Wednesday, February 15, 2012

FIFA နှင့် AFC တို့၏ ပံ့ပိုးငွေများ တစ်နှစ်ကျော်ခန့် လွှဲပြောင်း ရယူနိုင်ခြင်း မရှိကြောင်း ဦးဇော်ဇော် ဖွင့်ဟ

ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဦးဇော်ဇော်က ဥရောပ နိုင်ငံကြီးများ၏ စီးပွားရေး ပိတ်ဆို့ထားမှု များကြောင့် MFF အနေဖြင့် FIFA နှင့် AFC တို့ထံမှ ပံ့ပိုး ထောက်ပံ့ငွေများ တစ်နှစ်ကျော် ကြာခန့် လွှဲပြောင်း ရယူနိုင်ခြင်း မရှိခဲ့ကြောင်း ဖွင့်ဟ ပြောကြားခဲ့သည်။

FIFA မှ တာဝန်ရှိသူများ မြန်မာနိုင်ငံသို့ လာရောက် ခဲ့ရာတွင် ဦးဇော်ဇော်က ယခုကဲ့သို့ ရှင်းလင်း ပြောကြားခဲ့ခြင်း ဖြစ်ကာ အခက်အခဲ လိုအပ်ချက်များ ရှိနေသည့် ကြားမှပင် မြန်မာ့ ဘောလုံးလောက ဖွံ့ဖြိုးတိုးတက် စေရေးအတွက် ကြိုးပမ်း ဆောင်ရွက် ခဲ့ကြကြောင်း၊ အခြား ဘောလုံး ဖွံ့ဖြိုးဆဲ နိုင်ငံများအား အမီလိုက်နိုင်ရန် အတွက် FIFA နှင့် နိုင်ငံတကာမှ နည်းပညာနှင့် ပံ့ပိုးမှုများ မဖြစ်မနေ လိုအပ်ပါကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။


ဘောလုံး အဖွဲ့ချုပ်၏ သတင်း ထုတ်ပြန်မှုတွင် "မိမိတို့ MFF သည် အခက်အခဲနှင့် လိုအပ်ချက်များ ကြားမှ မြန်မာ့ ဘောလုံးလောက ဖွံ့ဖြိုးရေး အတွက် ကြိုးပမ်း ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း၊ အခြားဘောလုံး ဖွံ့ဖြိုးဆဲ တိုင်းပြည်များကို အမီလိုက်နိုင်ရန် ဖီဖာနှင့် နိုင်ငံတကာမှ နည်းပညာနှင့် ပံ့ပိုးကူညီမှုများ မဖြစ်မနေ လိုအပ်ပါကြောင်း၊ ဥရောပ နိုင်ငံကြီးများ၏ စီးပွါးရေး ပိတ်ဆို့မှု (Sanction) ကြောင့် မိမိတို့ MFF မှာလည်း ဖီဖာနှင့် AFC မှ ပံ့ပိုး ထောက်ပံ့ငွေများကို တစ်နှစ်ကျော်ခန့် လွဲပြောင်း ရယူနိုင်ခြင်း မရှိသဖြင့် များစွာ အခက်အခဲ ကြုံတွေ့ ခဲ့ရကြောင်း၊ သို့သော်လည်း ဘောလုံးကို ချစ်မြတ်နိုး စိတ်ဖြင့် မိမိတို့ ကြိုးပမ်း ခဲ့ခြင်းကြောင့် တိုးတက်မှု အချို့ ရှိခဲ့ပါကြောင်း၊ အခြေခံ အဆောက်အဦ လိုအပ်ချက်များ အပြင် နည်းပြဆရာ ကောင်းများ၊ ဒိုင်လူကြီး ကောင်းများ၊ လူငယ် ဘောလုံးဖွံ့ဖြိုးရေး အတွက် ဘောလုံး အကယ်ဒမီများ ပိုမိုဖွံ့ဖြိုးရန် ဖီဖာမှ နည်းပညာ အကူအညီများ ယခုထက် ပိုမိုရရှိရန် လိုအပ်ကြောင်း၊ မိမိတို့ အနေဖြင့် အမျိုးသား၊ အမျိုးသမီး လက်ရွေးစင် အသင်းများ၊ လူငယ် ဘောလုံး အသင်းများ၊ လူငယ် ဘောလုံး ဖွံ့ဖြိုးရေး လုပ်ငန်းများ အစွမ်းကုန် ကြိုးပမ်းနေသလို ဖူဆယ်နှင့် သဲသောင်ပြင် ဘောလုံး ဖွံ့ဖြိုးရေး ကိုလည်း တပြိုင်နက် ဆောင်ရွက်နေ ပါကြောင်း၊ ထိုသို့ ဆောင်ရွက် နေမှုများ လျင်မြန်စွာ အောင်မြင်မှု ရရှိရန် နိုင်ငံတကာ ဘောလုံး အဖွဲ့အစည်း များ၏ အကူအညီ များစွာ လိုအပ်ပါကြောင်း၊ ဖီဖာမှ ယခုကဲ့သို့ အသိအမှတ် ပြုစွာဖြင့် လာရောက် ဆွေးနွေးမှု အပေါ်ကိုလည်း အထူးကျေးဇူး တင်ပါကြောင်း ဦးဇော်ဇော်က အဆိုပါ ကိုယ်စားလှယ် အဖွဲ့အား ပြောကြား သွားခဲ့သည်" ဟု ဖော်ပြ ပါရှိခဲ့သည်။

အခြားဘောလုံး ဖွံ့ဖြိုးဆဲ တိုင်းပြည်များကို အမီလိုက်နိုင်ရန် ဖီဖာနှင့် နိုင်ငံတကာမှ နည်းပညာနှင့် ပံ့ပိုးကူညီမှုများ မဖြစ်မနေ လိုအပ်ပါကြောင်း၊ ဥရောပ နိုင်ငံကြီးများ၏ စီးပွါးရေး ပိတ်ဆို့မှု (Sanction) ကြောင့် မိမိတို့ MFF မှာလည်း ဖီဖာနှင့် AFC မှ ပံ့ပိုး ထောက်ပံ့ငွေများကို တစ်နှစ်ကျော်ခန့် လွဲပြောင်း ရယူနိုင်ခြင်း မရှိသဖြင့် များစွာ အခက်အခဲ ကြုံတွေ့ ခဲ့ရကြောင်း...ဖီဖာ ကိုယ်စားလှယ် အဖွဲ့ဘက်မှလည်း ပြောကြားခဲ့သည် များနှင့် ပတ်သက်၍မူ "MFF ဥက္ကဋ္ဌနှင့် တွေ့ဆုံရာတွင် လက်ရှိ မြန်မာ့ ဘောလုံးလောက တိုးတက် ပြောင်းလဲမှု ဖြစ်စဉ်များကို မြင်တွေ့ရ၍ အသိအမှတ်ပြု ချီးကျုးပါကြောင်း၊ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ကျန်ရှိနေသေး သော်လည်း လက်ရှိ ပရော်ဖက်ရှင်နယ် ဘောလုံးလောက အခြေအနေမှာ အခြားသော နိုင်ငံများနှင့် နှိုင်းယှဉ်လျင် သိသိသာသာ တိုးတက် အောင်မြင် နေသည်ဟု ဆိုနိုင်ပါကြောင်း၊ MFF မှ ဆောင်ရွက်မည့် ရေရှည် စီမံကိန်းများ ကိုလည်း သိရှိရ၍ မိမိတို့ ဖီဖာမှ ပံ့ပိုးမည့် အခြေအနေ များကိုလည်း ဆက်လက် ပြောကြားသွားမှာ ဖြစ်ကြောင်း၊ ဖီဖာ ဥက္ကဋ္ဌ ဆပ်ဘလတ္တာ ကလည်း မြန်မာ့ဘောလုံး လောက လျင်မြန်စွာ ပြောင်းလဲ ဖြစ်ပေါ်မှုနှင့် ကြိုးပမ်း ဆောင်ရွက်နေမှု များကိုလည်း ချီးကျူးစကား ပြောကြား လိုက်ပါကြောင်း၊ MFF အနေဖြင့် ရေရှည် စီမံကိန်းများ ချမှတ်ရာတွင် အခြေခံ အဆောက်အဦ အားနည်းမှုကြောင့် ပြည်ပနိုင်ငံ များနှင့် နိုင်ငံတကာ ဘောလုံး အဖွဲ့အစည်း များမှ နည်းပညာနှင့် ကူညီပံ့ပိုးမှုများ လိုအပ်မည်ဟု သဘောပေါက် နားလည်ပါကြောင်း၊ ယင်းအတွက် ဖီဖာ အနေဖြင့် ဆက်လက် ပံ့ပိုးကူညီရန် စီစဉ်သွားမည် ဖြစ်ကြောင်း ထည့်သွင်း ဆွေးနွေး ပြောကြား သွားခဲ့သည်" ဟု ဖော်ပြခဲ့သည်။

0 ဝေဖန်ချက်များ:

Post a Comment