Wednesday, February 15, 2012

မရမ်းကုန်း NLD ရုံးဖွင့်ပွဲနှင့် လှည်းကူးသို့ ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေးဆင်း

"" ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်တဲ့နေရာမှာ အရေအတွက်နဲ့ မဆိုင်ပါဘူး .. အရည်အ ချင်းနဲ့ ပဲဆိုင်ပါတယ် .. တချို့က ၄၈ နေရာ နည်းတယ် ပြောကြတယ် .. အဲဒါ နည်းတယ်ဆိုရင် ၄၈ နေရာ လုံးကို မဲပေးကြပါ လို့ တောင်းဆိုချင်ပါတယ် .. ရွေးကောက်ပွဲဆိုတာ ပြည်သူတွေက ကိုယ်လိုချင်တဲ့ အပြောင်းအလဲ ရဖို့အတွက် အေးအေးချမ်းချမ်းနဲ့ ရွေးချယ်လိုက်တဲ့ နည်းပဲဖြစ်ပါတယ် .. သန်း ၆၀ ရှိတဲ့ ပြည်သူတွေအားလုံး အစိုးရ တက်လုပ်မယ်ဆိုရင်တော့ တော်တော် ပြသာနာများသွားမယ် """

(မရမ်းကုန်း NLD ဆိုင်းဘုတ်တင်ပွဲ မှ ဒေါ်အောင်ဆန်းစုကြည် ပြောစကား)




အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် မင်္ဂလာဒုံ မြို့နယ် NLD ရုံးရှေ့တွင် ခေတ္တ စကားပြောကြားခဲ့ရာတွင် "ဒီမြို့နယ်မှာ တပ်မတော်မိသားစုဝင်တွေ အများကြီးရှိပါတယ် .. ကျမတို့ ပြည်သူနဲ့ တပ်မတော် စည်းစည်းလုံးလုံး ဒီမိုကရေစီရရှိရေးအတွက် အများကြီးစွမ်းဆောင်နိုင် မှာပါ .. ဒါကြောင့်မို့လို့ ကျမတို့ မင်္ဂလာဒုံမြို့နယ်ကို အထူးတန်ဖိုးထာပါတယ်"


0 ဝေဖန်ချက်များ:

Post a Comment