Friday, February 24, 2012

UMTS Mobile စနစ်ဆိုတာ ...

WRITTEN BY MOHPHA

ကျနော်တို့ လက်ရှိအချိန်မှာ ၅ထောင်တန် SIM Card ဂယက်က နိုင်ငံတ၀န်းကို တော်တော်လေး ရိုက်ခတ် နေပါတယ် .. ၅ထောင်တန် SIM Card ကိုရောင်းချမဲ့ ရွှေပြည်တံခွန် က UMTS စနစ်နဲ့ Mobile Phone System ကိုအသုံးပြုပါမယ် ဆိုတဲ့ အတွက် UMTS ဆိုတာဘာလဲဆိုတာ နည်းနည်းလေ့လာကြည့် မိပါ တယ် .. UMTS စနစ်ကို အောက်ပါအတိုင်း အပိုင်း ၆ခုနဲ့ခွဲပြီး ရှင်းပြထားတာကို သွားတွေ့မိပါတယ် ..

နားလည်မိသလောက်ရေးသားထားခြင်းသာဖြစ်ပါတယ် ...

Figure 1. UMTS Wireless Network Infrastructure

3G System ဆိုတာ Global Mobility ဆိုတဲ့ ကျယ်ပြန်တဲ့ Mobile နည်းပညာတစ်ခုဖြစ်ပါပြီး Telephone, Paging, Messaging, Internet နဲ့ Broadband Data တွေကို အထောက်အပံ့ပေးပါတယ် .. International Telecommunication Union (ITU) က ဒီ Mobile တတိယမြောက်မျိုးဆက်ကို စတင်ပြီး အသိအမှတ်ပြုခဲ့တာ ဖြစ်ပါတယ် .. Europe Telecommunications Standards Institute (ETSI) ကတော့ UMTS Standard ကို ကိုယ်စားပြုတယ်လို့ဆိုပါတယ် .. ၁၉၉၈ မှာ Third Generation Partnership Project (3GPP) မှနေပြီး 3G ဖြစ်လာအောင် အစပြုခဲ့တယ်လို့ပြောလို့ရပါတယ် ..

2. UMTS Services

UMTS ဆိုတာ Universal Mobile Telecommunication System လို့ အရှည်အဓိပ္မါယ်ရပါတယ် .. Telephone, SMS, MMS, Data Services တွေကို တာဝါအမြင့်တွေ မလိုအပ်ပဲ Access Points တစ်ခုနဲ့ တစ်ခုကြားမှာ ပေးပို့ပေးနိုင်သလို Satellite အသုံးပြုပြီး ကျေးလက်ဒေသ တွေအထိပါ အသုံး ပြုနိုင်ပါတယ်ပါတယ် .. Point-to-Point သို့မဟုတ် Point-to-Multipoint ဆက်သွယ်ရေးစ နစ်ကို အသုံးပြုထားပါတယ် .. အသုံးပြုထားတဲ့ Bearer Services တွေမှာတော့ ကွဲပြားခြားနားတဲ့ QoS Parameters တွေရှိပါတယ် .. အောက်ပါအတိုင်း အချက်အလက်လွှဲပြောင်းမှု အမြန်နှုန်းအဆင့်တွေကို တော့ ခွဲခြားထားပါတယ် ..
  •  Satellite နဲ့ Rural Outdoor အတွက် 144 kbits/s
  • Urban Outdoor အတွက် 384 kbits/s
  • Indoor နဲ့ Low Range Outdoor အတွက် 2048 kbits/s တို့ဆိုပြီး နေရာအလိုက် အသုံးပြုပုံ စနစ် အလိုက် အချက်အလက်ပေးပို့နှုန်းကို စံသတ်မှတ်ထားပါတယ် ..

ဒါ့အပြင် UMTS Network ပိုင်းမှာ ကွဲပြားခြားနားတဲ့ QoS Class လေးခုရှိပါတယ် ..
  1. Conbersational Class (Voice, Video, Telephoney, Video Gaming)
  2. Streaming Class (Multimedia, Video on Demand, Webcasting)
  3. Interactive Class (Web Browsing, Network Gaming, Database Access)
  4. Background Class (e-mail, SMS, Downloading)
တို့ဖြစ်ပါတယ် ..



3. UMTS Architecture

UMTS Network တစ်ခုမှာ တကယ်အလုပ်လုပ်ဆောင်ရတဲ့ အပိုင်းသုံးခုရှိပါတယ် .. Core Network (CN), UMTS Terrestrial Radio Access Network (UTRAN) နဲ့ User Equipment (UE) ဆိုတဲ့ အပိုင်းတွေ ဖြစ်ပါတယ် .. Core Network ရဲ့ အဓိက လုပ်ဆောင်ချက်တွေကတော့ Switching, Routing နဲ့ User Traffic ကျပ်တည်းမှုတွေကို Transit ပြုလုပ်ပေးဖို့ဖြစ်ပါတယ် .. CN မှာ Database တွေနဲ့ Network တစ်ခု လုံးကို ထိန်းချုပ်မဲ့ လုပ်ဆောင်ချက်တွေရှိနေရပါမယ် ... UMTS ရဲ့ အခြေခံ Core Network ဆိုတာ GPRS ရဲ့ GSM Network ကို အခြေခံထားတာဖြစ်ပါတယ် .. UTRAN ကတော့ User Equipment (UE) တွေ အတွက် Air Interface ကနေ ဖုန်းနဲ့ သတင်းအချက်အလက်တွေကို လက်ခံပေးဖို့အတွက် လိုအပ်တဲ့ Radio Frequency တွေကို ထုတ်လွှင့်ပေးပါတယ် .. Radio တွေထုတ်လွှင့်ပေးတဲ့ Base Station (BS) နဲ့ ထိန်းချုပ်တဲ့ စက်ကိရိယာ တွေကိုတော့ Radio Network Controller (RNC) လို့ခေါ်ဆိုပါတယ် .. UMTS စနစ်ကို ဘယ်လို ဧရိယာတွေခွဲခြားသတ်မှတ်ပြီး အလုပ်လုပ်ဆောင်လဲဆိုတာ ကို အောက်မှာ ဖော်ပြပေး ထားပါတယ် ..
  1. UMTS System (Including Satellite)
  2. Public Land Mobile Network (PLMN)
  3. MSC/VLR or SGSN
  4. Location Area
  5. Routing Area (PS Domain)
  6. UTRAN Registration Area (PS Domain)
  7. Cell
  8. Sub Cell တို့ဆိုပြီး UMTS ရဲ့ လုပ်ဆောင်မှု ဧရိယာတွေကို ခွဲခြားထားပါတယ် ..
4. Core Network
Core Network မှာတော့ Circuit Switched နဲ့ Packet Switched ဆိုပြီးနှစ်ခုခွဲခြားထားပါတယ် .. Circuit Switched အပိုင်းမှာတော့ Mobile Services Switching Centre (MSC), Visitor Location Register (VLR) နဲ့ Gateway MSC တို့ဖြစ်ပါတယ် .. Packet Switched အပိုင်းမှာတော့ Serving GPRS Support Node (SGSN) နဲ့ Gateway GPRS Support Node (GGSN) တို့ဖြစ်ပါတယ် .. တစ်ချို့ Network Elements တွေဖြစ်တဲ့ EIR, HLR, VLR နဲ့ AUC တို့ကတော့ Circuit Switched မှာရော Packet Switched မှာပါခွဲဝေ သုံးစွဲကြပါတယ် .. Asynchronous Transfer Mode (ATM) ကနေပြီး UMTS Core Transmission အတွက် ခွဲခြားထားပါတယ် .. ATM Adaptation Layer Type 2 (AAL2) ကတော့ Circuit Switched ဆက်သွယ်မှုတွေကို ထိန်းချုပ်ဖို့နဲ့ Packet Switched Connection အတွက် AAL5 ကတော့ ဒေတာတွေကို လွှဲပြောင်းနိုင်ဖို့အတွက်ဖြစ်ပါတယ် .. ဒါပေမဲ့ Core Network တည်ဆောက်ပုံဟာ လုပ်ဆောင်မှု အသစ်တွေနဲ့ နည်းပညာ အသစ်တွေထပ်မံပေါ်ပေါက်လာရင်တော့ ပြောင်းလဲနိုင်ပါတယ် ..

ဆက်လက်ရေးသားပါမည် ..

0 ဝေဖန်ချက်များ:

Post a Comment