Saturday, February 25, 2012

YAHOO Messenger ကို အကောင့်နှစ်ခုဖွင့်ပြီးသုံးမယ် ..

WRITTEN BY © MOHPHA


ကျနော်တို့ Gtalk မှာဆိုရင် အကောင့်တွေ အများကြီးရှိတဲ့ သူတွေဆိုရင် စက်တစ်လုံးထဲမှာ Gtalk Application ကို နှစ်ခု၊ သုံးခုဖွင့်ပြီး အသုံးပြုကြပါတယ် .. nomutex ဆိုတာလေးကို ထပ်ဖြည့်လိုက်ရုံနဲ့ သုံး လို့ရပါတယ် ..


အခု ကျနော်တို့ Gtalk မဟုတ်ပဲ Yahoo Account ရှိပြီး Yahoo Messenger အသုံးပြုနေတဲ့ သူတွေ အတွက် Trick လေးတစ်ခုပါ .. ပုံမှန်ဆိုရင် Yahoo Messenger ဟာ တစ်ချိန်တည်းမှာ အကောင့် တစ်ခု တည်း အသုံးပြုလို့ရတာဖြစ်ပါတယ် .. အကောင့် အများကြီးသုံးချင်ရင်တော့ Gtalk လို nomutex ဆိုတဲ့ စာလေး Shortcut မှာထပ်ဖြည့်လိုက်ရုံနဲ့ မပြီးပါဘူး .. Windows ရဲ့ Registry ထဲမှာ သွားရောက်ပြုပြင်ရ မှာဖြစ်ပါတယ် ...



1. Start >> RUN ကိုသွားပါ
2. Regedit လို့ရိုက်ထည့်ပါ .. အဲဒါဆိုရင် Registry Editor ပွင့်လာပါမယ် ...
3. HKEY_CURRENT_USER >>SOFTWARE >> YAHOO >> PAGER >> TEST အထိရောက်အောင် သွားပါ ...
4. TEST ဆိုတဲ့ Folder တွေ့ရင် Right Click >> New >> DWORD Value ကိုရွေးပြီး နာမည်ကိုတော့ Plural ဆိုပြီးပေးလိုက်ပါ ....


new dm value


5. ပြီးရင် Plural ဆိုတဲ့ Folder ကို Right Click နှိပ်ပြီး Modify ကိုရွေးပါ ..
Value Dat : 1
Base : Decimal ဆိုပြီးထားပေးပါ ... အဲဒါဆိုရင် မိမိ ကွန်ပျူတာမှာ Yahoo Messenger ကို အကောင့် နှစ်ခုနဲ့ တစ်ပြိုင်တည်း အသုံးပြုနိုင်ပါပြီ ..

edit dword value

0 ဝေဖန်ချက်များ:

Post a Comment