Sunday, February 26, 2012

USER ACCOUNT CONTROL ဆိုသည်မှာ ...


User Account Control (UAC) အကြောင်းကို Microsoft Windows Vista, Windows 7 အသုံး ပြုနေတဲ့ သူတွေ သိကြမှာပါ .. Microsoft ကနေပြီးတော့ Security Infrastructure တစ်ခုဖြစ်တဲ့ UAC ကို Windows Vista နဲ့အတူစတင်ထည့်သွင်းပေးခဲ့ပြီး နောက်ပိုင်း OS တွေဖြစ်တဲ့ Windows 7 နဲ့ Windows Server 2008 တွေမှာ ပိုမိုကောင်းမွန်ပြီးပြည့်စုံတဲ့ UAC ကိုထည့်သွင်းပေးနိုင်ခဲ့ပါတယ် .. သေချာတာကတော့ မိမိအသုံးပြုနေတဲ့ Windows ရဲ့ လုံခြုံမှု အပိုင်းအတွက် အသစ်ထည့်သွင်းမဲ့ Application Software တွေကို ထိန်းချုပ်ပေးနိုင်တဲ့ အတွက် UAC သည် Windows 7 မှာ ပိုမိုနာမည် ကြီးလာခဲ့ပါတယ် ..

အမှန်တကယ်တော့ UAC ဆိုတာ Microsoft ရဲ့ Windows Vista နဲ့အတူတူတွဲလျက် မိတ်ဆက်နိုင်ခဲ့ ပေမဲ့ Vista ရဲ့ကျဆုံးမှုတွေထဲမှာ UAC ရဲ့ ပြစ်ချက်၊အားနည်းချက်တွေ လည်းအပါအ၀င်ဖြစ်ခဲ့ပါတယ် .. နောက်ဆုံး Microsoft ကနေပြီး Windows 7 ထုတ်လုပ်တဲ့အခါမှာတော့ UAC ရဲ့အားနည်း ချက်တွေကို လည်းပြန်လည်ပြင်ဆင်ပြီး ထုတ်လုပ်ခဲ့ပါတယ်...


အဓိကလုပ်ဆောင်ချက်ကတော့ Application Software တွေရဲ့ Limit ကို Administrator ရဲ့ ခွင့်ပြုချက်မရရှိပဲ Standard User တွေက ထိန်းချုပ်ပြီး အတိုး အလျှော့ မပြုလုပ်နိုင်ဖို့အတွက်ဖြစ် ပါတယ် ... Installation ပြုလုပ်မဲ့ Application တစ်ခု မှာ Malware သို့ မဟုတ် Spyware တွေတွဲဖက်ပါဝင်လာတတ်တဲ့အတွက် UAC ကို အသုံးပြုပြီး Operating System ကို ကာကွယ်မှု ပြုလုပ်ပေးနိုင်ခြင်းဖြစ်ပါတယ် ... သာမန်User Account တစ်ခုမှာတောင် Administrator Privileges တွေရှိနေခဲ့ရင်တောင် Application တစ်ခုကို လွယ်လွယ်ကူကူ Installation ပြုလုပ်လို့မရအောင် UAC ကထိန်းချုပ် ပေးထားတာ ဖြစ်ပါ တယ် ....


User Account Control Setting (UAC) ထဲမှာ Application Control Notify ကို Adjust ပြုလုပ်ခြင်းဖြင့် ထိန်းချုပ်နိုင်ပါတယ် ..


0 ဝေဖန်ချက်များ:

Post a Comment