Saturday, February 25, 2012

FIREWALL ဆိုသည်မှာ - အပိုင်း (၅)

WRITTEN BY  © MOHPHA

HOW TO WORK FIREWALL ...


Firewall တွေအနေနဲ့ ကန့်သတ်ချက်တွေ ပြုလုပ်နိုင်ဖို့ အတွက်သူတို့ဆီမှာ မတူညီတဲ့ အခြေအနေ Criteria တွေကို သတ်မှတ်ရပါတယ် ... ထို မတူညီတဲ့ Criteria တွေသည် လည်းမတူညီတဲ့ Network Model တွေကို အသုံးပြုထားပါတယ် ... Network Model တွေဟာ  .. Layer 3 မှာ အလုပ်လုပ်တာ ဖြစ်ပါတယ် .. Layer 3 ဆိုတာကတော့ OSI Model မှာတော့ Network Layer ဖြစ်ပြီး TCP/ IP Model မှာ တော့ Internet Protocol Layer ဖြစ်ပါတယ် .. Layer 3 မှာသာ အလုပ်လုပ်တဲ့ အတွက် Firewall တွေ သည် Data Packet တွေကို သာမာန်ထက်ပိုပြီး စစ်ဆေးလို့မရပါဘူး ..နောက်ပြီးတော့ Packet တစ်ခုနဲ့ တစ်ခု ဘယ်လို ပတ်သတ်လဲဆိုတာကိုလဲ စစ်ဆေးလို့မရပါဘူး ... Transport Layer မှာ အလုပ်လုပ်နိုင်တဲ့ Firewall ကတော့ Packet တွေကို ပိုမိုစစ်ဆေးလို့ရနိုင်ပါတယ် .. ဒါကြောင့် ပိုမို ရှုပ်ထွေးတဲ့ Criteria များ နဲ့ စစ်ဆေးပြီး Internal Network ထဲကို ၀င်ခွင့်ပြုမပြုဆိုတာကို သတ်မှတ်ပေးနိုင်ပါတယ် ..


Application Layer မှာ အလုပ်လုပ်တဲ့ Firewall ကတော့ ပိုမိုတဲ့ စစ်ဆေးခွင့်တွေကို ရရှိပါတယ် .. အဆင့် အဆင့်တက်လာခဲ့တဲ့ Layer တွေကို စစ်ဆေးပြီး Packet တစ်ခု ဘယ်ကိုသွားမယ် ဆိုတာ မူတည်ပြီး ပေးချင်တဲ့ လုပ်ပိုင်ခွင့်ကို ပေးနိုင်ပါတယ် ... Firewall တွေဟာ Networking Model တွေမှာ အပေါ်ပိုင်း Layer ကို ရောက်လာလေ .. Packet တွေကို ပိုမိုထိန်းချုပ်နိုင်လေဖြစ်ပါတယ် ...

Types of Firewall

  1. Packet Filters
  2. Application Filters of Application Level Gateways
  3. Stateful Multilayer Inspection Firewall


Packet Filters

Firewall ရဲ့ ပထမမျိုးဆက်ဖြစ်ပါတယ် .. Packet Filter ဟာ အင်တာနက်ပေါ်က ကွန်ပျူတာတွေ တစ်ခုနဲ့ တစ်ခုကြား Transfer ပြုလုပ်နေတဲ့ Data တွေရဲ့ အခြေခံ Unit Packet တွေကို စစ်ဆေးတာဖြစ်ပါတယ် .. Packet တစ်ခုဟာ သတ်မှတ်ထားတဲ့ Rules တွေနဲ့ ညီခဲ့တယ်ဆိုရင် Packet Filter သည် အဆိုပါ Packet ကို ဖယ်ထုတ်လိုက်ပါတယ် .. သို့မဟုတ် ဖျက်ဆီးလိုက်ပါတယ် .. ပြီးရင်တော့ အဆိုပါ Packet ထွက်ရှိလာ ခဲ့တဲ့ ပေးပို့သူ(မူလနေရာ) ဆီကို Error Message တစ်ခုပြန်လည်ပေးပို့ပါတယ် .. အခုနောက်ပိုင်းမှာတော့ Packet Filters တွေကို မသုံးကြတော့ပါဘူး .. TCP, UDP Traffic တွေရဲ့ Traffic Information ကို Attention မပေးနိုင်တဲ့ Packet Filters ကို မသုံးကြတော့တာဖြစ်ပါတယ် ...

Application Filters or Application Level Gateways

Application and Protocol တစ်ခုချင်းကို နားလည်ခွဲခြားပေးနိုင်တဲ့ Firewall Layer ဖြစ်ပါတယ် .. FTP, Web Browsing, DNS စတာတွေကို ခွဲခြားပေးနိုင်ပါတယ် .. မလိုအပ်တဲ့ Protocol တွေနဲ့ အလွဲသုံးစားပြု ဖို့အတွက် ၀င်ရောက်လာတဲ့ Protocol တွေကိုတားဆီးပေးနိုင်ခြင်း၊ User တွေရဲ့ login နဲ့ ပတ်သတ်နေ တဲ့ Activity တွေကို LOG လုပ်ထားနိုင်ခြင်းကြောင့် High Level Security ကို လုပ်ပေးနိုင်တယ်လို့ပြောလို့ ရပါတယ် ...

Stateful Multilayer Inspection Firewall

Stateful Multilayer Inspection Firewall ဆိုတာ အရင် Firewall တွေကို ပေါင်းစပ်ထားတဲ့စနစ်တစ်ခု ဖြစ်ပါတယ် ... Network Layer မှာ Packet တွေကို Filtering ပြုလုပ်ပေးနိုင်ပါတယ် .. Session အတွင်းက Packets တွေရဲ့ Contents တွေကို တွက်ချက်ခြင်းကိုတော့ Application Layer မှာ ပြုလုပ်ပေးနိုင်ပါ တယ် .. Layer သုံးခုလုံးမှာ အလုပ်လုပ်ပေးနိုင်တဲ့အတွက် Multilayer Firewall လို့ ခေါ်ဆိုနိုင်တာဖြစ်ပါ တယ် ....

0 ဝေဖန်ချက်များ:

Post a Comment