မှ ကင်နဲ့ Pulikovsky တို့ရဲ့ ရင်းနှီးမှုမျိုး မရခဲ့ပါဘူး။ ကင်ရဲ့ မွေးနေ့ပွဲကိုတောင် တက်ရောက်ခွင့် ရခဲ့သူမျိုး ဖြစ်ပါတယ်။ မွေးနေ့ပွဲ တက်တဲ့အခါ ဒီနေ့ ခေါင်းဆောင် နေရာ ဆက်ခံနေတဲ့ ကင်ဂျုံအန်းကို လက်ညှိုး ထိုးပြပြီး ဒါ ငါ့အမွေကို ဆက်ခံမယ့် သူလို့ ပြောပြလေ့ ရှိသူ တစ်ဦးဖြစ်ပါတယ်။ အဲဒီလိုပြောတဲ့အခါ ကင်ဂျုံအန်းလေး ကတော့ ဘာတစ်ခွန်းမှ ပြန်မပြောပါဘူး။
ကင်ဂျုံအန်းရဲ့ မွေးနေ့အတိ အကျကိုလည်း သိဖို့ ခက်ပါတယ်။ သူဟာ ဘတ်စကက်ဘော အားကစားနည်းကို စွဲလမ်းသူ တစ်ဦးလည်း ဖြစ်ပါတယ်။ မြောက်ကိုရီး ယား စောင့်ကြည့်သူ တွေကတော့ ကင်ဂျုံအန်းဟာ အနောက်နိုင်ငံ တွေနဲ့ ဆက်ဆံတဲ့ နေရာမှာ ဖခင် ထက်တော့ ပျော့ပျောင်းမှု ရှိနိုင်တယ်လို့ ယူဆနေကြပါတယ်။ ဒါပေ မဲ့ ဒီလို ပြောနေကြတာက လည်း အခုထိတော့ ကိုယ်ထင်ရာ ကိုယ်ပြောနေ ကြတာပဲ ဖြစ်ပါတယ်။ ကင်ဂျုံအန်းလည်း မြောက်ကိုရီးယားရဲ့ အစဉ်အလာ နောင်တော် ကြီးတွေဖြစ်တဲ့ တရုတ်နဲ့ ရုရှားကို အသေကပ်ပြီး ဆက်ဆံသွားမယ့် လမ်းကြောင်းကိုပဲ လိုက်နေဦးမှာပဲလို့ လေ့လာသူ တချို့က သုံးသပ် ကြပါတယ်။ ရိုးရိုးရှင်းရှင်း စဉ်းစားကြည့်မယ် ဆိုရင် မြောက်ကိုရီးယားဟာ တခြား ဘယ်ဘက်ကိုမှ လှည့်စရာ မရှိပါဘူး။ စီးပွားရေး အရလည်း တရုတ် အပေါ်ကို လုံးဝ မှီခိုနေရတယ်။ သူ့ကိုယ်ပိုင် ဘာမှ ထုတ်နိုင်တာ မရှိဘူးလို့ ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အရှေ့ အာရှရေးရာ ဌာနအကြီးအကဲ Alexander Lukin က သုံးသပ်ပါတယ်။ ကင် ဟာ သူ့ဘဝ ရဲ့ နောက်ဆုံး အချိန်တွေ မှာတော့ ရုရှားနဲ့ ပိုပြီး နွေးနွေးထွေးထွေး ဖြစ်အောင် လုပ်ဆောင် လာတာ တွေ့ရပါတယ်။ မြောက်ကိုရီးယားဟာ တရုတ် တစ်နိုင်ငံတည်း ကိုပဲ မှီခိုနေတာ မဟုတ်ဘူး ဆိုတာကို ပြသလိုတဲ့ သဘောလည်း ဖြစ်ပါတယ်။
ကင်ရဲ့ ဒီလို လုပ်ဆောင်မှုတွေ ဟာ မြောက်ကိုရီးယားဟာ ကစား ကွက်နှစ်မျိုးနဲ့ ရှေ့ဆက်မယ် ဆိုတဲ့ ပုံစံမျိုး တွေ့လာရတာ ဖြစ်ပါတယ်။ ကင် ရုတ်တရက် ကွယ်လွန် သွားပြီ ဆိုတဲ့ သတင်းထွက်ပေါ် လာချိန်မှာ တော့ ရုရှားဟာ မြောက်ကိုရီးယား ခေါင်းဆောင်သစ် ထံကို ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။ ရု ရှား နိုင်ငံခြားရေး ဝန်ကြီး ကိုယ်တိုင်လည်း မော်စကိုမှာရှိတဲ့ မြောက် ကိုရီးယားသံရုံး ကိုသွားပြီး ဝမ်းနည်းကြောင်း ပြောဆိုခဲ့တယ်။ ချက် သမ္မတဟောင်း ဗားကလပ် ဟာဗဲ ကွယ်လွန်တာကို ရုရှား ခေါင်းဆောင်တွေ သွားမတက်ခဲ့ပါဘူး။ ၁၉၈ဝ ခုနှစ် နောက်ပိုင်းမှာ ဟာဗဲဟာ ဆိုဗီယက် အုပ်ချုပ်မှုကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဆန့်ကျင်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ ဟာဗဲ သေဆုံးတဲ့ သတင်း ဟာ ရုရှားအစိုးရ ဝက်ဘ်ဆိုက်မှာ တစ်လုံး တစ်ပါဒလေးတောင် ဖော်ပြ ထားတာ မတွေ့ရဘူး။

ရုရှားနဲ့ မြောက်ကိုရီးယား ဆက်ဆံရေးဟာ အခုအချိန် အထိ မရှင်းသေးတဲ့ အချက်တွေ ရှိနေဆဲ ဖြစ်တယ်။ ဆိုဗီယက် ခေတ်တုန်းက ချေးခဲ့တဲ့ အမေရိကန် ဒေါ်လာ ၁၁ ဘီလျံ မြောက်ကိုရီးယားမှာ တင်ရှိ နေဆဲဖြစ်တယ်။ ကုန်သွယ်တဲ့ နေရာမှာတော့ သူတို့ရဲ့ စစ်ဦးထုပ်တွေမှာ တပ်ဆင်ဖို့ ဖလင် နေကာပြားတွေ မှာယူတင်သွင်း တာ တွေ့ရပါတယ်။ ဒီလို တင်သွင်းတာဟာ သူတို့ရဲ့ စက်မှု ဆိုင်ရာ တိုးတက်မှုတွေကို အချက်ပြ လိုတာကြောင့်လည်း ဖြစ်တယ်လို့ တောင်ကိုရီးယား နိုင်ငံ ဆိုင်ရာ ရုရှား သံတမန်ဟောင်း Georgy Kunadze က ပြောဆိုပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲတဲ့ အစိုးရ တစ်ရပ်နဲ့ နယ်နိမိတ်ချင်း ထိစပ် နေပေမယ့်လည်း ကျွန်တော် တို့ အနေနဲ့ မြောက်ကိုရီး ယားနဲ့ ဆက်ဆံတဲ့ နေရာမှာ ဒေါသ ကို ရှေ့မထားသင့်ပါ ဘူးလို့ ဆိုဗီယက်ခေတ် ကျဆုံး အပြီး မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး တည်ထောင် ဖို့ ကြိုးစားစဉ် ၁၉၉၃ ခုနှစ်မှာ ရုရှား ကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်ခဲ့သူ တစ်ဦးဖြစ်တဲ့ Georgy Kunadze က ဆိုပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားဟာ ရုရှားနဲ့ သဘော တူညီချက်တွေ ကိုတော့ ဘယ်တုန်းကမှ အလေးထား အကောင်အထည် ဖော်ခဲ့တာ မတွေ့ရဘူး ဆိုတာကိုတော့ သတိထားဖို့ လိုပါတယ်။ သူ့ရဲ့ မဟာ စွန့်စားခန်းတွေ ထဲက တစ်ခုခု ကို လုပ်ဖို့ကြံတိုင်း ရုရှားနဲ့ ကြိုတင် ပြီး ဆွေးနွေး တိုင်ပင်ခဲ့တာ မျိုးလည်း မရှိခဲ့ပါဘူးလို့ ရုရှားသံတမန်ဟောင်း က သုံးသပ်ပါတယ်။
ဒီနေ့ဒီအချိန် အထိ မြောက်ကိုရီးယားဟာ အနောက်နိုင်ငံတွေ အတွက် မျက်စိ ဆံပင်မွေးစူးစရာ အဖြစ် ရှိနေဆဲ ဖြစ်သလို၊ အန္တရာယ် ပေးနိုင်တဲ့ နိုင်ငံ တစ်နိုင်ငံ အဖြစ်နဲ့ လည်း ရှိနေဆဲဖြစ်ပါတယ်။ မြောက်ကိုရီးယားရဲ့ နျူကလီးယား စမ်းသပ်မှုတွေဟာ ရုရှား ပိုင်နက်ထဲကို စိမ့်ထွက်လာနိုင်ပါတယ်။ ရုရှား အနေနဲ့ အခုအချိန် အထိတော့ သူ့ရဲ့ တင်းမာတဲ့ သဘောထားကို မဖော်ပြသေးပါဘူး။ မြောက်ကိုရီးယားရဲ့ နျူကလီးယား စမ်းသပ်မှုတွေကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ သူ့ရဲ့ ဗီတို အာဏာ နဲ့ အကာအကွယ်ပေး နေဆဲ ဖြစ်ပါတယ်။ ရုရှားနိုင်ငံကို ကင် နောက်ဆုံးလာခဲ့တဲ့ ခရီးစဉ် မှာလည်း ဓာတ်ငွေ့ ပိုက်လိုင်း တစ်ခုနဲ့ မြောက်ကိုရီးယားနိုင်ငံ မှာ ရထား လမ်းတစ်လမ်း တည်ဆောက်ဖို့ သဘော တူညီခဲ့ကြပါတယ်။ ဒီ သတင်းကို ‘လွန်ကဲတဲ့ မိတ်ဆွေများ’ ဆိုတဲ့ အသုံးအနှုန်းနဲ့  မြောက်ကိုရီးယား အစိုးရပိုင် KCNA
မှာ ဖော် ပြထားတာ တွေ့ရပါတယ်။ ဒါဟာ ခင်ဗျားတို့ မရှိလည်း ကျွန်တော်တို့ မှာ ခိုင်မာတဲ့ မဟာမိတ်နိုင်ငံ တစ် နိုင်ငံ ရှိတယ် ဆိုတာကို တရုတ်နဲ့ အနောက်နိုင်ငံတွေ ကို အချက်ပြ လိုက်တာပဲ ဖြစ်ပါတယ်။ ဒါဟာ ကင်ရဲ့ သံတမန်ရေး ကစားကွက် တစ်ခုလည်း ဖြစ်ပါတယ်လို့ ရုရှား သံတမန်ဟောင်း Pulikovsky က သုံးသပ်ပြောဆို ပါ တယ်။
ကင် ရုရှားနိုင်ငံကို နောက်ဆုံး လာတဲ့ အကြိမ်က ကျွန်တော်နဲ့ ၁ဝ မိနစ်လောက် သီးသန့် တွေ့ချင်တယ်၊ ဘယ်ဘာသာပြန်မှ မပါဘဲ နှစ်ယောက်ပဲ တွေ့လိုတယ် လို့ တောင်းဆိုတယ်။ ကျွန်တော် သူ့ကို တစ်ခုခု ပြောဖို့ လိုပြီ ဆိုတာတော့ သိလိုက်တယ်။ နှစ်ယောက်သား တွေ့ကြတဲ့ အချိန်မှာ ”ရဲဘော်ကြီး ကင် ဘာမှ လျှို့ဝှက်စရာ မရှိဘူး ဆိုရင် ဘာကြောင့်သီးသန့် ၁ဝ မိနစ် လောက် တွေ့ချင်ရတာလဲ” လို့ မေးလိုက်တယ်။ သူက ပြုံးပြုံးကြီး ကြည့်ပြီး ပြောတယ် ”မတူညီမှု တွေပေါ့ဗျာ။ ကျွန်တော် တို့ ပြောဆိုနေတဲ့ အကြောင်းအရာတွေကို ဘုရှ် စဉ်းစားရမှာ” လို့ သူက ပြန်ပြောတယ်။ ”ခင်ဗျားတို့ အတွက် ကင်ဟာ စိတ် အနှောင့်အယှက် ဖြစ်စရာ လူသား တစ်ဦးဖြစ် ချင်ဖြစ်မယ်။ ကျွန်တော့် အတွက်တော့ တကယ့်ကို ဖော်ရွေ ပြီး စံထားလောက်တဲ့ လူသားတစ်ဦးပါ” လို့ ရုရှား သံတမန်ဟောင်း Pulikovsky က သုံးသပ်ပြောဆို ထားကြောင်းပါဗျာ။

0 ဝေဖန်ချက်များ:

Post a Comment