Saturday, January 21, 2012

ကိုနေဘုန်းလတ်ရဲ့ ပစ္စက္ခအမြင်

Share
@popularmyanmar.com
 ပုဒ်မ ၄ဝ၁ (က) နဲ့ လွတ်ငြိမ်း ချမ်းသာခွင့် ပြုလိုက်တဲ့အပေါ် အစ်ကို ဘာပြောချင်လဲ။
စိတ် ကသိကအောက်ဖြစ်တာ က ပုဒ်မ ၄ဝ၁ (က) နဲ့ အကြေွးကျန် သဘောမျိုး လုပ်တာကိုပဲ။ အဲဒါ ကျွန်တော်တို့ကို လက်မှတ်တော့ မထိုးခိုင်းဘူး။ အမိန့်ကြေညာ စာလိုဖတ်ပြပြီး ကြေွးကျန်သဘော မျိုး၊ နောင်ပြစ်မှုတွေ ကျူးလွန်တဲ့ အခါမှာ ဒီဟာနဲ့ ပေါင်းပြီးပေးဆပ် ရမယ်ဆိုပြီး ဖတ်ပြတယ်။
အစ်ကိုတို့ကို လွှတ်မယ်ဆိုတာ ဘယ်အချိန်မှာ သိရလဲ။
၆၅၁ ယောက်ကို လွှတ်မယ် ဆိုတာ ညကတည်းက သတင်း ကြေညာတဲ့အတွက် သိတယ်။ မနက် ၄ နာရီခွဲရောက်မှ ထောင် အာဏာပိုင်တွေက တိုက်ထဲမှာရှိတဲ့ ခုနစ်ယောက်လုံး ပြန်လွှတ်တယ်ဆို တာကိုလာပြောတာ။ အဲဒီထဲက ကျွန်တော်တို့ ယုံကြည်ချက်အကျဉ်း သား ခုနစ်ယောက်ရယ်။ ဦးခင်ညွန့် တို့အဖွဲ့က သုံးယောက်၊ အဆောင် က တစ်ယောက်၊ အားလုံး ၁၁ ယောက် ပြန်လွတ်လာတယ်။

အစ်ကိုတို့ကို အခုလို ပြန်လွှတ် ပေးတာ အစိုးရရဲ့ ပြောင်းလဲ မှုတစ်ခုလို့ ပြောရင်ရနိုင်မလား။
အင်း၊ အပြောင်းအလဲတစ်ခုပေါ့။ အားလုံး ဝိုင်းတောင်းဆိုနေတဲ့ ကိစ္စတွေထဲမှာ ပထမဦးစားပေးက ယုံကြည်ချက်အကျဉ်းသမား ကိစ္စ ပေါ့။ ဒုတိယကိစ္စကတော့ ငြိမ်းချမ်း ရေးကိစ္စပေါ့။ ဒီယုံကြည်ချက် အကျဉ်းသားတွေကို လွှတ်ပေး လိုက်ပေမယ့် ကျန်တဲ့သူက ကျန် နေသေးတယ်။ ဒါပေမဲ့ နာမည်ကြီး ယုံကြည်ချက် အကျဉ်းသား အတော် များများကတော့ ပါလာတယ်။ နောက်ပြီး ကြေွးကျန်ကိစ္စလေး ကျန်နေတဲ့ အနေအထားကလွဲလို့ ကျေနပ်လောက်စရာ အနေအထား ရှိတယ်။ အရင်လိုမျိုး မဟုတ်ဘူး။ အရင်တုန်းက အများကြီးနဲ့ ရော ရောလွှတ်တာ။ အခုက ယုံကြည် ချက် အကျဉ်းသားတွေနဲ့ ဦးခင်ညွန့် တို့အုပ်စုကိုပဲ ရွေးလွှတ်တာ။ အဲဒီ ပုံစံက ပြောင်းလဲမှု တစ်ခုလို့တော့ သတ်မှတ်လို့ ရတယ်။ ရှေ့ဆက်ပြီး တော့ ပြောင်းလဲမှုတွေ လုပ်ဖို့ လို သေးတယ်။ နောက်တစ်ခါ ငြိမ်းချမ်း ရေးကိစ္စ။ ဒါတွေ ဆက်လုပ်ရဦးမယ်။ အခုလက်ရှိ ကတော့ ရွေ့နေတယ်။ ဒါတွေ ဆက်ရွေ့ဖို့ နောက်ပြန်ဆုတ် မသွားဖို့ လိုတယ်။ ဒါက အစ်ကိုတို့ နိုင်ငံရေးသမားတွေရော၊ အစိုးရဘက် က တာာဝန်ရှိသူတွေရောရဲ့ လုပ် ရည်ကိုင်ရည်ပေါ် မူတည်တယ်။

NLDက ရွေးကောက်ပွဲလမ်း ကြောင်းပေါ် တက်လာတဲ့ အမြင်က ဘယ်လိုရှိလဲ။
အဲဒီလို ဝင်လာတာကို ကျွန် တော့်အနေနဲ့ ထောက်ခံတယ်။ ပထမဦးဆုံးအကြိမ် ရွေးကောက် ပွဲလုပ်တုန်းက NLD ရဲ့ တကယ့် ခေါင်းဆောင် ဖြစ်တဲ့ အန်တီက အကျယ်ချုပ်နဲ့။ အဲဒီတော့ အန်တီ ကို ထုတ်ရမယ့် အနေအထားမျိုး။ အန်တီမပါဘဲနဲ NLD က ရှေ့ဆက် သွားရမယ့် ပုံစံမျိုး ဖြစ်နေတယ်။ ဒီအနေအထား တစ်ခုမှာ   ရွေးကောက်ပွဲကို တခြားယုံကြည်ချက်အကျဉ်း သားတွေလည်း မရှိတော့ NLD က ရွေးကောက်ပွဲကို မဝင်ဘူးဆို တာမှန်တယ်။ အခုတစ်ခေါက်မှာ အန်တီလည်း လွတ်လာတယ်။ ဦး သိန်းစိန်၊ ဦးအောင်ကြည်တို့နဲ့ တွေ့ တယ်။ ဒီလို တွေ့ဆုံမှုတွေ အပြီး မှာ တချို့ ကတိကဝတ်တွေကို အန် တီရသွားတာရှိတယ်။ အန်တီ ကိုယ်တိုင် သမ္မတကြီးကို ယုံကြည် ပါတယ်ဆိုပြီး ထုတ်ပြောလာတဲ့ အတွက် ဒီအခင်းအကျင်းတွေ ရှိလာ တဲ့အခါမှာ ငါတို့ဒါတွေရမှ ဒါတွေ ပြန်ပေးမယ်ဆိုတာမျိုး မဟုတ်ဘဲနဲ့ ယုံကြည် မှုတစ်ခုပေးပြီးရွေးကောက် ပွဲ ဝင်လိုက်တာကို အပြည့်အဝ ထောက်ခံတယ်။ တချို့ကျတော့ လည်း ယုံကြည်ချက် အကျဉ်းသားတွေ မလွှတ်ပေးသေး ဘဲနဲ့   ရွေး ကောက်ပွဲ မဝင်သင့်ဘူးလို့ ပြောတဲ့ လူတွေလည်း ရှိတယ်။  ဒါပေမဲ့ အစ်ကိုမြင်တာက ဒီဟာနဲ့ပတ်သက် ပြီး အန်တီက ခိုင်ခိုင်မာမာ ကတိ တစ်ခုရထားတဲ့အတွက် ဒါကို ဝင်တာလို့ မြင်တယ်။ ဒီကိစ္စကိုလည်း ထောက်ခံတယ်။

အစ်ကို့အနေနဲ့ ထောင်ထဲကို ရောက် သွားတဲ့အချိန်မှာ ထောင်အတွေ့အကြုံက ဘယ်လိုရှိလဲ။
ထောင်ထဲမှာ အခက်အခဲရှိ တာက အထက်ကပြောင်းလဲလိုက် တဲ့ဟာကို အောက်ကလိုက်မပြောင်း လဲ နိုင်တာတွေရှိတယ်။ သူတို့တွေရဲ့ Information လမ်းကြောင်း   တွေက နည်းနည်းဝေးတယ်။ အင်းစိန်မှာ ပြောင်းလဲနေတဲ့ဟာတွေက ဘားအံ ကို ရောက်ချင်မှ ရောက်တယ်။ အဲဒါမျိုးတွေက ကျင့်လို့ရတာပေါ့။ ထောင်အာဏာပိုင်တွေနဲ့ အစ်ကိုတို့ ဆက်ဆံပုံကျတော့ Dialouge လမ်းကြောင်းကို ဖွင့်ထားတယ်။  လိုချင်တာရှိရင် ထွက်ပြောတယ်။ ညှိတယ်။ သူတို့ကလည်း သူတို့ တတ်နိုင်တာရှိရင် လုပ်ပေး တယ်။ မတတ်နိုင်လည်း သူတို့ ဆက်တင် ပြတယ်။ အဲဒီလမ်းကြောင်း တစ်ခု ကို ဖွင့်ထားတယ်။ နောက်ပြီး စာ အုပ်စာပေ ဖတ်ရတယ်။ အိမ်ကို ပုံမှန် စာရေး ခွင့်ရတယ်။ ဂျာနယ် တွေလည်းအမြဲဖတ်ခွင့်ရတဲ့အတွက် အပြင်က အခြေအနေကို အမြဲ လေ့ လာလို့ရတယ်။ အားကစားလည်း လုပ်လို့ရတယ်။ တီဗီလည်း ကြည့် လို့ရတယ်။   နောက် ဗီဒီယိုကိုလည်း စနေ၊ တနင်္ဂနွေ နှစ်ရက် ကြည့် လို့တယ်။ နောက် အစ်ကိုတို့က တိုက် ထဲမှာနေရတာ။ အဆောင်ထဲက အကျဉ်းသားတွေကျတော့အစ်ကိုတို့ တိုက်က တိုက်ရိုက်သွားပြီး ချိတ် ဆက်လို့မရဘူး။ အဲဒါမျိုးကျတော့  ဒီဘက်မှာ ငါတို့ ရှိနေတဲ့ သဘောမျိုး အချက်ပြတယ်။

အစ်ကို့အနေနဲ့ ရှေ့ဆက် ဘာလုပ်ဖို့ရှိလဲ။
ရှေ့ဆက်ပြီးBlogger တစ် ယောက်အနေနဲ့ ဆက်ရပ်တည် မယ်။ Blog လည်း ပြန်ရေးမယ်။ Facebook Account လည်း ဖွင့် ထားပြီးပြီ။ နောက်ပြီးPress Media   တွေမှာ ဖြစ်နိုင်ရင် ဝင်ရေး ချင်တယ်။ ထောင်ထဲမှာလည်း တောက်လျှောက်အိမ်ကို ပေးစာ သဘောမျိုးနဲ့ ရေးနေတာတွေ ရှိ တယ်။ အခုတောက်လျှောက်လေ့ လာနေတာတွေ ရှိတယ်။ နောက် အိုင်တီသမားတွေပေါ့။ အခုချိန်ထိ အိုင်တီသမားတွေ အနေနဲ့ ဘယ်သူ မှ ထွက်ပြောတာ မရှိသေးဘူး။

0 ဝေဖန်ချက်များ:

Post a Comment