Saturday, January 28, 2012

SE-ME-WE 5 အင်တာနက် ဆက်ကြောင်းသစ်၂၀၁၃ တွင် ချိတ်နိုင်မည်

မြန်မာနိုင်ငံအတွင်း အင်တာနက်ဝန်ဆောင်မှုကို ပိုမိုအဆင်ပြေစွာပေးနိုင်မည့် အင်တာနက်ဆက် ကြောင်းသစ် ဖြစ်သည့် SE-ME-WE 5 နှင့် ၂၀၁၃ ခုနှစ်တွင် ချိတ်ဆက်နိုင်မည်ဖြစ်ကြောင်း၊ မြန်မာ့ ဆက် သွယ်ရေးလုပ်ငန်း သတင်းအချက်အလက်ဆိုင်ရာ အင်ဂျင်နီယာချုပ်က the voice weekly သို့ပြောကြားသည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ China Unicon ကုမ္ပဏီက SE-ME-WE 5 ချိတ်ရန် ကူညီမည်ဖြစ်ပြီး မြန်မာ့ရင်းနှီးမြှပ်နှံမှုကောမရှင်၏ ခွင့်ပြုချက်ရ ရှိပြီးဖြစ်ကြောင်း အင်ဂျင်နီယာချုပ်ဦးဇော်မင်းဦးကဆိုသည်။
နောင်တွင် နိုင်ငံတကာနှင့်ချိတ်ဆက်ထားသည့် အင်တာနက်ဆက်ကြောင်းတစ်ခုပြတ်တောက်လျှင် အခြားတစ်ခု အလွယ်တကူပြောင်းချိတ်ပေးနိုင်ရန် ယင်းကဲ့သို့စီစဉ်ခြင်းဖြစ်ကြောင်း ၄င်းကဆိုသည်။

“အင်တာနက်လိုင်းကတော့ ၀န်ဆောင်မှုပေးနေတဲ့ ကျွန်တော်တို့တောင်အားမရပါဘူး ”ဟု ယခုလက်ရှိ ၀န်ဆောင်မှုနှင့်ပတ်သက်၍ ဦးဇော်မင်းဦး က ပြောဆိုသည်။ မြန်မာနိုင်ငံအတွင်း အင်တာနက် နှေးရသည့်အဖြေကိုလည်း ထိုင်းနှင့်စင်ကာပူနိုင်ငံတို့က လာရောက်စစ်ဆေးသွားသည်။ အင်တာနက် နှေးရသည့်အကြောင်းအရင်းများတွင် ခေတ်မမှီတော့သည့် ကွန်ပြူတာများအသုံးပြုခြင်း၊ နိုင်ငံတကာ နှင့်ချိတ်ဆက်ထားသည့် အင်တာနက်ဆက်ကြောင်း မကြာခဏပြတ်တောက်ခြင်း၊ ပေးနိုင်သည့် စွမ်းအားထပ်မံ ချဲ့ရန်လိုအပ်ခြင်း စသည့်အကြောင်းအရင်းများရှိကြောင်း ၄င်းကဆိုသည် ။

၂၀၁၁ ခုနှစ်ဒီဇင်ဘာလအတွင်း ကျင်းပခဲ့သည့် အာဆီယံ ဆက်သွယ်ရေးနှင့် သတင်းအချက်လက်၊ နည်းပညာဆိုင်ရာဝန်ကြီးများအစည်းအဝေး ASEAN Telecommunications and IT Ministers Meeting (TELMIN)တွင် မြန်မာနိုင်ငံက ဥက္ကဌ နှင့်အိမ်ရှင်နိုင်ငံအဖြစ် ဆောင်ရွက်ခဲ့ရပြီး
ယင်း အစည်အဝေးပြီး နောက်ပိုင်းတွင် ယင်းနိုင်ငံများမှ အခမဲ့လာရောက်စစ်ဆေးပေးခြင်းဖြစ်သည်။
“နောင်မှာ SE-ME-WE 3 ပဲ ၊ အားကိုးလို့မရဘူး ။ 4ရော 5ရော ချိတ်မယ်၊ မြန်မာနိုင်ငံတွင် လတ်တလောအသုံးပြုနေသည့် နိုင်ငံတကာ အင်တာနက် ဆက်ကြောင်းမှာ ဖျာပုံမြို့နယ်မှတဆင့် ဆက်သွယ်သည့် SE-ME-WE 3 ရေအောက် ဖိုင်ဘာ ဆက်ကြောင်းဖြစ်ပြီး ၊ ယင်းဆက်ကြောင်းအသုံးပြုခွင့် ၁၃ နှစ် ရရှိထားရာတွင် ယခုနှစ်အထိ ၆နှစ်သာရှိသေးကြောင်း ၊ သို့သော်မကြာခဏ ရေအောက်ဆက်ကြောင်းပြတ်တောက်သဖြင့် အဆင် မပြေကြောင်း၊ (TELMIN)အစည်းအဝေးဆိုင်ရာ သတင်း စာရှင်းလင်းပွဲတွင် မြန်မာဆက်သွယ်ရေးမှ တာဝန်ရှိသူက ပြောကြားခဲ့သည်။
@The Voice Weekly Journal

0 ဝေဖန်ချက်များ:

Post a Comment