Sunday, January 22, 2012

နုရင်ဘတ်သို့ သွားရောက် အစမ်းသပ်ခံရန် အသင့် ရှိနေကြောင်း ကျော်ကိုကို ဖွင့်ဟလာ

ဇေယျာရွှေမြေနှင့် မြန်မာ့ လက်ရွေးစင် တိုက်စစ်မှူး ကျော်ကိုကိုက ၎င်းအနေဖြင့် ဂျာမန်ကလပ် အသင်း နုရင်ဘတ်၏ စိတ်ဝင်စားခြင်း ခံရသဖြင့် ၀မ်းမြောက် ဂုဏ်ယူကြောင်းနှင့် နုရင်ဘတ်သို့ သွားရောက် အစမ်းသပ်ခံရန် အသင့် ရှိကြောင်း ဖွင့်ဟ လာခဲ့သည်။
 

"အခုလို စိတ်ဝင်စား ခံရတဲ့အတွက် ၀မ်းသာမိသလို၊ ဂုဏ်လည်း ယူမိပါတယ်။ သူတို့က ကျွန်တော့်ကို စမ်းသပ်ပြီး ကြိုက်မှ ခေါ်ယူမှာပါ။ ဒါပေမဲ့ သူတို့ဆီမှာ ကစားရမည် ဖြစ်စေ၊ မကစားရသည် ဖြစ်စေ သွားပြီး အစမ်းသပ် ခံရပြီး ဆိုကတည်းက ကျွန်တော့် အတွက်တော့ အကောင်းတွေချည်း ပါပဲ။ သူတို့ရဲ့ လေ့ကျင့်ပုံတွေ၊ တိုးတက်မှုတွေကို သိနိုင်သလို သူတို့နဲ့ ကိုယ်နဲ့ ဘာကွာသလဲ၊ ကိုယ်က ဘယ်လောက်အထိ လိုနေသေးလဲ ဆိုတာတွေ သိလာမယ်လို့ ထင်ပါတယ်" ဟု ကျော်ကိုကိုက Soccer Myanmar သို့ ပြောကြားခဲ့သည်။

"အခုလို စိတ်ဝင်စား ခံရတဲ့အတွက် ၀မ်းသာမိသလို၊ ဂုဏ်လည်း ယူမိပါတယ်။ သူတို့က ကျွန်တော့်ကို စမ်းသပ်ပြီး ကြိုက်မှ ခေါ်ယူမှာပါ။ ဒါပေမဲ့ သူတို့ဆီမှာ ကစားရမည် ဖြစ်စေ၊ မကစားရသည် ဖြစ်စေ သွားပြီး အစမ်းသပ် ခံရပြီး ဆိုကတည်းက ကျွန်တော့် အတွက်တော့ အကောင်းတွေချည်း ပါပဲ။ သူတို့ရဲ့ လေ့ကျင့်ပုံတွေ၊ တိုးတက်မှုတွေကို သိနိုင်သလို သူတို့နဲ့ ကိုယ်နဲ့ ဘာကွာသလဲ၊ ကိုယ်က ဘယ်လောက်အထိ လိုနေသေးလဲ ဆိုတာတွေ သိလာမယ်လို့ ထင်ပါတယ်..."ထို့အတူ ကျော်ကိုကိုက ၎င်းနှင့် ပတ်သက်၍ အပြောင်းအရွှေ့ သတင်းများ မကြာခဏ ထွက်ပေါ် ခဲ့ဖူးသော်လည်း မည်သည့် ကလပ်သို့မှ ပြောင်းရွှေ့ ခဲ့ဖူးခြင်း မရှိ၍ ယခုတစ်ကြိမ်တွင် အမှန်တကယ် သွားရောက် ကစားခွင့် ရရန် လိုလားကြောင်း ဖွင့်ဟခဲ့သည်။
 
လာမည့် ဖေဖော်ဝါရီ (၂)ရက်နေ့တွင် ဂျာမန် ဘွန်ဒက်လီဂါလိဂ် ဥက္ကဋ္ဌ ဖြစ်သူ မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ရာ ရည်မှန်းချက်မှာ ဘွန်ဒက်လီဂါ ပြိုင်ပွဲအား Sky Net ရုပ်သံလိုင်းတွင် ထုတ်လွှင့် ပြသရေးနှင့် ဈေးကွက် ချဲ့ထွင်နိုင်ရန် ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ယခု ကျော်ကိုကိုအား ခေါ်ယူမှုမှာလည်း ၎င်းတို့၏ လိဂ်ပြိုင်ပွဲအား မြန်မာ ပရိသတ်များ စိတ်ဝင်စားမှု မြင့်တက်လာစေရန် တစ်ဖက်တစ်လမ်းမှ ကြိုးပမ်း ဆောင်ရွက်ခြင်း ဖြစ်နိုင်ကြောင်းလည်း သုံးသပ်မှုများ ထွက်ပေါ်လျှက် ရှိနေသည်။

0 ဝေဖန်ချက်များ:

Post a Comment