Thursday, February 23, 2012

FIREWALL ဆိုသည်မှာ - အပိုင်း(၄)

WRITTEN BY MOHPHA

အရှေ့ပိုင်းတွေမှာ ကျနော် FIREWALL အကြောင်းကို Free Firewall အထိပြောခဲ့ပြီးပါပြီ .. အခုကျနော် ကျန်ရှိနေတဲ့ အကြောင်းတွေကို ဆက်လက်ပြောကြားသွားပါမယ် ..

Desktop Firewall
 Desktop Firewall ဆိုတာကတော့ ကွန်ပျူတာ တစ်လုံးထဲအတွက်ကိုပဲ ကာကွယ်မှု တွေပြုလုပ်ဖို့အတွက် ကွန်ပျူတာမှာရှိတဲ့ OS (Operating System) မှာထည့်သွင်း Install ပြုလုပ်ထားတဲ့ Firewall အမျိုးအစားပဲ ဖြစ်ပါတယ် .. မိမိကွန်ပျူတာမှာသာ Installed ပြုလုပ်ထားတဲ့အတွက် မိမိကွန်ပျူတာတစ်လုံးရဲ့ လုံခြုံရေးကို သာ ပြုလုပ်ပေးနိုင်မှာဖြစ်ပါတယ် .. Network တစ်ခုလုံးအတွက်တော့ ကာကွယ်မှု ပြုလုပ်ပေးနိုင် မှာ မဟုတ်ပါဘူး .. Personal Firewall အမျိုးအစားဖြစ်ပြီး Single Firewall လို့လဲ ခေါ်ဆို ပါတယ် .. မိမိ PC အပြင် Network တစ်ခုလုံးရဲ့လုံခြုံရေး ပြုလုပ်လိုတယ်ဆိုရင်တော့ Single Firewall ကို Network Firewall နဲ့တွဲဖက်အသုံးပြုရမှာဖြစ်ပါတယ် ...

နောက်တစ်ခုဖြစ်တဲ့ Software Firewall ကတော့ Server Based Operating System တွေမှာသာ အသုံး ပြုနိုင်တဲ့ Third Party Software Package တစ်ခုပဲဖြစ်ပါတယ် .. အလွန် လုံခြုံမှုပေးနိုင်တဲ့ စနစ်တစ်ခု ဖြစ် ပါတယ် .. Server မှာ Installation ပြုလုပ်ထားတဲ့အတွက် Server Based Workstation ရှိတဲ့ Network တစ်ခုလုံးကို လုံခြုံရေးကာကွယ်မှု ပေးနိုင်ပါတယ် .. ဒီ Software Firewall ကို Application Firewall အဖြစ် Web, Mail-Server တွေကိုပါ ကာကွယ်မှု ပြုလုပ်ပေးနိုင်ပါတယ် .. ဥပမာ .. ISA Server သည် Server Based Software Firewall တစ်ခုဖြစ်ပြီး Network Traffic တွေကိုပါသတ်မှတ် အသုံးပြုနိုင်ပါတယ် ..






Hardware Firewall တွေကတော့ များသောအားဖြင့် Network Router တွေနဲ့တွဲဖက်ပြီးပါဝင်တတ်ပါ တယ်.. အရင်တုန်းကတော့ Router တွေမှာ Built-In Firewall သီးသန့်မပါရှိခဲ့လို့ သီးသန့် Firewall Device တွေကို ၀ယ်ယူအသုံးပြုခဲ့ရပေမဲ့ အခုနောက်ပိုင်း Router တွေမှာတော့ Firewall တွေကိုပါ တွဲဖက် ထည့်သွင်းပေးလာပါတယ် .. Hardware Firewall တွေကို အရေအတွက်များပြားပြီး မတူညီတဲ့ Network Traffic တွေရဲ့လုံခြုံရေး အပိုင်းကို ထိန်းချုပ်ကိုင်တွယ်နိုင်အောင်ပြုလုပ်ထားတာဖြစ်ပါတယ် .. Hardware Firewall တွေကို Network တစ်ခုရဲ့ Boundary မှာထားလေ့ရှိပြီး .. Internet ကနေ မလိုအပ်တဲ့ မလုံခြုံ တဲ့ Traffic တွေကို ဖယ်ထုတ်ပေးပြီး သတ်မှတ်ထားတဲ့ Traffic Rules အတိုင်းပဲ Internal Network အထဲ ကိုဝင်ခွင့်ပေးပါတယ် ...

အပိုင်း-၅ ဆက်လက်ရေးသားပါမည်...

0 ဝေဖန်ချက်များ:

Post a Comment