Friday, February 24, 2012

အချိန်မှီ


တလောလေးက ရုံတင်သွား သော  In Time  ဆိုသည့် ရုပ်ရှင်ထဲ တွင်အချိန်ကို ငွေသဖွယ်သုံးကြ သည်ကိုတွေ့ရ၏။ အချိန်ကြောင့် အသက်တွေ သေကြရသည်ကို တွေ့ရ၏။ ဇာတ်လမ်းမှာ ဟာကွက် တွေရှိနေသော်လည်း စိတ်ကူး ကောင်းလှသည်။ အနာဂတ်တစ် ချိန်ဝယ် မျိုးရိုးဗီဇပညာ လွန်စွာ တိုးတက်လာခြင်းကြောင့် လူသား တို့သည် အသက် ၂၅ နှစ်အရွယ် ထက် မအိုမင်းကြတော့။ မွေးက တည်းကပါလာသော သက်တမ်း ကလည်း အသက် ၂၅ နှစ် အထိ သာဖြစ်သည်။ ခန္ဓာကိုယ်ထဲတွင် အချိန်နောက်ပြန်ရေတွက်သော နာရီတစ်ခါတည်း ပါလာသည်။ ထို နာရီမှ ကိန်းများအားလုံး သုညဖြစ် ပါက ခေါက်ခနဲအသက်ထွက်မည်။ သို့ရာတွင် ထိုနာရီကို အသက် ၂၅ နှစ်ထက်မက တိုးလာအောင် အချိန်တွေ ထပ်ထည့်လို့ရသည်။ ထိုခေတ်တွင် အချိန်သည် တကယ့် ကို ငွေကြေးသဖွယ် ဖြစ်နေ၏။ ကော်ဖီတစ်ခွက်လျှင် လေးမိနစ်၊ နိုက်ကလပ်တစ်ခါဝင်လျှင် ဆယ် ရက်၊ ကာဆီနိုတစ်ခါဝင်လျှင် နှစ်လ စသည်ဖြင့် မိမိ၏ လက်ရှိအချိန်တွေ ထဲက ယူသွား၏။ မိမိထံတွင် မွေး ကတည်းက ပါလာသော နာရီမှ အချိန်တွေလျော့သွား၏။အလုပ်လုပ် လျှင်လည်း ငွေမရ။ အချိန်သာရ၏။ မိမိထံတွင် မွေးကတည်းက ပါလာ သောနာရီတွင် အချိန်တွေ တိုးလာ ၏။ ထို့အတူပင် သူများထံက အချိန် တွေ ခိုးလို့လည်းရနိုင်၏။ သတိ လက်လွတ်ဖြစ်ပါက မိမိထံမှ အချိန် များလည်း အခိုးခံရနိုင်၏။ မိမိထံမှ အချိန်တွေ အကုန်ယူသွားပါက အသက်ပါ ဆုံးမည်။ ဖြစ်လာနိုင်သည် မဖြစ်လာနိုင်သည်အပထား၊ ဟာ ကွက်တွေကို ဘေးချိတ်၊ စိတ်ကူး ကောင်းသည်ကတော့သေချာသည်။

အချိန်ငွေ
သို့သော်….။ စဉ်းစားစရာ တစ်ခုရှိ၏။ အခုလည်းကျွန်တော်တို့ အနေဖြင့် အချိန်ကို အရောင်း အဝယ်လုပ်နေကြသည်ပင် မဟုတ် သလော။ ပြည်ထောင်စု ဝန်ကြီးများ သည် လစာ ကျပ်ငွေခြောက်သိန်း ရကြသည်ဟု ကြားဖူး၏။ လစာ ခြောက်သိန်းရသူတစ်ဦးအတွက် ကျပ်ငွေနှစ်သောင်းသည် တစ်နေ့စာ နှစ်ဆယ့်လေးနာရီတန်နေ၏။ တစ် နာရီလျှင် ကျပ်ငွေရှစ်ရာ့သုံးဆယ် ကျော်မျှတန်၏။ ထို့ကြောင့် ဘတ်စ ကားခ ကျပ်ငွေနှစ်ရာသည် သူတို့ အတွက် မိနစ် နှစ်ဆယ်ကျော်မျှ တန်နေ၏။ ဒသမကိန်းတွေ ပါနေသဖြင့် တွက်ရချက်ရအနည်းငယ်ခက်၏။ တွက်ရချက်ရ လွယ်အောင် ဆိုကြပါစို့ရဲ့ …။ တစ်နေ့လျှင် လုပ်အားခ နှစ်သောင်းလေးထောင် ကျပ် ရသူတစ်ဦးသည် သူ့အချိန် တစ်နာရီအတွက် ကျပ်တစ်ထောင် ရသည်ဆိုပါစို့။ လက်ရှိအခြေအနေအရ တစ် နေ့လျှင် လုပ်အားခ နှစ်သောင်း လေးထောင်ကျပ်၊ တစ်လလျှင် ကျပ်ငွေ ခုနစ်သိန်းနှစ်သောင်း လစာ ရသူရှားသည်ကို အားလုံးအသိပင် ဖြစ်ပါလိမ့်မည်။ သို့သော် ထိုသူ့အတွက် လက် ဖက်ရည်တစ်ခွက်၏ တန်ဖိုး သုံးရာ ကျပ်သည် သူ့အချိန် ဆယ့်ရှစ် မိနစ်နှင့်ညီမျှလေ၏။ လက်ဖက်ရည် တစ်ခွက်ကို ဆယ့်ရှစ်မိနစ်ပေး၍ ဝယ်သောက်နေရခြင်းပင်ဖြစ်၏။ ဘတ်စကားခနှစ်ရာကျပ်သည် သူ့ အတွက် ဆယ့်နှစ် မိနစ်မျှတန်နေ၏။ ကျွန်တော်သည် စီးပွားရေး ပညာရှင်တစ်ဦးမဟုတ်သဖြင့် သာ မန်လူပြိန်းတွေး တွေးကြည့်နေခြင်းမျှ သာဖြစ်သော်ငြား ခေတ်သစ်ရူပဗေဒ တွင် စတုတ္ထအတိုင်းအတာကို ‘အာကာသအချိန်(space time)’ ဟု သတ်မှတ်ခေါ်ဝေါ်သည့် နည်း တူ ယခု ညီမျှခြင်းချ၍ရသော အချိန် နှင့် ငွေဆက်သွယ်နေမှုကိုလည်း ‘အချိန်ငွေ(time money)’ဟု သတ်မှတ်ခေါ်ဝေါ် ကြည့်ကြပါစို့။


ပြောင်းပြန်အချိုး
လစာ ခုနစ်သိန်းနှစ်သောင်း ကျပ် ရသူတစ်ဦးအတွက်ပင်လျှင် လက်ဖက်ရည်တစ်ခွက်သည် ဆယ့် ရှစ်မိနစ်မျှတန်နေသည်ဆိုလျှင် သူ့ထက်လစာ ဆယ်ဆနည်းသော သူအတွက်ဆိုပါက ‘အချိန်ငွေ’ မိနစ် တစ်ရာ့ရှစ်ဆယ်တန်နေပေပြီ။ မိနစ် တစ်ရာ့ရှစ်ဆယ်ဆိုသည်မှာ သုံးနာရီ ဖြစ်၏။ လက်ဖက်ရည် တစ်ငုံမျှ သည်ပင် တစ်နာရီတန်နေပြီ။ ဝင်ငွေ နှင့် ‘အချိန်ငွေ’သည် ပြောင်းပြန် အချိုးကျနေ၏။ ဗြိတိန်ရှိ ဝါးဝစ်ခ် တက္ကသိုလ်မှ စီးပွားရေးပညာရှင် ဒေါက်တာ အိုင် ယန်ဝေါ့ကာကမူ လူတိုင်း၏ တစ်နေ့တာ အသားတင်ဝင်ငွေအတွက် ညီမျှခြင်းတစ်ခု ချပြခဲ့ဖူးသည်။ ယင်းညီမျှခြင်းမှာ V=W(100-t/100)/C ဟူ၍ဖြစ်၏။ V မှာ အချိန်၏တန်ဖိုး၊ Wမှာ တစ်နာရီ ဝင်ငွေ၊ t မှာ နေ့စဉ်အခွန်နှုန်းထား နှင့် C မှာ နေ့စဉ်စားသောက်နေ ထိုင်မှုအတွက် နာရီအလိုက်ကုန်ကျ စရိတ်ဖြစ်သည်။ ထိုညီမျှခြင်းနှင့် တွက်ချက်ပါက တစ်လလျှင် စတာ လင်ပေါင် ၇၂ဝဝ ရသည့် ဗြိတိန်နိုင်ငံ နျူးကက်စတယ်လ်ပြည်နယ်ရှိ အ ရောင်းသမားတစ်ဦးသည် တစ်နာရီ လျှင်ဝင်ငွေ ၁ဝ ပေါင်( W)၊ သူ၏ အခွန်နှုန်းထား ၃၂ ရာခိုင်နှုန်း(t)၊ နာရီအလိုက်ကုန်ကျစရိတ် ၁ ပေါင် (ဃ) ဖြစ်သဖြင့် တစ်နေ့တာအသား တင်ဝင်ငွေမှာ တစ်နာရီလျှင် ၆.၈ဝ ပေါင်ရရှိကြောင်း သိရသည်။တစ်နေ့တာအတွက် အသား တင်ဝင်ငွေ ကျန်ရစ်လေအောင် ချင့်ချိန် သုံးစွဲကြရမည်။ မခိုးမနေနိုင်၍ ခိုးနေသူတို့ကို အသာထား …ဝင်ငွေ ထွက်ငွေ မမျှတမလောက်ငခြင်းသည် အကျင့် ပျက်ခြ စားခြင်း၏အခြေခံအကြောင်း တရားဖြစ်၏။ လွန်ခဲ့သော နှစ်လေးဆယ်နီး ပါးက ကျွန်တော့်ဖခင်ကြီး လစာ ၇၂ဝ ကျပ် ရစဉ်ကမူ လက်ဖက်ရည် တစ်ခွက်သည် တစ်မတ် သာဖြစ်၏။ ‘အချိန်ငွေ’ဖြင့် ပြန်တွက်သော် ဒါလည်း ဆယ့်ငါးမိနစ် တန်နေ သည်ပင်။ ကြေးအိုးတစ်ခွက်လျှင် နှစ်ကျပ်ခွဲဖြစ်သဖြင့် ‘အချိန်ငွေ’ နှစ်နာရီခွဲ၊ ဒံပေါက်တစ်ပွဲလျှင် လေးကျပ်သာဖြစ်သဖြင့် ‘အချိန်ငွေ’ လေးနာရီသာဖြစ်၏။ သို့ရာတွင် ‘အချိန်ငွေ’သည် ကျွန်တော်စိတ်ကူးယဉ်ကြည့်ခြင်းမျှ သာဖြစ်ပါသည်။ တကယ့် တန်ဖိုး စစ်စစ်မဟုတ်။ လိုရင်းကို ဆက်ရ သော် …

အချိန်သူခိုး
ကျွန်တော်တို့သည် မိမိတို့၏ အတတ်ပညာအသီးသီးအရ လုပ်အားနှင့် အချိန်ကိုရင်း၍ အလုပ်လုပ် ကြခြင်းကြောင့် မိမိနှင့်ထိုက်သင့် သော လစာဝင်ငွေတွေ ရကြ၏။ လုပ်ငန်းရှင်များသည်လည်း ထို့အတူ ပင်ဖြစ်၏(သူတို့က ငွေပါရင်းရသေး သည်)။ ယင်းဝင်ငွေလစာများသည် ကျွန်တော်တို့ ကုန်ဆုံးလိုက်ရသော အချိန်နှင့်လုပ်အားတွေ ပင်ဖြစ်ကြ၏။ ထို့ကြောင့် ဝင်ငွေတစ်ခုခုရရန် လုပ် အားနှင့် အချိန်ကိုတော့ ပေးဆပ်ရ မည်။ လုပ်အားနှင့် အချိန်ကို မပေး ဆပ်ဘဲ ဝင်ငွေရသူသည် အခြား သူ၏ အချိန်ကို တစ်နည်းနည်းဖြင့် ခိုးယူမှသာလျှင်ဖြစ်နိုင်မည်။ ခေါင်းပုံ ဖြတ်ယူမှသာရနိုင်မည်။ ဥပမာ ဆိုရသော် ညစောင့် တစ်ယောက်သည် တစ်ညစာသူ့ အချိန်နှင့် နိုးနိုးကြားကြား ရှိခြင်း တည်းဟူသော သူ့လုပ်အားကို အရင်းပြုပြီး ညစောင့်ကြေးကိုရ ယူခြင်းဖြစ်၏။ ညဘက်တွင် နိုးနိုး ကြားကြားမစောင့်ဘဲ အိပ်နေကာ ညစောင့်ကြေးကိုရယူသည် ဆိုပါက အလုပ်မလုပ်ဘဲ လုပ်အားခယူခြင်း ဖြစ်သဖြင့် အချောင်သမားသာလျှင် ဖြစ်တော့၏။ လာဘ်ယူသူတို့သည် လည်းဘာမှမလုပ်ဘဲဝင်ငွေရကြ၏။ ရုံးတွင် အလုပ်လုပ် သယောင်ယောင် နှင့် တကယ်တမ်းဘာမှမလုပ်ဘဲ အချိန်တန်လခထုတ်နေသူများသည် လည်း ထို့အတူပင်။ သူ အချောင်ခိုလိုက်သဖြင့် သူလုပ်ရမည့် အလုပ်ကိုပါ အခြားသူ တို့က လုပ်ပေးလိုက်ရာရောက်လေ ရကား သူသည် တစ်ပါးသူ၏ လုပ် အားကို ခေါင်းပုံဖြတ်ယူခြင်းပင် မဟုတ်သလော။ တစ်ပါးသူ၏အချိန် ကို အချောင်နှိုက်ခြင်းပင်မဟုတ်လေ သလော။ ထိုသို့သောသူမျိုးများ လေလေ ကျွန်တော်တို့အချိန်တွေ မလောက်လေလေပင်ဖြစ်နေလိမ့်မည်။ သင်းတို့ကြောင့် သက်ဆိုင်ရာ လုပ်ငန်းတိုးတက်သင့်သလောက် မ တိုးတက်တော့။ လုပ်ငန်းများမတိုး တက်လျှင် တိုင်းပြည်တိုးတက်မှု နောက်ကျနှေးကွေးနေပေလိမ့်မည်။ ထို့ကြောင့် အလုပ်မလုပ်ဘဲ လုပ်ခ ယူနေကြသည့် အကျင့်တန်လှသော ခေါင်းပုံဖြတ် အချောင်သမားတွေ ပပျောက်ဖို့ လိုသည်။

အချိန်မီ
စာရှုသူ မိတ်ဆွေ လစာဝင် ငွေဘယ်လောက်ရသည်ကို ကျွန် တော်မသိ။ အသက်မည်မျှရှိနေပြီကို လည်း ကျွန်တော်မသိ။ တစ်နေ့ လျှင် ဘယ်နှနာရီမျှ မိသားစုနှင့် အတူနေရသည်ကိုလည်း ကျွန် တော်မသိ။ ခင်ဗျားအနေဖြင့် လူ့ ဘဝဝယ် နောက်ထပ်ဘယ်လောက် နေရဦးမည်ဆိုသည်ကိုကား ဝေးပါ သေးရဲ့။ လစာ ခုနစ် သောင်းနှစ်ထောင် ကျပ်ရသူတစ်ဦးအတွက် ဘတ်စ ကားခ နှစ်ရာကျပ်သည် ‘အချိန်ငွေ’ နှစ်နာရီ၊ လက်ဖက်ရည်တစ်ခွက် သည် ‘အချိန်ငွေ’သုံးနာရီ၊ ဒံ ပေါက်တစ်ပွဲသည် ‘အချိန်ငွေ’ ဆယ့်ငါးနာရီစသည်ဖြင့် ညီမျှနေ သည်ကတော့ တစ်နေ့လျှင်နှစ်ဆယ့် လေးနာရီဟု သတ်မှတ်ထားကြ သည့် လောကဝယ် နည်းသည် များသည်ဟု ဆိုနိုင် မဆိုနိုင်ကိုလည်း ကျွန်တော်မသိ။ မိနစ်သုံးဆယ် တစ်နာရီ၊ ၄၈ နာရီတစ်ရက်ဟု အဘယ်ကြောင့်မသတ်မှတ်ခဲ့ကြ သနည်း ဆိုသည်ကိုလည်း ကျွန် တော်မသိပါ။

ကျွန်တော်သိသည်ကတော့ အထက်တွင်ပြောခဲ့သည့် အချိန် သူခိုးများကို အချိန်မီ အပြတ်ရှင်း နိုင်မှဖြစ်မည်ဆိုခြင်းပင်။ အူမ တောင့်လျှင်တော့ သီလစောင့်ကြ သင့်သည်။ အရိုးစွဲနေသည့် အကျင့် ဆိုးများသည်ျနခသညိ့ ဘေဘငအ ဟု ခေါ်သည့် ပဝတ္ထိအကျင့်တွေများ ဖြစ်နေကြပြီလား။ ဗိုလ်ချုပ်အောင် ဆန်း တစ်ချိန်က ပြောခဲ့ဖူးသော ‘သောက်ကျင့်’တွေကို ပြင်ကြရ မည်။ ခေတ်သစ်ကို စိတ်အသစ်ဖြင့် သာ ဖြတ်သန်း၍ ရနိုင်ကောင်းသည်။ စိတ်အဟောင်းတွေကိုခေတ်ဟောင်း မှာသာ ထားရစ်ခဲ့ကြပါတော့။ ခေတ်အသစ်တွင် လူတိုင်း၏ ထင်မြင်ယူဆချက်တွေသည် တိုင်း ပြည် တည်ဆောက်ရေးအတွက် တစ်ထောင့်တစ်နေရာမှ အရေးပါ သည်ချည်းဖြစ်၏။ လူတိုင်းသည် နိုင်ငံတော်ဟူသော ယန္တရားကြီး မှန်မှန် လည်ပတ်စေရေးအတွက် စက်အစိတ်အပိုင်းတွေ ဖြစ်သည်။ ခင်ဗျားရော ဘယ်လိုထင်မိပါ သလဲမိတ်ဆွေ….
အချိန်မီပါသေးသည်။

0 ဝေဖန်ချက်များ:

Post a Comment