Thursday, February 2, 2012

ဦးသိန်းစိန်နှင့် စက္ကန့် ၉၀

@ IRRAWADDYBLOG
ဇန်နဝါရီလ ၃၀ ရက်နေ့က သမ္မတ ဦးသိန်းစိန်ကို Straits Times သတင်းစာက ရှန်ဂရီလာဟိုတယ်မှာ အင်တာဗျူးပါတယ်။ Straits Times က ဓာတ်ပုံဂျာနယ်လစ် Desmond Lim က ဦးသိန်းစိန်ကို ဓာတ်ပုံရိုက်ပါတယ်။ Desmond Lim ကို ဓာတ်ပုံဂျာနယ်လစ် Samuel နဲ့ Lim Wui Liang တို့က မီးထိုး မှန်ကိုင် ကူကြပါတယ်။

ပထမပိုင်းမှာ မြန်မာအစိုးရ အရာရှိတွေက ဓာတ်ပုံပေးမရိုက်ဘူးဆိုပြီး လုပ်နေပါတယ်တဲ့၊ ဒါပေ မယ့် နောက်တော့ ညှိလို့ရသွားတယ်။ အဲဒါနဲ့ အခွင့်အရေးရတုန်း တက်သုတ်ရိုက်ပြီး ရိုက်ရတာပေါ့လေ။

ရတဲ့အခွင့်အရေးလေးကို သုံးပြီး စက္ကန့် ၉၀ အတွင်း ဓာတ်ပုံဆရာတွေ ဘယ်လို ရိုက်ယူရတယ်ဆိုတာကို မှတ်တမ်းတင်ထားတာပါ။

ဦးသိန်းစိန်က “မဂ္ဂဇင်းထွက်လို့ရှိရင် ငါ့ဆီအရင်ပို့ပေးလိုက်” လို့ ပြောသံ ကြားရပါတယ်။ အဲဒါကို ဘာသာပြန်ပြီး ပြောခိုင်းတာပါ။




90 seconds with Thein Sein from Through the Lens on Vimeo.

0 ဝေဖန်ချက်များ:

Post a Comment