Wednesday, February 29, 2012

MNL Myanmar 2012 တစ်လတာ အကောင်းဆုံးကစားသမား ဆုကြေး (၁၀)သိန်းရရှိမည်

CREDIT TO MNFT

ကျင်းပလျက်ရှိသည့် MNL Myanmar 2012 ပြိုင်ပွဲမှ တစ်လတာ အကောင်းဆုံးနည်းပြနှင့် ကစားသမားဆုများကို လာမည့်ရက်ပိုင်းအတွင်း ပေးအပ်သွားမည်ဖြစ်ရာ အဖွဲ့ဝင်(၈)ဦးပါ ဆုရွေးချယ်ရေး ကော်မတီမှ စိစစ်ရွေးချယ်တော့မည်ဖြစ်သည်။ အဆိုပါ အကောင်းဆုံးဆုများကို အဓိကစပွန်ဆာဖြစ်သူ မြန်မာဘရူဝါရီလီမီတက်မှTrophy နှင့်ငွေသားဆုကြေးများပေးအပ် သွားမည်ဖြစ်ပြီး ဖေဖော်ဝါရီလအတွက် အကောင်းဆုံးကစားသမားမှာ ဆုကြေး (၁၀)သိန်းနှင့် အကောင်းဆုံးနည်းပြမှ ဆုကြေး(၅)သိန်း ရရှိမည်ဖြစ်သည်။

တစ်လတာအကောင်းဆုံးဆုကို ယခင်က တစ်ကြိမ်မျှ ချီးမြှင့်ခဲ့ခြင်းမရှိဘဲ ယခုနှစ်ရာသီမှသာ ပထမဆုံးအကြိမ်စတင်ချီးမြှင့်ခြင်းဖြစ်ကာ ပွဲတစ်ပွဲချင်းအလိုက် ပြိုင်ပွဲကြီးကြပ်သူ၊မီဒီယာတာဝန်ခံ စသည့်တာဝန်ရှိသူများ သတ်မှက်ပေးသော ကစားသမားများ၏ ရမှတ်ကိုကြည့်၍ အမှတ်အများဆုံးရရှိသူကို တစ်လတာ အကောင်းဆုံးကစားသမားဆုပေးအပ်မည်ဖြစ်သည်။ နည်းပြဆုအတွက်လည်းအသင်း၏ ရလဒ်နှင့် ရပ်တည်မှု၊ ပြိုင်ဘက်၏အဆင့်အတန်းကိုကြည့်၍ အမှတ်ပေး ဆုံးဖြတ်သွားမည်ဖြစ်သည်။ ဆုရွေးချယ်ရေးအစည်းအဝေးကို မတ်လ(၁)ရက်နေ့တွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရုံး၌ ကျင်းပသွား မည်ဖြစ်ပြီး ရက်ပိုင်းအတွင် ချီးမြှင့်သွားရန်စီစဉ်လျက်ရှိသည်။

0 ဝေဖန်ချက်များ:

Post a Comment