Monday, January 30, 2012

စင်ကာပူလို တိုးတက်ချင်တယ်ဆိုရင်


ဒီကာတွန်းလေးကို ကြည့်မယ်ဆိုရင် ဘာတွေလုပ်သင့်လဲ ဆိုတာ သူ့ဘက်ကိုယ့်ဘက် နားလည်လာမှာပါ .. ကျနော်တို့နိုင်ငံကို စင်ကာပူလို ဖြစ်ချင်တယ် .. အခြား ဖွံ့ဖြိုးပြီးနိုင်ငံတွေလို ဖြစ်ချင်တယ် ဆိုရင် နိုင်ငံသား တွေ ဘက်ကလဲ လိုက်နာစရာတွေ ရှိသလို အာဏာပိုင်တွေဖက်ကလဲ ပြုပြင်စရာတွေ နှစ်ဦးနှစ်ဖက် ရှိတယ် ဆိုတာ တွေ့မှာပါ ...

မြန်မာလူမျိုးတွေမှာ လက်ရှိဖြစ်နေတာတွေက စည်းကမ်းလိုက်နာမှုအားနည်းတဲ့ အပိုင်းတွေ တော်တော် များများတွေ့နေရသလိုဖြစ်နေတာကို တွေ့နေ မြင်နေရနေတာတွေကိုလဲ သိကြမှာပါ ..

စင်ကာပူမှာ ဆိုရင် အမှိုက် မပစ်ရနေရာဆိုရင် ဘယ်သူမှ အမှိုက်မပစ်ကြဘူးဆိုတာ အပြင် တစ်ခြား လိုက်နာရမဲ့စည်းကမ်းတွေကို လိုက်နာကြတယ်ဆိုတာ စင်ကာပူနိုင်ငံအပြင်တစ်ခြားနိုင်ငံရောက်ဖူးသူတိုင်း နိုင်ငံတော်တော်များများ ဥပမာ .. ဥရောပ နိုင်ငံတွေက ပိုလိုက်နာပြီး ပိုစည်းကမ်းရှိတယ်ဆိုတာ ရောက်ဖူးသူတိုင်း သိကြမှာပါ ....

တရုတ်နိုင်ငံဆိုရင် လာဘ်စားမှု များတဲ့နိုင်ငံတစ်ခုပါ .. BUT တရုတ်နိုင်ငံ တိုးတက်လာပါတယ် .. ပြည်သူတွေ စည်းကမ်းရှိလာပါတယ် ... ဘာကြောင့်အဲလို တိုးတက်တာလဲ .. သပ်ရပ်တာလဲ .. လှပတာလဲ ..

ပြည်သူတွေအပေါ်မူတည်သလို .. အစိုးရလဲ တာဝန်မကင်းပါဘူး ... ပြည်သူတွေကလဲ အစိုးရအဖွဲ့အစည်းတွေက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမယ် .. အစိုးရအဖွဲ့အစည်းတွေက လဲ ဘက်လိုက်မှုမရှိဘဲ .. ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာတဲ့သူတွေကို စနစ်တကျ စောင့် ကြည့် ပြီး ဘက်လိုက်မှု မရှိပဲ အရေးယူမယ် .. ပြင်ဆင်မယ်ဆိုရင် မြန်မာနိုင်ငံဆိုတာ အခုလို ပြုပြင်ပြောင်းလဲ မှု ကာလအတွင်း ကနေ နောင် ၅ နှစ်အတွင်း စင်ကာပူလို မဖြစ်နိုင်စရာ မရှိပါတော့ပါ ကြောင်း ....
 
WRITTEN BY MOHPHA   

0 ဝေဖန်ချက်များ:

Post a Comment