Monday, January 30, 2012

အော်တိုတယ်လီဖုန်းမှ ပြည်ပဖုန်းခေါ်ဆိုခ နှုန်းထားများအား လျော့ချပေးသွားရန်ရှိ

@ News-Eleven   
အော်တို တယ်လီဖုန်းများ၏ ပြည်ပဖုန်းခေါ်ဆိုခ နှုန်းထားများအား လာမည့် ဖေဖော်ဝါရီ လကုန်ပိုင်းတွင် လျှော့ချပေးသွားရန် ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။

အဆိုပါ အော်တိုတယ်လီဖုန်းများ၏ ပြည်ပခေါ်ဆိုမှုနှုန်းထားများမှ လက်ရှိကာလတွင် Mobile Phone များ ထက် ဈေးနှုန်းမြင့်မားလျှက် ရှိသည့်အတွက် အော်တိုတယ်လီဖုန်း ပြည်ပခေါ်ဆိုမှု နှုန်းထားများကို လျှော့ ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

"ဖေဖေါ်ဝါရီလကုန်ပိုင်းမှာ အော်တိုတယ်လီဖုန်းတွေရဲ့ နိုင်ငံခြားခေါ်ဆိုခတွေကို လျှော့ချသွားပေးဖို့ အတည်ပြုထားပါတယ် .. မကြာခင် အများပြည်သူကိုကြေငြာပေးသွားမှာပါ .. အော်တို တယ်လီဖုန်း ကနေ ပြည်ပခေါ်တာက Mobile ထက် ပိုဈေးကြီးပါတယ် .. အဲဒါတွေကို လျှော့ချပေးသွားမှာပါ .. အခုသုံးနေကြ တဲ့ pfingo internet phone ဆိုရင်လည်း ဈေးနှုန်းများသလို quality လည်းမကောင်းပါဘူး .. မကြာခင်  ဖေဖော်ဝါရီလ  အတွင်းမှာပဲ ရတနာပုံတယ်လီပို့နဲ့ ပူးပေါင်းဆောင်ရွက်ထားတဲ့ Ytalk Internet Phone ကို စပေးတော့မှာပါ .. pfingo ထက်သက်သာတဲ့နှုန်းထားနဲ့ ရောင်းချသွားပေးမှာပါ" ဟုတ် မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဣဒ္ဓိလှ ကပြောကြားသည်။

0 ဝေဖန်ချက်များ:

Post a Comment