Friday, February 17, 2012

FIREWALL ဆိုသည်မှာ - အပိုင်း (၃)

Hardware Firewall


FIREWALL ဆိုတာ Private Network နဲ့ Public Network (Internet) တို့အကြား ချိတ်ဆက်ထားတဲ့ နေရာ မှာ .. ကြားခံထားရမဲ့ .. လုံခြုံရေးပိုင်းထိန်းချုပ်ပေးတဲ့ နည်းပညာ တစ်ခုသာဖြစ်ပါတယ် .. ကိုယ့်ရဲ့ Private Network ဟာ အင်တာနက်ချိတ်ဆက်ထားခြင်း မရှိရင် ဖြစ်စေ .. အရေးကြီးတဲ့ ဒေတာတွေ မရှိ ရင် ဖြစ်စေ Firewall မသုံးထားတာဟာ ပြသာနာ မဟုတ်တော့ပါဘူး ..

တကယ်လို့သာ မိမိ အသုံးပြုနေတဲ့ Private Network ဟာ .. Internet နဲ့ ချိတ်ဆက်ထားတယ် .. ဒါမှ မဟုတ် အရေးကြီးတဲ့ အချက်အလက်တွေ ရှိနေခဲ့မယ်ဆိုရင်တော့ Firewall အသုံးပြုရမဲ့ အနေအထား ဖြစ် ပါတယ် .. ကျနော်တို့ TV, Air-Con တွေမှာ မီးအားအတက်အကျကြောင့် Safeguard ခံထားရ သလိုပါပဲ  .. Firewall အသုံးပြုထားမှသာ Packed Sniffer တွေရဲ့ရန်ကနေ ကာကွယ်ပေးနိုင်မှာဖြစ်ပါ တယ် .. Firewall မှာ အမျိုးအစားအုပ်စု ၄ခုခွဲခြားထားပါတယ် ...

  1. Free Firewall
  2. Desktop Firewall
  3. Software Firewall
  4. Hardware Firewall တို့ဆိုပြီးတော့ဖြစ်ပါတယ် ..






1. Free Firewall

Free Firewall တွေဆိုတာ Software Based Firewall တွေဖြစ်ပြီး Application တွေသာဖြစ်ပါတယ် .. အလွယ်တကူ setup and configure ပြုလုပ်နိုင်ပါတယ် ... Free ဆိုတဲ့ အတိုင်း အချို့နည်းပညာ Company ကြီးတွေကနေပြီးတော့ အလကားထုတ်လုပ်ပေးတဲ့ Software တွေဖြစ်ပါတယ် .. Microsoft Windows XP SP2, Vista, Windows 7, Linux အစရှိတဲ့ OS တွေမှာ Built-in ပါဝင်လာတဲ့ Firewall လိုဖြစ်ပါတယ် .. အခြားသော Third Party Free Firewall တွေလဲ အများအပြားရှိနေပါသေးတယ် .. Free Firewall ကို Personal Firewall လို့လဲခေါ်ဆိုပြီး Desktop Firewall နဲ့ ပုံစံချင်းတူပါတယ် ..

ဆက်လက်ရေးသားပါမည်

WRITTEN BY MOHPHA

0 ဝေဖန်ချက်များ:

Post a Comment