Sunday, January 22, 2012

ကန်ဒေါ်လာ ၁သန်းတန် Bugatti Sport Type ပြိုင်ကား တင်သွင်းရန်လျှောက်ထား


Bugatti Veyron
@ TRUE NEWS
အီတလီနိုင်ငံထုတ် ကမ္ဘာကျော် နှစ်ယောက်စီး Sport Type ပြိုင်ကားတစ်မျိုး ကို တင်သွင်းရန်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန သို့ ကားတင်သွင်းခွင့်ပြုရန် အတွက် လျှောက်ထားကြောင်း နေပြည်တော် အခြေစိုက် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ ၂၀၁၀ ထုတ် Bugatti Sport Type ကားကို အမေရိကန်ဒေါ်လာ ၁၀ သိန်း(၁သန်း) နှင့် အဆိုပြု လျှောက်ထားခြင်း ဖြစ်သည်ဟု ဆိုသည်။ ငှင်းကားတင်သွင်းခွင့်ကို မြန်မာနိုင်ငံ၏ ထိပ်တန်း လုပ်ငန်းရှင်ကြီး တစ်ဦး ဖြစ်သည့် ဦးတေဇ ပိုင် ကုမ္မဏီတစ်ခုမှ အဆိုပြုလျှောက်ထားခြင်းဖြစ်သည် ဟု သိရသည်။
အဆိုပါ ကားအမျိုးအစား ၏ နောက်ဆုံးထုတ် Model တစ်စီးလျှင် ကန်ဒေါ်လာ နှစ်သန်းကျော်ခန့် တန်ကြေး ရှိပြီး Bugatti ကားများကို သူဌေး သူကြွယ်များနှင့် ကမ္ဘာကျော် ပုဂ္ဂိုလ်များ ၀ယ်ယူစီးနင်းသော ကားအမျိုးအစားဖြစ်ကြောင်းသိရှိရသည်။

0 ဝေဖန်ချက်များ:

Post a Comment