Tuesday, February 14, 2012

အာရပ် အဖွဲ့ ချုပ် က ဆီးရီးယား မှာ ငြိမ်းချမ်းရေး ထိမ်းသိမ်းရေး တပ်ဖွဲ့  ချထား ဖို့  ကုလ ကို တောင်းဆို

Arab League


 ပြည်တွင်းစစ် အခြေအနေမျိုး ရှိနေပြီး၊ အစိုးရ လုံခြုံရေး တပ်ဖွဲ့ တွေ ရဲ့အပြင်းအထန် နှိပ်ကွပ်မှု ကို ခံနေ ရတဲ့ ဆီးရီးယား ပြည်သူတွေကို အကာအကွယ်ပေးဖို့ အာရပ် အဖွဲ့ချုပ်က UN ကိုတောင်းဆို လိုက်ပါတယ် ..

အဖွဲ့ဝင် ၂၂ နိုင်ငံ ပါရှိတဲ့ အာရပ် အဖွဲ့ချုပ်ရဲ့ ကိုင်ရိုမြို့မှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ အာရပ် အဖွဲ့ချုပ်ဝင် နိုင်ငံတွေက သံတမန်တွေကို ဒမ္မစကတ် ကနေ ပြန်ခေါ်ဖို့နဲ့ UN နဲ့ပေါင်းပြီး ငြိမ်းချမ်းရေး ထိန်း သိမ်းရေး တပ်ဖွဲ့တွေကို အမြန်ဆုံးချထား နိုင်ဖို့ တွေကို ဆွေးနွေးခဲ့ ကြပါတယ် ...


အာရပ် အဖွဲ့ချုပ်ရဲ့ ဆော်ဒီ သံအမတ်က " ဆီးရီးယားက ကျနော်တို့ ညီအစ်ကိုတော်တွေ အခုလို သေနေ တာ ကို လက်ပိုက် မကြည့်နိုင်ဘူး၊ ဆီးရီးယား အစိုးရ တည်မြဲဖို့ အာမခံချက် ပေးထားတဲ့ သူတွေကို လည်း ကန့်ကွက်တယ်" ဟု ပြောဆိုခဲ့သည် ..


 

ဒီတစ်ပတ် အတွင်းမှာပဲ အတိုက်အခံတွေ အင်အားကောင်းတဲ့ ဟွမ်နဲ့ ဟာမား စတဲ့ ဆီးရီးယား မြို့တွေမှ တင့် ကားတွေ၊ လက်နက်ကြီးတင် လေယာဉ်တွေ သုံးပြီး တိုက်ခိုက်ခဲ့တယ်လို့ ဆီးရီးယား က လာတဲ့ နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြထားပါတယ် ...

၁၁ လ ကြာပြီ ဖြစ်တဲ့ ဆီးရီးယန်း ပြည်သူတွေ ရဲ့ အုံကြွမှု ကို သမ္မတ ဘာရှား အယ် (လ) အာ ဆတ် က ရက် ရက်စက်စက် နှိပ်ကွပ်ခဲ့လို့ သေဆုံးသူ ၇၀၀၀ ကျော် ရှိလာပြီလို့ UN က တရားဝင် သတင်းထုတ်ပြန်ထား ပါတယ် ....

လက်ရှိ အယ် (လ) ကာယီးဒါး ခေါင်းဆောင်ဖြစ်တဲ့ ဒေါက်တာ အေမန် အယ်(လ) ဇ၀ါဟီရီ ကတော့ ဆီးရီး ယား ပြည်သူလူထု အုံကြွမှုကို ထောက်ခံထားပြီး၊ အနောက်နိုင်ငံတွေရဲ့ အကူအညီ မပါဘဲ လွတ်မြောက် ရေးကို ရအောင်ယူကြဖို့ သူ့ရဲ့ VIDEO Message မှာ တိုက်တွန်းထားပါတယ် ... 

မနေ့က ဆီးရီးယား စစ်တပ်က အဆင့်မြင့် အရာရှိ တစ်ဦး ဟာ သူ့ရဲ့ ဒမ္မစကတ်နေအိမ်မှာ သေနတ် သမား တွေရဲ့ လုပ်ကြံခြင်းကို ခံလိုက်ရပြီးနောက်မှာတော့ ဆီးရီးယား နိုင်ငံမှာ ပိုပြီးတော့ မငြိမ် မသက် မှုတွေ ပိုများလာပါတယ် ....

@FNG

0 ဝေဖန်ချက်များ:

Post a Comment