Monday, February 13, 2012

ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် လူမှုရေးအဖွဲ့ဖွဲ့စည်း

 စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်းနဲ့ ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန့်ဟာ ရန်ကုန် တိုင်း ကျောက် တန်း  မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရံပုံငွေ ကျပ်သိန်း ၁၀၀ မတည်ပြီး " ရွှေမှော် ၀န်း" လူမှုရေးအဖွဲ့ကို ဒီနေ့ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ် ....

ဆိုင်းငံ့ပြစ်ဒဏ် ၄၄ နှစ်ချမှတ်ခံထားရတဲ့ ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ဟာ သမ္မတ ဦး သိန်းစိန်အစိုးရ လက်ထက်မှာ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ နဲ့ အတူ နောက် ဆုံး အခေါကမှာ နေအိမ်အကျယ်ချုပ်ကနေ ပြီးခဲ့တဲ့လက လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ် ... ပထမဆုံး အကြိမ် အဖြစ် ဇာတိဖြစ်တဲ့ ကျောက်တန်းမြို့ကို ဒီနေ့သွားရောက်ခဲ့ပြီး သူလှူဒါန်းထားတဲ့ သိမ်တစ်ခုမှာ ရပ် ဆွေရပ်မျိုးတွေကို ဖိတ်ခေါ်ပြီး အခုလိုဖွဲ့စည်းလိုက်တာလို့ ကျောက်တန်း ဒေသခံ တစ်ဦးက ပြောပါတယ်.

အဲဒီ အဖွဲ့မှာ ဦးခင်ညွန့်ရဲ့ ငယ်ဆရာ ၀န်ကြီးချုပ်ဟောင်းတစ်ဦးဖြစ်သူ ဗိုလ်မှူးချုပ်ဟောင်း ဦးတင့်ဆွေကို နာယက အဖြစ်ထားရှိပြီး ဦးခင်ညွန့်နဲ့ ဇနီး ဒေါက်တာဒေါ်ခင်ဝင်းရွှေ၊ သားဖြစ်သူ ဗိုလ်မှုး ကြီး ဟောင်း ဇော် နိုင်ဝင်း၊ ဦးခင်ညွှန့်ရဲ့ ဆရာမ ဒေါ်တင်တင်နွယ် စတဲ့ ပုဂ္ဂိုလ်တွေ ပါဝင်တယ်လို့ သိရ ပါတယ်....

0 ဝေဖန်ချက်များ:

Post a Comment