Thursday, February 2, 2012

"ဆန္ဒကို သိက္ခာဖြင့် မထိန်းသော အမျိုးသားများ၏ အန္တရာယ်မှ ကာကွယ်ရန် ယာဉ်လိုင်းများပေါ် ဝီစီတပ်တော့မည်"

မြို့တွင်းယာဉ်လိုင်းများပေါ် အိနြေ္ဒပျက်ပြားအောင်အပြုမူခံရသော အမျိုးသမီးများ အကူ အညီ တောင်း ခံနိုင်ရန်အတွက် ဝီစီများတပ်ဆင် ပေးတော့မည်ဟု Akhaya အမျိုးသမီး အဖွဲ့မှ ပရိုဂရမ် ဒါရိုက် တာ ဒေါ်ထားထားက ပြောသည်။

ဝီစီမှုတ်၍ အကူအညီ တောင်း ခံနိုင်မည့် အဆိုပါစနစ်ကို ဖေဖော်ဝါရီ ၇ ရက်နေ့တွင် စတင် မည်ဖြစ်ပြီး ယာဉ်လိုင်းများပေါ်တွင် သာမက လူစည်ကားရာ လမ်းတစ်လျှောက် တွင်လည်း အဖွဲ့ ၇ ဖွဲ့တို့မှ အမျိုးသမီးများ ရရှိစေရန် ခရာကို အခမဲ့ ဖြန့်ဝေသွားမည်ဟု ၄င်းက ပြောသည်။ 

''ကားပေါ်မှာ အမျိုးသမီးတွေ ထိကပါး ရိကပါး အလုပ်ခံရတာ များလာလို့ အဲဒီအတွက် ရည်ရွယ်ပြီး လုပ်တာပါ'' ဟု ၄င်းက ဆက်လက်ပြောသည်။

အချို့သော အမျိုးသမီးများ သည် ထိပါးခံရသော်လည်း ပါးစပ် မှ ဖွင့်မပြောရဲ ကြသည့် အတွက် ခရာ ဖြင့် ဝီစီမှုတ်ခြင်းသည် အဆင်ပြေ နိုင်မည်ဟု ယူဆကြောင်း ဝီစီ လှုပ်ရှားမှု အဖွဲ့ဝင် ဒေါ်စိုးစိုးက ပြောသည်။

ယခု အစီအစဉ်သည် အမျိုးသားထု တစ်ရပ်လုံးကို ရည်ရွယ်ခြင်း မဟုတ်ဘဲ ဆန္ဒကို သိက္ခာဖြင့် မထိန်းသိမ်းကြသည့် အမျိုးသား အချို့၏ အပြုအမူများ ရပ်တန့် သွားစေရန် အတွက်သာ ဖြစ်ကြောင်း ဒေါ်ထားထားက ပြောသည်။

ဝီစီတပ်ပေးမည့် စနစ်သည် ဝီစီမှုတ် အချက်ပြ၍ အကူအညီ တောင်းသည့် အမျိုးသမီး များအား အကာအကွယ်ပေးရန်သာ ဖြစ်ပြီး နှောင့်ယှက်သူအား ကိုယ်ထိလက် ရောက် မပြုရန် မြန်မာနိုင်ငံ လူ့ အခွင့်အရေး ကော်မရှင်မှ ထုတ်ပြန် ထားသည်။

ဝီစီကို ရထားများပေါ်တွင် လည်း တပ်ဆင်သွားမည်ဟု ဒေါ် ထားထားက ပြောသည်။
Akhaya အဖွဲ့သည် အမျိုး သမီးနှင့် ကလေးများ ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ လူ့အဖွဲ့ အစည်း တစ်ခုဖြစ်သည်။
@Popular News Journal

0 ဝေဖန်ချက်များ:

Post a Comment