Wednesday, February 22, 2012

iPhone Jailbreak ပြုလုပ်ပုံအဆင့်ဆင့်

WRITTEN BY MOHPHA

ကျနော် အရှေ့မှာ iPhone တွေကို Jailbreak ဘာကြောင့်ပြုလုပ်ရသလဲဆိုတာကို ရှင်းပြခဲ့ပြီးပါပြီ .. အခု Jailbreak ဘယ်လို လုပ်သလဲဆိုတာကို ရေးပါမယ် .. Jailbreak ပြုလုပ်ပုံ အမျိုးမျိုးရှိတဲ့ အထဲက အလွယ် ဆုံးဖြစ်တဲ့ RedSn0W Application ကို Windows OS မှာ သုံးပြီး Jailbreak ပြုလုပ်ပုံကို အဆင့်ဆင့် အောက်ပါ ပုံတွေနဲ့ ရှယ်လိုက်ပါတယ် ..

Step-1: ပထမဆုံး RedSn0w 0.9,9b6 (windows version) ကို iJailbreak Downloads Section မှာ ဒေါင်းကြည့်ပါ .. မရရင် RedSn0w 0.9.9b6 (Windows) လင့်မှာဒေါင်းလိုက်ပါ ..

Step-2: ဒေါင်းပြီးသွားရင် RedSn0w exe file ကို Run ပေးပါ .. တစ်ချို့ Virus Scan အမျိုးအစားတွေမှာ တော့ ခဏ Disable လုပ်ပေးထားရပါလိမ့်မယ် ..

Step-3: RedSn0w ကို run မလုပ်ရသေးခင်မှာတော့ Jailbreak ပြုလုပ်မဲ့ iPhone ကို Data Cable နဲ့ မိမိ ကွန်ပျူတာကိုချိတ်ထားရပါမယ် ... ချိတ်ပြီးရင်တော့ RedSn0w ကို run လိုက်ပါ .. အောက်ပါပုံ အတိုင်း Jailbreak Button ကို နှိပ်ပါ ..
Step-4: Jailbreak ပြုလုပ်လိုတဲ့ iPhone ကို DFU Mode အရင်ပြောင်းဖို့အတွက် Screen တစ်ခု တက်လာ ပါလိမ့်မယ် .. Next ကိုသာနှိပ်ပေးပါ .. အဲဒါပြီးရင်တော့ လက်မြန်ဖို့လိုအပ်ပါလိမ့်မယ် ..



Step-5: အောက်ပါ အဆင့်အတိုင်း မိမိ iPhone Button ကိုတွေ နှိပ်သွားပေးမယ်ဆိုရင် ဖုန်းက အလိုလို DFU Mode အဖြစ်ကို ရောက်ရှိသွားပါမယ် .. ပါဝါပိတ်သွားရင် ဘာမှ စိတ်မပူပါနဲ့ DFU Mode ကို ရောက်ရှိ သွားတာဖြစ်ပါတယ် ..

  • ဖုန်းရဲ့ ပါဝါ အပိတ်အဖွင့် ခလုတ်ကို ၅ စက္ကန့်နှိပ်ထားပါ .. မလွှတ်ပါနဲ့ ..
  • ၅ စက္ကန့်ပြည့်ခဲ့လျှင် ပါဝါ ခလုတ်ကိုမလွှတ်ပဲ iPhone ရဲ့ Home Button (အလယ်) ကိုပါ ၁၀ စက္ကန့် တွဲလျှက် နှိပ်ပါ .
  • ၁၀ စက္ကန့်ပြည့်ပြီဆိုရင် Home Button ကို မလွှတ်ပဲ ပါဝါ ခလုတ်ကိုတော့လွှတ်လိုက်ပြီး ၁၅ စက္ကန့် ထပ်နှိပ်ထားပါ ... အဲဒါတွေ ပြည့်စုံပြီဆိုရင်တော့ Phone က DFU Mode ကို အလိုလို ရောက်ရှိသွား ပြီး Jailbreaking ကိုအလိုလို လုပ်ဆောင်နေပါလိမ့်မယ်...
  •  


Step-6: DFU Mode ထဲကိုရောက်ရှိသွားပြီဆိုရင်တော့ RedSn0w က Jailbreak ပြုလုပ်ဖို့အတွက်ကို ပြင်ဆင်ပြီးဆက်လက် လုပ်ဆောင်ပါလိမ့်မယ် .. အားလုံးပြီးသွားရင် "Install Cydia" ဆိုတာကို Check ပြု လုပ်ပေးပြီး Next ပြုလုပ်ပါ .. အဲဒါဆိုရင် ဖုန်းက Jailbreaking ကိုစတင်လုပ်ဆောင်ပါပြီ ... အားလုံးပြီးရင် တော့ ဖုန်းက Reboot ပြုလုပ်ပြီး Jailbreak ပြုလုပ်ပြီးအဆင့်ကို ရောက်ရှိပါပြီ ..

0 ဝေဖန်ချက်များ:

Post a Comment