Wednesday, February 22, 2012

ဘယ်လိုကြီးလဲ .. ဟ

CREDIT TO 7DAY NEWS

အောက်ပါ အနီတားထားတာလေးတွေကို ကြည့်ပါဗျာ ...

ရန်ကင်း၊ ကမ္ဘာအေးဘုးရားလမ်း ၁၀၆ မှတ်တိုင် အနီးတွင် အငှားယာဉ် Taxi တစ်စီး အရှိန်လွန်ကာ ဓာတ်တိုင် ၀င်တိုက်မိပြီး ယာဉ်မောင်းသေဆုံးသွားကြောင်း ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့မှုးရုံးမှ သတင်းရရှိ သည် ..

ဖေဖော်ဝါရီ ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် ရန်ကုန်မှ ကမ္ဘာအေးလမ်း အတိုင်းမောင်းနှင်လာသော ပ/၉၁၈၂ TAXI သည် .. အရှိန်လွန်ပြီး ညာဘက်ဓာတ်တိုင်ကို ၀င်တိုက်မိသောကြောင့် ယာဉ်ထက်ပိုင်းပြတ်ပြီး ယာဉ် မောင်းဖြစ်သူ မှာ ပြင်းထန်စွာ ဒဏ်ရာရရှိပြီး နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားကြောင်းသိရှိရသည် ...

ထိုယာဉ်ပေါ်တွင်လိုက်ပါလာသည့် အမျိုးသမီး နှစ်ဦးမှာ ဒဏ်ရာများရရှိပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး သို့ တင်ပို့ထားသည် .. တရားခံယာဉ်မောင်းအား  (ပ) ၆၉/ ၁၂ ပုဒ်မ ၃၀၄ - (က)/ ၃၃၈ ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သိရှိရသည် ..



0 ဝေဖန်ချက်များ:

Post a Comment