Tuesday, February 14, 2012

FIREWALL ဆိုသည်မှာ - အပိုင်း ၂

 
 
ပထမ ကျနော် .. FIREWALL ဆိုတာ ဘာလဲဆိုတဲ့ သဘောတရားလေးကိုတော့ ရှင်းပြ ပြီးသွားပါပြီ .. အခု Hardware Based Firewall အကြောင်းကို သိသလောက် ထပ်ပြောသွားပါမယ် ..  Hardware Based Firewall တွေမှာတော့ Firewall တစ်လုံးမှာ ရှိသင့်တဲ့ Ports တွေနဲ့ Built-In Firewall Operating System တစ်ခု ပါဝင်ဖွဲ့စည်းထားတဲ့ Special Computer တစ်လုံးအနေနဲ့တွေ့မြင်နိုင်ပါတယ် .. ဒါပေမဲ့ ကွန်ပျူတာ တစ်လုံး လိုတော့ လုပ်ဆောင်မှုအားလုံးကို လုပ်ဆောင်ပေးနိုင်မှာ မဟုတ်ပါဘူး .. Firewall OS သာ ပါဝင်တဲ့ ကွန်ပျူ တာ တစ်လုံးလို ဖြစ်နေတဲ့ အတွက် Security ပိုင်းနဲ့ ပတ်သတ်တဲ့ Firewall စနစ်တစ်ခုကိုသာ လုပ်ဆောင် ပေးနိုင်မှာ ဖြစ်ပါတယ် .. ဥပမာ ကျနော်တို့ Built-In Router OS တစ်လုံးလိုပဲဖြစ်ပါတယ် .. OS စနစ်ပါဝင်ပေမဲ့ Routing နဲ့ ပတ်သတ်တဲ့ စနစ်နဲ့ လုပ်ဆောင်မှုတွေကိုသာ လုပ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ် .. Hardware Based Firewall တွေကို Enterprises Level Company တွေ အပြင် ISP (Internet Service Provider) တွေမှာသာ အသုံးများပါတယ် .. သာမာန် Company တွေကတော့ Software Based Firewall တွေ ကိုသာ အသုံးများပါတယ် ...
 
Software Based Firewall တွေကိုတော့ မိမိ နှစ်သက်ရာ Performance ကောင်းမွန်တဲ့ ကွန်ပျူတာ တစ်လုံးမှာ Install လုပ်ပေးထားလိုက်ရုံပါပဲ ... Performance ကောင်းတဲ့ ကွန်ပျူတာ လိုအပ်တယ်ဆိုတဲ့ အပိုင်းမှာ Security ပိုင်းနဲ့ ပတ်သတ်တဲ့ Processing တွေကို မြန်မြန်ဆန်ဆန် လုပ်ဆောင်ပေးနိုင်ဖို့အတွက် ဖြစ်ပါတယ် .. ကွန်ပျူ တာ ကနေဖြစ်စေ .. GUI (Graphical User Interface) ကနေဖြစ်စေ .. အစရှိသဖြင့် Firewall Setting တွေကို မိမိ လိုသလို Configure ပြုလုပ်ပေးနိုင်ပါတယ် .. Software Based Firewall ကတော့ ဈေးနှုန်းများစွာ သက်သာ မှု အပြင် နည်းပညာ ရှုပ်ထွေးမှုမှာလဲ Hardware Based Firewall ထက်နည်းပါးပါတယ် ...

WRITTEN BY MOHPHA

0 ဝေဖန်ချက်များ:

Post a Comment