Saturday, February 25, 2012

Windows 7 မှာ Telnet ကို CMD ကနေ ဖွင့်ကြည့်မယ် ...


Windows 7 အသုံးပြုနေတဲ့သူတွေ အတွက် Telnet သည် Windows 7 မှာ Auto Install ပြုလုပ်ပြီးသား ပါမလာ ပါဘူး ... ဒါပေမဲ့ သူ့ Feature ကတော့ Windows 7 ထဲမှာ ပါဝင်ပြီးဖြစ်ပေမဲ့ လုံခြုံရေးအတွက် ပိတ် ထားခြင်း ဖြစ် ပါတယ် .. Telnet ကို Windows 7 ထဲက Programs and Features ထဲမှာ ၀င်ရောက်ပြီး Turn Windows features on or off ထဲမှာ ၀င်ရောက်ရှာဖွေပြီး Manual နည်းလမ်းနဲ့ ဖွင့်ပေးနိုင်သလို CMD ကနေပြီး command နဲ့လဲ ဖွင့်ပေးလို့ရပါတယ် ..

  • ပထမဆုံး Start ကနေပြီး Search Bar မှာ CMD လို့ ရိုက်ရှာလိုက်ပါ .. တွေ့ရင် Right Click နှိပ်ပြီး Run as Administrator ကိုနှိပ်ပေးပါ ..

  • Command Prompt ပေါ်လာခဲ့ရင် "dism /online /Enable-Feature /FeatureName:TelnetClient" ကို Command Prompt ထဲမှာ ရိုက်ပေးပါ .. The Operation Successfully လို့ပေါ်လာခဲ့ရင်တော့ Telnet Feature ကို Windows 7 မှာ အသုံးပြုနိုင်ပါပြီ ...
 
 
 
 



0 ဝေဖန်ချက်များ:

Post a Comment