Wednesday, March 14, 2012

ဂဠုန်ရုပ် တောင်ပံခတ်သည် ဟုဆိုကာ လူအများ လာရောက်ကြည့်ရှု

Copyright © Voice Weekly

 


သက်မဲ့ ဂဠုန်ရုပ်ထုက တောင်ပံခတ်သည် ဟုဆိုကာ လူအများ စိတ်ဝင်တစား လာရောက် ကြည့်ရှု ကြသည့် ဖြစ်စဉ်တစ်ခု မတ်လ ၁၃ ရက်နေ့ ညနေ ၄ နာရီခန့်က စတင်၍ မင်္ဂလာတောင်ညွန့် မြို့နယ် သိမ်ဖြူလမ်းရှိ သိမ်တော်ကြီးတွင် ဖြစ်ပွားခဲ့ကြောင်း မျက်မြင်သက်သေများက ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မြို့နယ် သံဃနာယက အဖွဲ့က မတ်လ ၁၃ ရက်နေ့ ညတွင်းချင်း အဆိုပါ သိမ်တော်ကြီးတွင် အထူး အစည်းအဝေး ထိုင်ခဲ့ပြီး အဆိုပါ ဖြစ်စဉ်ကို ကြည့်ရှုရန် သိမ်ဖြူတော်ကြီး ရှေ့တွင် လာရောက် စုဝေးနေကြသည့် လူထုပရိတ်သတ်သို့ ကျောင်းထိုင် ဆရာတော်၏ ဆန္ဒနှင့်အညီ ထုတ်ပြန်ချက် တစ်ရပ် ထုတ်ပြန် ဖတ်ကြားပြသခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်တွင် ဤဖြစ်စဉ်၌ သစ်စေးသရိုးကိုင် ရွှေချထားသည့် ရှေးဟောင်း ဂဋ္ဌုန်ရုပ်ထုမှာ နှစ်ပေါင်းများစွာ ကြာမြင့် လာသည်နှင့်အညီ ယိုယွင်းနေပြီ ဖြစ်ရာ ဘုရားဝေယျဝစ္စ ပြုလုပ်သူအချို့က အထင်မှား အမြင်မှား၍ ချဲ့ကား ပြောဆိုကြခြင်းကို လူအများ ထင်ယောင်ထင်မှား ဖြစ်ခဲ့ရခြင်း ဖြစ်ကြောင်း ပါဝင်သည်။

0 ဝေဖန်ချက်များ:

Post a Comment