Wednesday, February 29, 2012

iPad 3 ထွက်ရှိတော့မည် ...

POSTED BY © MOHPHA


ကမ္ဘာ့ထိပ်တန်း နည်းပညာ Company တစ်ခုဖြစ်တဲ့ Apple ကနေပြီးတော့ iPad 3 ရဲ့ သတင်းတွေ ကို March 7 မှာ စတင်ရောင်းချမယ်ဆိုပြီး သတင်းအားလုံး အဆုံးသတ်လိုက်ပါတယ် .. နှစ်စဉ် မတ်လ မှာ iPad တွေကို ပွဲထုတ်ခဲ့တာ iPad 2 ပြီးနောက်ပိုင်းမှာ iPad 3 ဆက်လက်ထွက်ရှိလာတော့မှာဖြစ်ပါတယ် ...


Apple ကနေပြီးတော့ ဆန်ဖရန်စစ္စကိုမှာ မတ်လ ၇ ရက်နေ့မှာ စတင်ရောင်းချပါမယ်လို့ အတည်ပြုပေး လိုက်ပါတယ် .... အခုထွက်ရှိမဲ့ iPad 3 မှာတော့ Display ရဲ့ ရုပ်ထွက်ကြည်လင် ပြတ်သားမှု (Screen Resolution) ကို တိုးမြှင့်မယ်လို့ သိရပါတယ် .. Graphic ပိုင်းပိုမို မြင့်မားတဲ့ Game, Video, Photo အစရှိတာတွေကို အသုံးပြုနိုင်ဖို့အတွက် QXGA စနစ်ဖြစ်တဲ့ 2048 x 1536 pixels Resolution ကို အသုံး ပြုထားတာ ဖြစ်ပါတယ် ... HD (High Definition) ရိုက်ကူးနိုင်တဲ့ ရှေ့နောက် ကင်မရာ နှစ်လုံးကတော့ iPad 2 အတိုင်းပဲ ဆက်လက်ပါဝင်လာပါတယ် ...


iPad 2 နဲ့ iPhone 4S တို့မှာ Apple ရဲ့ A5 Processor ကို အသုံးပြုထားပေမဲ့ အခု အသစ်ထွက်ရှိမဲ့ iPad 3 မှာတော့ ပိုမိုကောင်းမွန်တဲ့ Graphic, Speed တွေအတွက် A6 Processor ကို အသုံးပြုထားတာဖြစ်ပါ တယ် .. ဒါပေမဲ့ Screen Size ဖြစ်တဲ့ 9.7 လက်မကတော့ပြောင်းလဲခြင်းမရှိပါဘူး .. ဈေးနှုန်းကိုတော့ $579 ပတ်ဝန်းကျင်လို့ သတ်မှတ်ထားပါတယ် ...


0 ဝေဖန်ချက်များ:

Post a Comment