Thursday, February 2, 2012

ယခုနှစ်အတွင်း Online မီတာ စနစ်ပြောင်းလဲမည် ..

Online မှ မီတာ သုံးစွဲခကောက်ခံမည့်စနစ်ကို ယခုနှစ်တွင် စတင် အကောင်အထည်ဖေါ် ဆောင်ရွက် သွားမည် ဟု အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးမှ ပြောကြားသည်။

ထိုစနစ်ကို မတ်လဆန်းမှ စတင်ပြီး နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များတွင် စတင် အကောင် အထည် ဖေါ်သွားမည်ဟု ပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးက "ကျွန်တော်တို့အနေနဲ့ e-Government စနစ်ကို ဆောင်ရွက်တဲ့နေရာမှာ မီတာသုံးစွဲခတွေကို Online ကနေတဆင့် အလွယ်တကူ ပေးချေနိုင်အောင် ဒီ စနစ်ကို စတင်ခဲ့တာပါ .. အခုစနစ်က မီတာသုံးစွဲခကို မီတာဖတ်ဝန်ထမ်းတွေက အိမ်တိုင်ရာရောက် လိုက်လံဖတ်စရာ မလိုဘဲ အွန်လိုင်းကနေ မီတာဖတ်ပြီး ကျသင့်ငွေကို လည်း အွန်လိုင်းကနေ တောင်းခံ သွားမှာ ဖြစ်ပါတယ်" ဟုပြောကြားသည် ..
ထိုစနစ်ပေါ်ပေါက်လာခြင်းကြောင့် လက်ရှိ မီတာခ ကောက်ခံလျှက်ရှိသော စနစ်များကို ဖျက်သိမ်းသွားမည် မဟုတ်ဟု ၀န်ကြီးက ဆက်လက်ပြောကြားသည်။ Myanmar Info Tech မှ တာဝန်ရှိသူတစ်ဦးက "Online Meter ဆိုတာ ရှင်းရှင်းပြောရရင် အင်တာနက်ကနေ တဆင့် လျှပ်စစ်သုံးစွဲသူက ဘယ်လောက်အတိုင်း အတာ အထိသုံးစွဲထားလဲဆိုတာ  အင်တာနက်ချိတ်ဆက်ထားတဲ့ အတွက် အွန်လိုင်းမီတာကို သိရှိနိုင်တယ် .. အွန်လိုင်းမီတာ တပ်မယ်ဆိုရင် အင်တာနက်လိုင်း လိုအပ်တဲ့ အပြင် ဘဏ်မှာ ငွေစာရင်းဖွင့်ထားဖို့လဲ လို တယ် ..မကြာခင်မှာ ဒီအွန်လိုင်း မီတာစက် တွေကို ဈေးကွက် အတွင်း ဖြန့်ဖြူး ရောင်းချ သွားဖို့ရှိပါတယ်” ဟု ဆိုသည်။
@ Popular News Journal

0 ဝေဖန်ချက်များ:

Post a Comment