Sunday, February 12, 2012

ဒေါ်အောင်ဆန်းစုကြည်ကို ကန့်ကွက်မှု ခရိုင်ကော်မရှင် ပယ်ချ

ဖေဖော်ဝါရီ ၆ ရက်နေ့က ရန်ကုန် တောင်ပိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ-ဧရာဝတီ)
ဒေါ်အောင်ဆန်းစု ကြည်ကို ကိုယ်စားလှယ်လောင်း အရည်အချင်းနှင့်ကိုက်ညီမှုမရှိဟုဆိုကာ ကန့်ကွက်ခဲ့သည့်ယှဉ်ပြိုင်အရွေး ခံမည့် ဦးတင်ရီ၏ ကန့်ကွက်လွှာအား တောင်ပိုင်းခရိုင် ကော်မရှင်ရုံးက ဇန်နဝါရီ(၁၁)ရက်နေ့က ပယ်ချလိုက် ကြောင်း ကန့်ကွက်ခဲ့ သည့် ကိုယ်စားလှယ်လောင်း ဦးတင်ရီထံမှ သိရသည်။

ထိုသို့ ခရိုင်ကော်မရှင်အဖွဲ့ခွဲက ကန့်ကွက်လွှာအား ပယ်ချ လိုက်သည့်အပေါ် တိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲသို့ ဇန်နဝါရီလ ဒုတိယပတ်တွင် အယူခံတင်သွားမည်ဖြစ်ကြောင်း ကန့်ကွက်လွှာ ပယ်ချခြင်း ခံခဲ့ရသည့် ကိုယ်စားလှယ်လောင်း ဦးတင်ရီကဆိုသည်။






''ဒီနေ့ခရိုင်ကော်မရှင် အဖွဲ့ခွဲကပယ်လိုက်တယ်။ ဒါကြောင့် နောက်တစ်ပတ်ထဲမှာ တိုင်းကော်မရှင်ကို အယူခံဆက်ဝင်မယ်။ တိုင်းကော်မရှင်က ပယ်ရင်၊ ဗဟိုကို တက်မယ်။ ဗဟိုက ပယ်ရင် လွှတ်တော်တင်မယ်။ ကျွန်တော့်က အခြေခံဥပဒေနဲ့ ရွေးကောက်ပွဲ ဥပဒေတွေအရ ကန့်ကွက်ခဲ့တယ် ။ မကိုက်ညီတာတွေကို တင်ပြကန့်ကွက်ခဲ့တယ်။ ဒေါ်အောင် ဆန်းစုကြည်ဘက်ကလည်း ပြန်ပြီး ဖြေရှင်းတာ ကျွန်တော်တို့ဘက်က မပြည့်စုံဘူးဆိုပြီးလေ။ ခရိုင်ကတော့ ပယ်လိုက်တယ်'' ဟု ညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီမှ ကော့မှူးမြို့နယ်တွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဦးတင်ရီက ဆိုသည်။

''ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အနေနဲ့တော့ ပြည် သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ၊ နည်းဥပဒေမှာ ပါတဲ့ အတိုင်းပဲ လွတ်လပ်စွာပဲ ဆုံးဖြတ်ခဲ့တယ်။ နောက် တည်ဆဲဥပဒေတွေကိုလည်း ကိုးကားပြီး စိစစ်ပေးခဲ့တယ်။ လက်ခံသင့်တာ လက်ခံ၊ ပယ်သင့်တာပဲ ခဲ့တယ်။ ကျွန် တော်တို့အနေနဲ့ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲနည်း ဥပဒေအပိုဒ်-၂၈(က)အရ ဆောင်ရွက်ခဲ့ပါတယ်'' ဟု တောင်ပိုင်းခရိုင် ကော်မရှင်အဖွဲ့ ခွဲမှ တာဝန်ရှိသူက ဆိုသည်။

ကော့မှူးမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဒေါ် အောင်ဆန်းစုကြည်အား အဆိုပါမဲ ဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေး ပါတီမှ ဦးတင်ရီမှ ကိုယ်စားလှယ်လောင်း အရည်အချင်းနှင့် ညီညွှတ်မှု မရှိကြောင်း ဇန်နဝါရီ(၆)ရက်နေ့ကတောင်ပိုင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ သို့ကန့်ကွက်လွှာ တင်သွင်းခဲ့ကြောင်း သိရသည်။အဆိုပါကန့်ကွက်လွှာအားတောင်ပိုင်းခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှပြည်သူ့လွှတ်တော်ဥပဒေ၊ နည်းဥပဒေများနှင့်တည်ဆဲဥပဒေ ဖြစ်သော စကားရပ် များအား အစားထိုးခြင်းဥပဒေ (၁၉၇၃)စသည့်ဥပဒေများကိုအခြေခံကာ စိစစ် သုံးသပ် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ကန့်ကွက်မှုတွင် ကန့်ကွက်ခြင်း ခံခဲ့ရသည့် ကိုယ်စားလှယ်လောင်းကလည်း ဇန်နဝါရီ(၉)ရက်နေ့က ချေပလွှာ ပြန်လည် တင်သွင်းခဲ့ကြောင်း သိရသည်။

ထုကန့်ကွက်လွှာ၊ ချေပလွှာများကို ခရိုင်ကော်မရှင် အဖွဲ့ခွဲက သုံးကြိမ်တိုင် သေချာစိစစ်ကာ ဆုံးဖြတ်ခဲ့ ကြောင်း သိရသည်။

အဆိုပါ ကန့်ကွက်လွှာတွင် မြန်မာ နိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ-၁၂၁၊ ပုဒ်မခွဲ(င)၊ (စ)၊ (ဆ) အရ လည်းကောင်း၊ ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ-၁၀၊ ပုဒ်မခွဲ(စ)၊ (ဆ)၊ (ဇ)၊ (ဍ) အရ လည်းကောင်း၊ ၂၀၁ဝပြည့်နှစ် နိုင်ငံရေးပါ တီမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ-၄၊ ပုဒ်ခွဲ(စ)၊ ပုဒ်မ-၁၀၊ ပုဒ်ခွဲ(စ)အရ ညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ ကိုယ်စားလှယ်လောင်းဦးတင်ရီက ကန့်ကွက်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က မြန်မာတစ် ပြည်လုံးရှိ လစ်လပ်(၄၈)နေရာတွင် ဝင်ရောက် ယှဉ်ပြိုင် အရွေးခြယ်ခံ ကြမည့် ကိုယ်စား လှယ်လောင်းများ၏ အမည် စာရင်းကို မကြာမီ ထုတ်ပြန် ကြေညာတော့မည် ဖြစ်သည်။

ကော့မှူးမြို့နယ်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီမှ ဒေါ်အောင်ဆန်းစုကြည်၊ ညီညွှတ်ရေးနှင့်ငြိမ်း ချမ်း ရေးပါတီမှ ဦးတင်ရီနှင့် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ ဒေါက်တာဦးစိုး မင်းတို့က ဝင်ရောက် ယှဉ် ပြိုင်ကြမည် ဖြစ်သည်။

ညွှန်း - http://www.yangonmedia.com/news/2012/02/nld-political-party-and-peace-and-unity-party-commission-dismiss တွင်
ဝေမာသိမ့် ရေးသည့် သတင်း

0 ဝေဖန်ချက်များ:

Post a Comment