Thursday, March 15, 2012

ကမ္ဘာနှင့်နေ တစ်တန်းတည်း ကျရောက်ခြင်းကြောင့် ဂြိုဟ်တုမှဖမ်းယူ ထုတ်လွှင့်သော ရုပ်သံလိုင်းများ ၆ ရက်တာ ကမောက်ကမ ဖြစ်မည်


ကမ္ဘာဂြိုဟ်နှင့် နေတို့ တစ်တန်းတည်း ရှိနေခြင်းကြောင့် ဂြိုဟ်တုမှ တစ်ဆင့် ဖမ်းယူ ထုတ်လွှင့် နေသည့် ရုပ် သံလိုင်းများ လိုင်းပြတ်တောက်ခြင်းနှင့် ထစ်ခြင်း များ ဖြစ်ပေါ်နေကြောင်း ရွှေသံလွင် ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သိရသည်။

 ယင်းသို့ ရုပ်သံလိုင်း များ ပြတ်တောက်ခြင်းနှင့် ထစ်ခြင်းများမှာ မတ်လ ...၁ဝ ရက်နေ့မှ ၁၅ ရက်နေ့အထိသာ ဖြစ်ပွားမည်ဖြစ် ပြီး၊ ၄င်းရက်များ ကုန်လွန်ပါက မူလ အတိုင်း ကောင်းမွန် စွာ ပြန်လည် ကြည့်ရှု နိုင်မည်ဖြစ်ကြောင်း Sky Net ရုပ်သံလိုင်း၏ ကြေညာချက် အရ သိရသည်။

 ''ဂြိုဟ်တုကနေ တစ်ဆင့် ထုတ်လွှင့်တဲ့ ရုပ်သံလိုင်း အားလုံး ဖြစ်မှာပါ။ ကျွန်တော်တို့ Sky Net ရုပ် သံလိုင်းကတော့ ထိုင်းဂြိုဟ်တုကနေ တစ်ဆင့် ပြန်လည် ထုတ်လွှင့်နေ တဲ့အတွက် ထိုင်းနိုင်ငံမှာ ဖြစ်တဲ့အတိုင်း နေ့ဘက်တွေမှာ ရုပ်သံထစ်တာတွေ၊ လိုင်းပြတ်တောက် တာတွေ ဖြစ်မှာပါ။ ဒါကလည်း ကမ္ဘာဂြိုဟ်နဲ့နေတို့ တစ်တန်းတည်း ရှိနေ တဲ့အတွက် ကမ္ဘာနဲ့နေ ကြားမှာ ရှိတဲ့ လွှင့်တင်ထားတဲ့ ဂြိုဟ်တုတွေ နေရဲ့အပူရှိန်ကြောင့် အခုလိုမျိုး ဖြစ်နေတာပါ''ဟု Sky Net မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 ထိုသို့ ကမ္ဘာဂြိုဟ်နှင့် နေတို့ တစ်တန်းတည်း ကျရောက်မှုများမှာ တစ်နှစ် လျှင် နှစ်ကြိမ်ခန့် ဖြစ်ပေါ် လျက်ရှိပြီး အများ ဖြစ်ပွားသည့်လမှာ မတ်လ ဖြစ်ကြောင်း ၄င်း အပြင် နောင်နှစ်များတွင် ဖြစ်ပွားမည့် ကမ္ဘာဂြိုဟ်နှင့်နေတို့ တစ်တန်းတည်း ကျရောက်မည့် လများနှင့်ရက်များကို တွက်ချက်နိုင်မည်ဖြစ် ကြောင်း www. satellite circulation.com တွင် ဖော်ပြထားသည်။

 ''နေနဲ့ အရမ်းနီးကပ်တဲ့ ဂြိုဟ်တုဆိုရင်တော့ နေ့ဘက်တောင် မကဘူး။ ညဘက်တွေပါ လိုင်းပြတ်တောက်နိုင်တယ်။ တချို့ နိုင်ငံတွေမှာဆိုရင် ထုတ်လွှင့်မှုရက် ပိုင်း တော်တော် ကြာကြာ ပိတ်ထားရတဲ့ ထိ ဖြစ်တာရှိပါတယ်''ဟု ၄င်းက ဆက်လက်ပြောသည်။

 ပြည်တွင်း၌ ဂြိုဟ်တုမှ တစ်ဆင့် ဖမ်းယူကြည့်ရှုနေသည့် ရုပ်သံလိုင်း များမှာ နှစ်ပေစလောင်း၊ သုံးပေစလောင်းနှင့် Sky Net တို့ဖြစ်ပြီး ယင်းတို့မှာ ထိုင်းနိုင်ငံ မှတစ်ဆင့် ပြန်လည် ထုတ်လွှင့်ပေးသည့် ရုပ် သံလိုင်းများ ဖြစ်သည်။

0 ဝေဖန်ချက်များ:

Post a Comment