Monday, February 27, 2012

ATM ကတ် သုံးစွဲသူများအား မတ်လတွင် ဝန်ဆောင်ခ ကောက်တော့မည်


ATM Card သုံးစွဲသူများအား မတ်လကုန်မှ စတင်ကာ ၀န်ဆောင်ခ ကောက်ခံတော့မည်ဟု ကမ္ဘောဇဘဏ် မှ တာဝန်ရှိသူတစ်ဦးက ပြောကြားလိုက် ပါတယ် .. "အခု ကဒ်လုပ်တဲ့ သူတွေကို ကဒ်ဖိုးရော သုံးစွဲခွင့်ရော၊ ငွေလွှဲခရော အားလုံးအခမဲ့ ၀န်ဆောင်မှုပေးထားတာဖြစ်ပါတယ် .. မတ်လကုန်မှာ ကောက်ခံမဲ့ ၀န်ဆောင် ခ နှုန်းထားတွေကို ကောက်ခံတော့မဲ့ အချိန်မှာ ထုတ်ပြန်ကြေငြာသွား မှာဖြစ်ပါတယ် .." ဟုပြောကြားသည်။


ယခု လတ်တလောတွင် ATM ကတ်အား မည်သည့် နေရာတွင်မဆို ထုတ်ယူ သုံးစွဲနိုင်ပြီး လွှဲပြောင်း သုံးစွဲခ ကောက်ခံမှု မရှိသေးကြောင်း၊ ကမ္ဘောဇဘဏ် အနေဖြင့် ATM စက်များအား မတ်လတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဘဏ်ခွဲများ အားလုံးတွင် တပ်ဆင်မည် ဖြစ်ပြီး တောင်ကြီးနှင့် မန္တလေးဘဏ်ခွဲ (၁) နှင့် (၃)၊ ဒိုင်းမွန်းပလာဇာ တို့တွင်လည်း ဆက်လက် တပ်ဆင်သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောသည်။ “တောင်ကြီးမှာ လုပ်ထားတဲ့ ATM ကတ်ကို ရန်ကုန်မှာ သုံးလို့ရတယ်။ မတ်လကုန်အထိတော့ လွှဲခ မယူသေးပါဘူး” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ ကမ္ဘောဇဘဏ် ၁၂ ခုရှိပြီး ခုနစ်ခုမှာ ATM စက်တပ်ဆင် ပြီးစီးပြီ ဖြစ်ကာ ကျန်ဘဏ်ခွဲများတွင် ဆက်လက် တပ်ဆင်မည် ဖြစ်ပြီး ဂျန်းရှင်း ရှော့ပင်းမောများတွင် တပ်ဆင်နိုင်ရန် အတွက် ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း ၎င်းက ပြောသည်။ ကမ္ဘောဇဘဏ်တွင် စာရင်းရှင်း အပ်ငွေ ဖွင့်ကာ ATM ကတ် ပြုလုပ်သုံးစွဲသူ တစ်သောင်းဝန်းကျင်ခန့် ရှိလာပြီ ဖြစ်ပြီး ATM ကတ်ကို နိုဝင်ဘာလမှ စတင် သုံးစွဲခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။

0 ဝေဖန်ချက်များ:

Post a Comment