Sunday, February 12, 2012

၁၉၈၈ ကတည်းက 92 MODEL CITY TAXI တွေ မြန်မာနိုင်ငံမှာ ရှိနေပြီလား ...?


The Lady ဇာတ်ကားထဲက ပြကွက်တစ်ခုပါ .... Biography ဇာတ်ကား ရိုက်တယ်ဆိုတာ ကြုံသလို ရိုက် လို့ ရတဲ့ ဇာတ်ကားမျိုး မဟုတ်ပါဘူး ... လူတစ်ယောက်ရဲ့ အကြောင်း၊ အဲဒီ လူနေထိုင် တဲ့ နိုင်ငံရဲ့အကြောင်း .. ကနေ အသေးအဖွဲ လေးတွေ အထိ ဂရုစိုက်ပြီး ရိုက်သင့်ပါတယ် ... အထက်ပါ ပုံအတိုင်းဆိုရင် မြန်မာ့ ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုး သား ဒီမို ကရေစီ အဖွဲ့ချုပ်သည် .. အမျူးသားဒီမိုကရေ စီ အဖွဲ့ချုပ်ဆိုပြီး ... မြန်မာ စာလုံးကို မှားအောင်ပေါင်းထားတာကိုက အလွဲကြီးလွဲနေပါ ပြီ .. ဒါရိုက်တာ LUC BESSON တစ်ယောက် ဘာတွေမှားယွင်းခဲ့လဲ .. ဘာတွေ အလွဲကြီးလွဲခဲ့လဲဆိုတာကို ဇာတ်ကားတစ်ကားလုံး ကြည့်လိုက်ရင် သိလာမှာပါ …

၁၉၈၈ အရေးအခင်းကာလ နောက်ခံထားတဲ့ ဒီပုံမှာ ဆိုရင် ဘာတွေလွဲနေလဲ ဆိုတာ တော်တော်များများ သတိမူမိကြမှာပါ .. ၁၉၈၈ မှာ SE Limited 92 မော်ဒယ် CITY TAXI ပေါ်နေတယ် ဆိုတာတွေ့မှာပါ ... ကျနော်တို့ကလေးအချိန် ၁၉၈၈ ပတ်ဝန်းကျင်ကာလမှာ လေးဘီးကားနဲ့ ဂျစ်ကားတွေကို အဓိက အား ထားနေ ရတဲ့ အချိန်ဆိုတာ မှတ်မိပါသေးတယ် .. အထက်ပါပုံ အရဆိုရင် မြန်မာနိုင်ငံသည် အရေးအခင်းကြီး ဖြစ်ပွားနေဆဲ ကာလမှာတောင် နိုင်ငံတကာထက် ခေတ်မှီပြီး ၁၉၈၈ တုန်းက မပေါ်သေးတဲ့ 92 MODEL ကား မြန်မာပြည်ရောက်နေတာ .. BUS ကားဆိုလို့ ဗိုက်ပူတွေကိုပဲ အားကိုးနေရတဲ့ အချိန်မှာ Eagle ကြော်ငြာ တံဆိပ် နဲ့ AIR-CON BUS တွေ မြန်မာပြည်ရောက်နေတာက The Lady ဇာတ်ကားရဲ့ အကြီးမှား ဆုံး မှားယွင်းမှုကိုတွေ့ကြမှာပါ .... နောက်ထပ် LUC BESSON ရဲ့ THE LADY ဇာတ်ကားအတွင်း မှားယွင်းမှု တွေ ကို ဆက်လက် ရေးသားသွားမှာပါ …


WIRTTEN BY MOHPHA

0 ဝေဖန်ချက်များ:

Post a Comment