Tuesday, February 21, 2012

Data တွေ Hard Disk ထဲမှာ ဘယ်လိုသိမ်းဆည်းသလဲ ....

WRITTEN BY MOHPHA

ကျနော်တို့ ကွန်ပျူတာ အသုံးပြုသူတွေဟာ Hard Disk ဆိုတာကို ဒေတာ တွေ သိမ်းဆည်း ထားဖို့ အတွက် အသုံး ပြုမှန်း သိကြပါတယ် .. ဒါပေမဲ့ Hard Disk ထဲမှာ ဒေတာတွေကို ဘယ်လို ပုံစံမျိုးနဲ့ သိမ်းဆည်း ထား သလဲ ဆိုတာကိုတော့ သိကြမှာ မဟုတ်ပါဘူး ... ဒေတာတွေကို ပုံစံ နှစ်ခုဖြစ်တဲ့ 0 နဲ့ 1 Digit တွေ နဲ့ပဲ Hard Disk ထဲမှာ သိမ်းဆည်းပါတယ် ... Hard Disk ထဲမှာ အဓိကကျတာကတော့ Platter လို့ ခေါ်တဲ့ ပလိပ်ပြားလေးတွေပေါ်မှာ သိမ်းဆည်းပါတယ် .. Platter ဆိုတာ ဘာနဲ့ တူသလဲဆိုရင် ကျနော်တို့ ရှေးခေတ်က ဓာတ်ပြားပုံစံ နဲ့တူပါတယ် ... သံလိုက်မဟုတ်တဲ့ သတ္တုတစ်ခုနဲ့ ပြုလုပ်ထားတာဖြစ်ပါတယ် .. ယေဘုယျအားဖြင့် Aluminum Alloy, Glass သို့မဟုတ် Ceramic တို့နဲ့ layer အပါး 10-20nm နဲ့ ဖုံးအုပ် ထားတာဖြစ်ပါတယ် ....

How data is stored on hard disk
Platters

ဒေတာတွေ သိမ်းဆည်းတဲ့နေရာမှာတော့ Hard Disk သည် သံလိုက်စက်ကွင်း ပုံစံကို အသုံးပြုပြီး သိမ်းဆည်းတာ ဖြစ်ပါတယ် ... Platter ပေါ်မှာရှိတဲ့ သေးငယ်တဲ့ သံလိုက်စက်ဝန်း ဧရိယာ တွေပေါ်မှာ Digital နည်းကျကျသိမ်းဆည်းတာဖြစ်ပါတယ် .. ဧရိယာ တစ်ခုချင်းဟာ Bit တစ်ခုချင်းစီကို ကိုယ်စားပြုပါ တယ် .. Platter တွေမှာ N-S (North Pole) နဲ့ (South Pole) ဆိုပြီးတော့ ခွဲခြား အလုပ်လုပ်တာ ဖြစ်ပါတယ် ..  North Pole သည် South Pole မတိုင်ခင် ရောက်ရှိတာကို N-S လို့ခေါ်ဆိုပြီး South Pole သည် North Pole မတိုင်ခင်ရောက်ရှိတာကို S-N လို့ သတ်မှတ်ပါတယ် ... N-S သည် bit '1' ကို ကိုယ်စားပြုပြီး S-N သည် '0' ကို ကိုယ်စားပြုပါတယ် .. ဒီ Polarity နှစ်ခုသည် Hard Disk မှာ Built In ပါ ၀င်တဲ့ Integrated Controllers တွေက Sense ပြုလုပ်ပါတယ် ...
 
ကိုးကား .. http://www.engineersgarage.com

0 ဝေဖန်ချက်များ:

Post a Comment