Monday, February 13, 2012

FIREWALL ဆိုသည်မှာ - အပိုင်း (၁)

FIREWALL ဆိုတာ လွယ်လွယ်ကူကူနဲ့ နားလည်သဘောပေါက်အောင် ပြောရမယ်ဆိုရင် ပြင်ပ External Network မှ အနှောက်အယှက်များ မ၀င်ရောက်နိုင်အောင် တားဆီးပေးနိုင်တဲ့ ... Internal Network မှ သတင်း အချက်အလက်များ ကို ပြင်ပရှိ အခြားသော Network များဆီကို မပေါက်ကြားနိုင်အောင် တားဆီးပေးနိုင်တဲ့၊ ကာကွယ်ပေးနိုင်တဲ့ နည်းပညာ တစ်ခု ဖြစ်ပါတယ် .. Firewall ဆိုတဲ့ အခေါ်အဝေါ်ကို ၁၉၈၀ နှစ်နောက် ပိုင်း တွေ မှာပေါ်ပါလာတာဖြစ်ပြီး .. Internet ဆိုင်ရာ နည်းပညာပိုင်း ချိုးဖောက်မှုတွေကို မကြာခဏ ကြုံတွေ့လာတဲ့ အတွက် FIREWALL ကို စတင် တီထွင် အသုံးပြုခဲ့တာ ဖြစ်ပါတယ် .. Internet ကို နေ့စဉ် အသုံးပြုနေတဲ့ သူတစ် ယောက်ဟာ Firewall ကို အသုံးပြုတာ မှားယွင်းတယ်လို့ မယူဆပါနဲ့ ... 

FIREWALL ဆိုတဲ့နေရာမှာ ... HARDWARE Based Firewall နဲ့ SOFTWARE Based Firewall ဆိုပြီး နှစ်မျိုး ရှိပေ မဲ့ လုပ်ဆောင်နိုင်ပုံ ချင်းမှာတော့ ကွာခြားမှု သိပ်မရှိပါဘူး .. HARDWARE Based Firewall တွေက .. တော့ ဈေးနှုန်း အရ အလွန်ကြီးမြင့်ပြီး .. SECURITY ပိုင်းမှာ သတင်းအချက်အလက်လုံခြုံရေးကို ပိုမို အားကောင်းစွာ ပြုလုပ်နိုင်ပါတယ် .. ဒါပေမဲ့ မြန်မာနိုင်ငံအနေနဲ့  လက်ရှိအချိန်မှာ အချို့သော အစိုးရ ဌာန တွေကလွဲလို့ ကျန် လုပ်ငန်းတွေမှာတော့ သတင်းအချက်အလက် လုံခြုံမှု အတွက် SOFTWARE Based FIREWALL တွေကို အားထားနေရဆဲဖြစ်ပါတယ် .. SOFTWARE Based FIREWALL အနေနဲ့ Closed System ဖြစ်တဲ့ WINDOWS XP Service Pack 2 မှာ စတင် ပါဝင်လာပြီး အထိုက်အလျောက် ကာကွယ်မှု တွေ ကို ပြုလုပ်ပေးနိုင်ပါတယ် .. OS (Operating System) Built-In Software Firewall တွေ အပြင် အခြား Third Party Software Firewall တွေကိုလည်းအသုံးပြုပြီး Security ပိုင်း၊ သတင်းအချက်အလက် လုံခြုံမှု အပိုင်းကို ကာကွယ်ပေးနိုင်ပါတယ်  .. 

သီအိုရီ အရပြောရမယ်ဆိုရင် Firewall ဆိုတာ Network Based Computer System တွေကို Electrically အရ မတူညီတဲ့ Network တစ်ခုနဲ့ တစ်ခု အကြားမှာ ဆက်သွယ်မှု လုံးဝဖြတ်တောက်ခြင်း မဟုတ်ပဲ အဆိုပါ Network နဲ့ မသက်ဆိုင်တဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက်သယ်ယူမှုတွေကို ပိတ်ပင်တားဆီး ပြီး မှတ်တမ်းတင် ကာကွယ်ဖြတ်တောက်ပေးနိုင်တဲ့ လုံခြုံရေးဆိုင်ရာ နည်းပညာတစ်ခု ဖြစ်ပါတယ် .. Closed System ဖြစ်တဲ့ MICROSOFT OS တွေမှာတော့ FIREWALL လို့သုံးနှုန်းပေးမဲ့ အချို့သော Open Source ဖြစ်တဲ့ LINUX Based OS နဲ့ Device တွေမှာတော့ ACCESS LIST လို့သုံးနှုန်းတာကို တွေ့ရပါတယ် ..

Administrator က သတ်မှတ်ပေးတဲ့ Security Rules တွေ အခြားသော အခြေအနေတွေကို မူတည်ပြီး မတူညီ တဲ့ Security Domain တွေကြားမှာ All Network Traffic တွေကို Allow, Deny, Encrypt, Decrypt and Proxyfy လုပ်မလုပ် အစရှိတဲ့ လုပ်ဆောင်မှုတွေကို Firewall ကပြုလုပ်ပေးနိုင်ပါတယ် ... အထူးသဖြင့် Network Traffic တွေကို Zone အလိုက် ပတ်ပတ်လည် စစ်ဆေးပေးပြီးကာကွယ်ပေးနိုင်တဲ့ လုံခြုံရေးစနစ် တစ်ခု ဖြစ်ပါတယ် ...

ဆက်လက်ဖော်ပြရေးသားပါမည် ...

WRITTEN BY MOHPHA

0 ဝေဖန်ချက်များ:

Post a Comment