Sunday, February 19, 2012

15 သိန်း GSM သုံးစွဲသူများ လက်ရှိ Post Paid မှ Prepaid စနစ်ဖြင့် ပြောင်းလဲတော့မည် ..

GSM တယ်လီဖုန်းများ Post Paid မှ Prepaid (ငွေဖြည့်ကဒ်) စနစ်သို့ပြောင်းလဲ အသုံးပြုလိုသူများသည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပေးပို့ထားသည့် SMS မှ YES ကိုနှိပ်ပြီး လည်းကောင်း၊ နံပါတ် ၁၈၈၁၂ သို့ YES ဟုတိုက်ရိုက်ပေးပို့ပြီး လည်းကောင်း ဧပြီလ ၁၅ ရက် ညနေ ၄နာရီအတွင်း အကြောင်း ပြန်ကြားပေးရ မည်ဟု မြန်မာ့ဆက်သွယ်ရေးမှ နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာတွင် ၁၈-၂-၂၀၁၂ နေ့တွင် ထုတ်ပြန် ကြေငြာထားသည် ..

Prepaid စနစ်သို့ပြောင်းလဲရန် အဆိုပြုထားသည့် GSM Mobile Phone များကို သက်ဆိုင်ရာ GSM Exchange နယ်မြေအလိုက် မတ်လ ၁ ရက်နေ့တွင် 09-20, 09-21, 09-22, 09-23, 09-24, 09-55 နှင့်စသော နံပါတ်များအား လည်းကောင်း၊ မေလ ၁ ရက်နေ့မှ စတင်ပြီး ကျန်ရှိသည့် 09-50, 09-51, 09-54 အစရှိသည့် နံပါတ်များအား လည်းကောင်း Prepaid စနစ်သို့ အဆင့်ဆင့် ပြောင်းလဲဝန်ဆောင်မှုပေး တော့မည်ဖြစ်သည် .. ထိုသို့ပြောင်းလဲရာတွင် GSM သုံးစွဲသူများ၏ ဖုန်းများ အကြောင်းကြောင်း အမျိုးမျိုး ကြောင့် ဆက်သွယ်မှု မပြတ်တောက်စေရေး အတွက် ငွေကျပ် ၁၀၀၀ ကြိုတင်ဖြည့်တင်းပေးထားမည်ဖြစ်ပြီး ယင်းအထဲမှ မိမိပြောဆိုသည့် မိနစ်အတိုင်း ကျသင့်သွားမည် ဖြစ်သည် ..

Prepaid စနစ်သို့ပြောင်းလဲဝန်ဆောင်မှု ရယူသည့် GSM များအနေဖြင့် မိမိနောက်ဆုံး Post Paid အဖြစ် သုံးစွဲစဉ် ကာလအထိ ခေါ်ဆိုထားသော တယ်လီဖုန်းခေါ်ဆိုခများကို ယခင်စနစ်အတိုင်း ပေးချေရန် လိုအပ် ကြောင်း၊ ကြိုတင်ငွေပေးသွင်းထားသော GSM များသည် Prepaid စနစ် အဖြစ် ပြောင်းလဲဝန်ဆောင်မှု စတင် အသုံးပြုသည့်နေ့အထိ ပိုငွေရှိပါက Prepaid စနစ်သို့ ထည့်သွင်းပေးမည်ဖြစ်ကြောင်း၊ အသေးစိတ် သိလိုပါက ဖုန်း-၁၈၇၆ (Call Center) သို့ မေးမြန်းနိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်း ထုတ်ပြန်ထားသည် ....

ကိုးကား .. မြန်မာ့အလင်း

0 ဝေဖန်ချက်များ:

Post a Comment