Thursday, February 23, 2012

၂ သိန်းတန် GSM များ March လဆန်းတွင်ချထားပေးမည် ...

CREDIT TO 7DAY NEWS


 
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပုဂ္ဂလိကကုမ္ပဏီများပူေးပါင်းဆောင်ရွက်နေသော ကျပ် ၂ သိန်းတန် GSM ဖုန်းများကို မတ်လဆန်းအတွင်း ချပေးသွားတော့မည်ဖြစ်ကြောင်းသတင်းရရှိသည်။

အစိုးရမှ ကျပ်နှစ်သိန်းတိတိဖြင့်ချထားပေးမည့် အဆိုပါဖုန်းများကို တစ်ဆင့်ပြန်လည်ရောင်းချပေးမည့် ကုမ္ပဏီ များဘက်ကလည်း သတ်မှတ်ဈေးနှုန်းထက်လုံးဝမပိုပဲ ရောင်းချပေးသွားမည်ဟု E-Lite Tech ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးဖြစ်သောကိုမင်းသက်ပိုင်ကပြောသည်။

“အစိုးရက သတ်မှတ်နှုန်းအတိုင်း အတိအကျကိုရောင်းပေးမှာပါ။ ကိုယ်ကြိုက်တဲ့နံပါတ်တွေရွေး လို့ရတယ်မရဘူးဆိုတာက ဒီတစ်ခါတော့ ဆက်သွယ်ရေးကကန့် သတ်မယ်လို့သိရပါတယ်။ ကိုယ်ကြိုက်တဲ့ နံပါတ်ကို အရင်တစ်ကြိမ်တွေလို စိတ်ကြိုက်ရွေးလို့ရ ချင်မှရမယ်။ ဒါပေမဲ့ ဈေးကအစိုးရဈေးအတိုင်းပဲ” ဟု အထက်ပါ ပုဂ္ဂိုလ်ကပြောသည်။ ကျပ်နှစ်သိန်းတန်ဖုန်း ရောင်းချပေးမည့် အစီအစဉ်မှာ ဆက်သွယ်ရေး ၏ငါးနှစ်အတွင်း ဖုန်းလိုင်းအရေအတွက်သန်း ၃၀ ချထားပေးမည့် စီမံကိန်း၏ ပထမဦးဆုံးအသုတ်ဖြစ်ပြီး၊ယင်းအသုတ်တွင်ဖုန်းအလုံးရေ တစ်သန်းကျော်ချထားပေးမည်ဖြစ်ကြောင်းဆက်သွယ်ရေးက သတင်းထုတ် ပြန်ထားသည်။

0 ဝေဖန်ချက်များ:

Post a Comment