Friday, February 17, 2012

SE-ME-WE 4 အတွက် ဘင်္ဂလားဒေရှ့်နှင့် ယခုနှစ်တွင် ချိတ်ဆက်မည် ...

SE-ME-WE 4


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် ပြည်တွင်းအင်တာနက် ဆက်သွယ်မှုများအတွက် ရေအောက် Fiber Cable ဆက်ကြောင်း အသစ်ဖြစ်သော .. SE-ME-WE 4 ကို ဘင်္ဂလားဒေရှ့်နိုင်ငံနှင့်  ယခုနှစ်အတွင်း ချိတ် ဆက်သွယ်တန်းသွားမည်ဖြစ်ကြောင်း သတင်းအချက်အလက်နှင့် နည်းပညာ ဌာနမှ အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက  ပြောကြားလိုက်ပါတယ် ..

ပြည်တွင်းအင်တာနက်ဝန်ဆောင်မှု လုပ်ငန်းများနှင့် ဆက်သွယ်မှု လုပ်ငန်းများမြန်ဆန် တိုးတက်လာစေရန် အတွက် ယခုကဲ့သို့ ရေအောက် Fiber ဆက်ကြောင်းအသစ်ကိုတိုးချဲ့ ဆက်သွယ်ရန် စီစဉ်နေရခြင်းဖြစ် ကြောင်း ယင်းက ဆက်လက်ပြောကြားပါတယ် .. SE-ME-WE 4 ကိုဆက်သွယ်ရာတွင် အတိုဆုံးလမ်းကြောင်းဖြစ်သော လမ်းကို ချိတ်ဆက်သွယ်တန်းသွားမည်ဟု သိရှိရပါတယ် .. 

ယခင် SE-ME-WE 3 လမ်းကြောင်းကို ဖျာပုံမြို့မှ သွယ်တန်းထားပြီး .. ယခု SE-ME-WE 4 ကို မူ ရခိုင်ပြည် နယ် .. ဘူးသီးတောင် မောင်တော ဘက်မှတဆင့် ဘင်္ဂလားဒေရှ့် နိုင်ငံသို့သွယ်တန်းသွားမည်ဟု အထက်ပါ ပုဂ္ဂိုလ်က ဆိုပါတယ် .. 

ယခင်က တရုတ်နိုင်ငံမှ ပြုလုပ်မည့် SE-ME-WE 5 ကိုသွယ်တန်းမည်ဟုဆိုသော်လည်း စီမံကိန်းကာလ ကြာ မြင့်နိုင်မည်ဖြစ်သောကြောင့် လက်ရှိ သွယ်တန်းထားပြီးဖြစ်သော SE-ME-WE 4   ကိုသာ ဦးစားပေး အနေဖြင့် သွယ်တန်းသွားမည်ဖြစ်တယ်လို့ သိရပါတယ် ...

0 ဝေဖန်ချက်များ:

Post a Comment