Sunday, January 29, 2012

ကျပ်ငါးထောင်တန်ဖုန်း ရောင်းချမည့် အစီအစဉ် မဖြစ်နိုင်

 @ 7Day News Journal
ပုဂ္ဂလိက ကုမ္မဏီ တစ်ခုဖြစ်သည့် ရွှေပြည်တံခွန်မှ နိုင်ငံတော်သမ္မတရုံးသို့ တင်ပြထားပြီး ကျပ်၅၀၀၀ ဖြင့် Mobile SIM Card များကို ရောင်းချပေးမည်ဆိုသည့် အစီအစဉ်သည် လက်ရှိ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးနည်းပညာဥပဒေများအရ ဆောင်ရွက်နိုင်ဦးမည် မဟုတ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ် ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက ပြည်တွင်းမီဒီယာများ သို့ တရားဝင် ပြောကြားလိုက်သည်။

ယနေ့နံနက် ၉ နာရီ ၀န်းကျင်တွင် ပုဇွန်တောင် ဆက်သွယ်ရေးသင်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည့် ဆက် သွယ်ရေးလုပ်ငန်း မှ တာဝန်ရှိသူများနှင့် ရွှေပြည်တံခွန် ကုမ္မဏီတို့ ၏ နှစ်ဖက်တွေ့ဆုံ ရှင်းလင်းပွဲတွင် မီဒီယာများသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တာဝန်ရှိသူ တစ်ဦးက "ဆက်သွယ်ရေးအနေနဲ့ ဘယ်လို ပုဂ္ဂလိက ဆောင်ရွက်ချက်မျိုးကို မဆိုလက်ခံပါတယ်။ ဒီစီမံကိန်းကို ခွင့်မပြုတာ မဟုတ်ပါဘူး။ တည်ဆဲ ဥပဒေတွေနဲ့ မကိုက်ညီတာတွေ ရှိနေတာကြောင့် လောလောဆယ် အနေအထားမှာ လုပ်ငန်းဆောင်ရွက် ခွင့် မရနိုင်သေးတာပါ" ဟုပြောကြားသည်။

ယင်းတွေ့ဆုံ ရှင်းလင်းပွဲတွင် ရွှေပြည်တံခွန် မန်နေဂျင်း ဒါရိုက်တာ ဦးလွင်နိုင်ဦးက မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းဘက်မှ တက်ရောက်လာသော တာဝန်ရှိသူများကို ၅၀၀၀ တန် ဖုန်း စီမံကိန်းနှင့် ပတ်သတ်ပြီး Powerpoint Presentation ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။

သို့သော် သူ၏ ရှင်းလင်းတင်ပြချက် အပြီးတွင် ဆက်သွယ်ရေးဘက်မှ တာဝန်ရှိသူများ မေးမြန်းလာ သည့် နည်းပညာဆိုင်ရာ စီမံကိန်းများနှင့် ဆောင်ရွက်ရမည့် အခြေအနေများကို မူ ထိုကုမ္မဏီ၏ တာဝန်ရှိသူ က ပြန်လည်ရှင်းလင်းပြောဆိုနိုင်ခြင်း မရှိသည်ကိုတွေ့ရသည်။


ရွှေပြည်တံခွန်က နိုင်ငံတော်သမ္မတရုံးသို့ ယင်းစီမံကိန်းကို တင်ပြထားပြီးနောက် ဇန်န၀ါရီ ၂၅ ရက်နေ့တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ အဆိုပြုလွှာတင်တွင်းထားသည်။


သို့သော် မြန်မာ့ဆက်သွယ်ရေးသို့တင်ပြထားသည့် အဆိုပြုလွှာတွင်မူ ကျပ် ၅၀၀၀ ဖြင့်ရောင်းချမည်ဟု မပါ ရှိပဲ ငှင်းတို့ ကုမ္မဏီကို ဆက်သွယ်ရေးနှင့် Second Mobile Operator အဖြစ် ၅ နှစ် သက်တမ်း လုပ်ကိုင် ခွင့် ပေးရန်ကိုသာ တောင်းဆိုထားသည်။

သို့သော် မြန်မာ့ဆက်သွယ်ရေးသို့ တင်ပြထားသည့် အဆိုပြုလွှာတွင်မူ ကျပ် ၅၀၀၀ ဖြင့်ရောင်းချပေးမည်ဟူသည့် အဆိုပြုလွှာမပါရှိဘဲ ၎င်းတို့ကုမ္ပဏီကို ဆက်သွယ်ရေးနှင့် Second Mobile Operator အဖြစ် ငါးနှစ်သက်တမ်းလုပ်ကိုင်ဆောင်ရွက်ခွင့်ပေးရန်ကိုသာ တောင်းဆိုထားသည်။

0 ဝေဖန်ချက်များ:

Post a Comment